2022

စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကြောင့် တွေ့ဆုံဆွေးနွေးရေး ပိုမို ခက်ခဲစေနိုင်တယ်လို့ PPST ပြော

ရန်ကုန် ၊ ဇူလိုင် (၂၇) ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် နိုင်ငံရေးအကြပ်အတည်း ဖြေရှင်းရေးမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ ပိုမိုခက်ခဲစေနိုင်တယ်လို့ အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က သံလွင်တိုင်းမ်ကို ပြောပါတယ်။အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီးလို့…

ကျောက်ကြီးမြို့နယ် ကူးတို့ဆိပ်တွေမှာ စစ်ကောင်စီ မိုင်းထောင်းထားတာကြောင့် ဒေသခံတွေ စိုးရိမ်နေရ

ကျောက်ကြီး ၊ ဇူလိုင် (၂၇) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်ထဲက ကူးတို့ဆိပ်တွေမှာ စစ်ကောင်စီတပ်က မိုင်းထောင်းထားတာကြောင့် မသွားရဲမလာရဲကြတော့ဘဲ မြေမြှုပ်မိုင်းအန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က ကျောက်ကြီးမြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု အင်းပရိကူးတို့ဆိပ်မှာ အသက်(၃၈)နှစ်အရွယ်ရှိ ကျေးရွာနေပြည်သူတစ်ဦးဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းကို…

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း နေအိမ်၊အဆောက်အအုံ ၂၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

မော်လမြိုင် ၊ ဇူလိုင်(၂၇) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ဒီနှစ် ဇူလိုင် လ(၁၅) ရက်နေ့အထိ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်၊အဆောက်အအုံ ၂၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။ISP Myanmar ကတော့ နေအိမ်နဲ့အဆောက်အအုံတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာ၊…

လောင်းလုံးမှာ PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃ ဦး ဖမ်းဆီးခံရ

လောင်းလုံး ၊ ဇူလိုင်(၂၇) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာဒေသခံ ၃ ဦးကို စစ်ကောင်စီက PDF အဖွဲ့တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဇူလိုင်လ (၂၆) ရက်နေ့ မနက် (၂) နာရီလောက်မှာ စစ်ကောာင်စီလက်အောက်ခံတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၀ လောက်ဟာ ကား ၄ စီးနဲ့ အောက်ရေဖြူကျေးရွာအတွင်း…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း တစ်ရက်တည်း ၂ ကြိမ် မိုင်းဆွဲခံရ

ကျိုက်ထို ၊ ဇူလိုင် (၂၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင် ၂၆ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ကို မောင်းနှင်းလာတဲ့ ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဇူလိုင် ၂၆ ရက်နေ့ မနက်၇ နာရီလောက်က…

အခက်အခဲတွေကြားထဲက ပြန်လည်ထွက်ပေါ်လာတဲ့ ပြည်ကြီးတံခွန်သပိတ်

မန္တလေး – ဇူလိုင်(၂၆) ဒီနေ့ဇူလိုင်လ(၂၆) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး အခက်အခဲတွေမျိုးစုံကြားထဲက စစ်အာဏာရှင်ကျရှုံးရေးသပိတ် ပြုလုပ်ခဲ့ ပါတယ်။ ဓာတ်ပုံ – CJ