2022

စစ်ကျွန်ပညာရေးအသက်သွင်းနေတဲ့ ဆရာ/ဆရာမတွေကို ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

စလင်း – ဇူလိုင်(၂၈) စစ်ကောင်စီလက်အောက်ခံ ကျောင်းမှာ စာသင်နေတဲ့ ဆရာ/ဆရာမ ရဲ့ ကျောင်းကို သွားရောက် သတိပေးပြီး နမူနာအဖြစ်ဆိုင်ကယ်(၅)စီးသိမ်းယူခဲ့တယ်လို့ စလင်း တောင်ပိုင်းတော်လှန် ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း စလင်းမြို့နယ် ပုသိမ်မုံရွာကားလမ်းအနောက်ခြမ်းက ကင်းပွန်းခြံနဲ့ ကျွဲဦးကျေးရွာ တွေက စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို သွားရောက် သတိ ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…

ရေးမြို့မ ရဲစခန်း ပစ်ခတ် တိုက်ခိုက်ခံရရေး

ဇူလိုင် (၂၈)မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးမြို့မရဲစခန်းဟာ ဇူလိုင် ၂၈ ရက်နေ့ ညနေ ၃ နာရီလောက်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီမြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။မြို့မရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၃ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့…

တော်လှန်ရေးရန်ပုံငွေအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေစတင်လုပ်ဆောင်နေ

ပခုက္ကူ – ဇူလိုင်(၂၈) မကွေးတိုင်း ပခုက္ကူမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ လက်နက်ဝယ်ယူရေးကဏ္ဍမှာ အဓိက အသုံးပြုဖို့အတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေစတင်လုပ်ဆောင်နေပြီလို့ ဇူလိုင်လ(၂၇) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေတွေမှာ စပါး၊ခရမ်းချဉ်၊ခရမ်းသီး၊ရုံးပတီသီး၊ ချဉ်ပေါင်ရွက်၊ကန်စွန်းရွက်၊ဘူးသီး၊ဖရုံသီးနဲ့ ငရုပ်သီးစတဲ့ သီနှံတွေကို စိုက်ပျိုးနေတာပါ။ “တော်လှန်ရေးကာလကလည်း ကြာလာတော့ လှူရ တန်းရတဲ့ ပြည်သူတွေကလည်း ပင်ပန်းလာ ပြီဆိုတော့တပ်ရဲ့ ရေရှည်ရပ်တည်ရေးအတွက် စပြီး စဉ်းစားတဲ့…

တိုက်ပေါ်က ခုန်ချခဲ့ကြတဲ့ (၄၄) လမ်းကိစ္စအတွက် အဓိကတာဝန်ရှိတဲ့ သတင်းပေးအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ရန်ကုန် – ဇူလိုင်(၂၈) ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာဖြစ်ခဲ့တဲ့ လူငယ်တွေတိုက်ပေါ်ကခုန်ချပြီး အဆုံးစီရင်ခဲ့ တဲ့ကိစ္စမှာ အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီသတင်းပေး ဗိုလ်တထောင်မြို့နယ်(၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ Inya Urban Force IUF ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၈) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင်မှာ ကုန်သည်လမ်းနဲ့ (၄၂) လမ်းထိပ် ဘိုကလေးစျေးရှေ့က လဖက်ရည်ဆိုင်မှာ…

ဒီမိုကရေစီလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့တဲ့စစ်တပ်ကို လုံခြုံရေးကောင်စီရှုတ်ချ

ရန်ကုန် – ဇူလိုင်(၂၈) မတရားဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့တာနဲ့ ပတ်သက် ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင်လ(၂၇) ရက်နေ့က ပြစ်တင်ရှုတ်ခခဲ့ပါတယ်။ စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လဲတောင်းဆိုခဲ့တာပါ။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်(၁၅) ဦးလုံးကအတည်ပြုထားတဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံ ရဲ့ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအမျိုးသားပြန်လည်သင့်မြတ်ရေးကိုတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့၊လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ပြည်သူတွ အကူအညီအပြည့်အဝရရှိစေဖို့…

ကိုဗစ်ကူးစက်မှုဖြစ်ရပ်အသစ်များ ပြန်လည်ထွက်ပေါ်လာခြင်းကြောင့် တရုတ်နိုင်ငံရှိ ဝူဟန်မြို့ရှိ ကဏ္ဍအားလုံးကို ၃ ရက်ကြာ ပိတ်ပင်ထားမည်

ဘေဂျင်း- ဇူလိုင် (၂၈) တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က လူတစ်သန်းနီးပါးရှိသော ခရိုင်တစ်ခုမှာ ကူးစက်မှုဖြစ်စဥ် အသစ်များ ထပ်မံ ပေါ်ထွက်လာခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အများသူငှာ သယ်ယူပို့ဆောင်ရေးအချို့ကို ခေတ္တပိတ်ထားခဲ့ရပါတယ်။ လူဦးရေ 900,000 ကျော်ရှိသော ဝူဟန်ရဲ့ ကျင့်ရှီရာ ခရိုင်အတွင်းရှိ မြို့ပြဧရိယာများကို ဗုဒ္ဓဟူးနေ့မှစပြီး သုံးရက်ကြာ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါကာလအတွင်း လူအများအပြားပါဝင်သော ပွဲတော်ကျင်းပခြင်း၊၊ ဆိုင်ထိုင်စားသောက်ခြင်း၊၊…