November 2022

ဒီးမော့ဆိုမြို့နယ်ကို တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ဒီးမော့ဆို ၊ နိုဝင်ဘာ (၁၉) နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ စစ်ကောင်စီ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်နက်ခဲယမ်းတွေပါဝင်တဲ့ စစ်ကားဆယ်စီးလောက်ဟာ လွိုင်ကော်ကနေ…

မော်လမြိုင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဝန်ထမ်းတွေ မလိုအင်ရင် အပြင်မထွက်ဖို့ စစ်ကောင်စီ ညွန်ကြား

မော်လမြိုင်၊ နိုဝင်ဘာ(၁၉) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် Non CDM ဝန်ထမ်းတွေအနေနဲ့ မလိုအပ်ရင် အပြင်မထွက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ညွန်ကြားထားတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်န့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF) တို့ကြား နှစ်ဖက်…

စစ်အာဏာသိမ်း (၆၅၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၁၉ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၉) AAPP ရဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၆)ရက်အတွင်း ပြည်သူ (၂၅၁၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၂၇၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၂၉၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်တဝန်းမှာ အာဏာသိမ်း ၂၂ လအတွင်း လျှပ်စစ်မီး ပိုမို ပြတ်တောက်လာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၉) မွန်ပြည်နယ်တဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၂လတာကာလအတွင်း လျှပ်စစ်မီး ပိုမို ပြတ်တောက်လာတဲ့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံပြည်သူတွေနဲ့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လျှပ်စစ်မီးဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်၊ကျေးရွာတွေအလိုက် ၃ နာရီခြား တခါအလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးရာကနေ လက်ရှိမှာတော့ လျှပ်စစ်မီးပေးချိန် မှန်ကန်မှု မရှိတော့သလို လျှပ်စစ်မီး…

ထားဝယ်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံ

ရထားဝယ်၊ နိုဝင်ဘာ (၁၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ဒေသခံပြည်သူ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံ လိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ထားဝယ်မြို့နယ် ကမြောကင်းတံတားမှာ ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် ၂ ဦးကို ဖမ်းဆီးခဲ့သလို ထားဝယ်ကိုလာတဲ့ ဦးစိုးသိန်းနဲ့ဇနီးဖြစ်သူတို့ကိုလည်း ပါလာတဲ့ကားနဲ့ ဖမ်းဆီးသွားခဲ့တာပါ။ ဒါ့အပြင်…

နိုင်ငံတကာဖိအားနဲ့ ရွေးကောက်ပွဲကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းသာဖြစ်

ရန်ကုန်၊ နိုဝင်ဘာ (၁၉) အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခြင်းဟာ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ ဖိအားပေးမှုနဲ့အတူ လာမယ့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ လူသားချင်းစာနာထောက် ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးက ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား စုစု…

ဘားအံမြို့နယ်မှာ BGF တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံး

ဘားအံ၊ နိုဝင်ဘာ (၁၉) ကရင်အမျိုးသားအစည်းအရုံး(KNU) ဘားအံမြို့နယ် မိကရင်ကျေးရွာထဲမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၂)ဦး သေဆုံးသွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့ ညနေ(၄)နာရီခွဲအချိန်ခန့်က နယ်ခြားစောင့်တပ် BGF (၁၀၁၁)တပ်ရင်း၊ တပ်ခွဲ(၂)တပ်ခွဲမှူး ဗိုလ်မောင်ငြိမ်းဦးဆောင်တဲ့အဖွဲ့ဟာ သံလွင်မြစ်တဖက်ကမ်းကနေ ကူးတို့ဖြင့်ကူးလာပြီး…

အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်လိုက်တာကြောင့် အမေရိကန် လွှတ်တော် နှစ်ခြမ်းကွဲ

ဝါရှင်တန်၊ နိုဝင်ဘာ (၁၈) ဒီမိုကရက်တစ်တွေထံက အမေရိကန် အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ဆုံး ၂ နှစ်တာ အုပ်ချုပ်ခွင့်ရမယ့် သမ္မတဘိုင်ဒန်ကို ဖြုတ်ချရေး ဥပဒေရေးဆွဲမှုကို ဒီဖြစ်ရပ်က အနည်းအကျဉ်း အထောက်အပံ့ပြုသလို လွှတ်တော်အတွင်းရှိ ဥပဒေအာဏာကလည်း နှစ်ခြမ်းကွဲသွားခဲ့ပြီဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်ဟာ အောက်လွှတ်တော်ကိုယ်စားလှယ် ၄၃၅ ဦးအနက် အနည်းဆုံး ၂၁၈ဦး အနိုင်ရထားပြီး အဲဒီ ကိန်းဂဏန်းကို…

မြောက်ကိုရီးယားက အမေရိကန်မဟာမိတ်တွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုပြီး ပဲ့ထိန်းဒုံး တွေပစ်လွှတ်

ပြုံယမ်း – နိုဝင်ဘာ(၁၈) အမေရိကန်ရဲ့ ဒေသတွင်းလုံခြုံရေးမြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်သတိပေးတဲ့အနေနဲ့ နိုဝင်ဘာလ(၁၇) ရက်နေ့က ပဲထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ရိုက်တာမှာဖော်ပြထာပါတယ်။ ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဝန်ဆန်ရဲ့ ကီလိုမီတာ (၂၄၀) အကွာကနေ တစ်နာရီကို (၄၇) ကီလိုမီတာ အမြန်နှုန်းနဲ့ မနက် (၁၁) နာရီဝန်းကျင်မှာ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။…