November 2022

ပွင့်ဖြူမှာ ရဲစခန်းလုံခြုံရေးကင်းစောင့်ဖို့ နေ့စားရဲ ခေါ်ယူနေ

ပွင့်ဖြူ – နိုဝင်ဘာ(၂၁) မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ရဲစခန်းလုံခြုံရေးကင်းစောင့်ဖို့အတွက် စစ်ကောင်စီထောက်ခံတဲ့သူတွေကို အခကြေးငွေပေးပြီး နေ့စားရဲ ခေါ်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ထဲ ဝင်တဲ့သူမရှိတော့သလို စစ်ကောင်စီကလဲ လုံခြုံရေး မပေးနိုင်တော့တဲ့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အလုပ်လက်မဲ့တွေကို စည်းရုံးပြီး နေ့စားရဲ ခေါ်နေရတာပါ။ “ကားတွေလာရင် တောင်းတဲ့ နေ့စားရှိတယ်၊ ညကင်းစောင့်ပေးရတဲ့ နေ့စား ရှိတယ်၊…

KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာနဲ့ ဆက်သွယ်မေးမြန်းချက်။

ကယားပြည်နယ်ထဲမှာ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပေးမှာ မဟုတ်သလို နိုင်ငံရေး ပါတီ တွေကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးအပ်သွားမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က တရားဝင် ထုတ်ဖော် ပြောဆို ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို KNPP အနေနဲ့…

လွိုင်ကော်ဒေသခံ ဆွံ့အသူတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခဲ့

လွိုင်ကော် – နိုဝင်ဘာ(၂၁) ကယားပြည်နယ် လွိုင်ကော်မြို့မှာ ရိက္ခာသွားပို့တဲ့ စစ်ကောင်စီ တပ်ကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အထိနာသွားတဲ့ စစ်ကောင်စီဟာ လွိုင်ကော် ဒေသခံ ဆွံ့အသူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တယ်လို့ KNDF က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့က လွိုင်ကော်မြို့ လောပိတ ဘီလူးချောင်းအနီးမှာ ရိက္ခာပို့နေတဲ့ စစ်ကြောင်းကို…

ကျိုက်မရောမြို့နယ်က တောင်ကလေး ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေ

ကျိုက်မရော၊နိုဝင်ဘာ ၂၁ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို ဒီကနေ့ နိုဝင်ဘာ (၂၁) ရက်နေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ နံနက်(၅)နာရီအချိန်မှာ တောင်ကလေး-ကျွန်းရွာ-မုဒုံ လမ်းမပေါ် တောင်ကလေးကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး…

အင်းစိန်ထောင်ဝန်ထမ်း(၃၀) နီးပါးထွက်ပြေး

ရန်ကုန် – နိုဝင်ဘာ(၂၀) ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၃၀) နီးပါးဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာ ထွက်ပြေးသွားကြတယ်လို့ အကျဉ်းထောင် ဝန်ထမ်း တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ သူတို့တွေဟာ ထွက်စာတင်ထားတဲ့သူတွေရှိသလို တချို့ကတော့ ကျောင်းတက်မယ်ဆိုပြီး အပြင် ထွက်သွားချိန်မှာ ပြန်မလာကြတော့တာဖြစ်တယ်လို့ သိရပါတယ်။ “ဝန်ထမ်းမိသားစုနဲ့ ရှေ့နေဝင်ထွက်အပေါက်ဘက်မှာ ထွက်ပြေးသွားသူတွေရဲ့ စာရင်းကပ်ထားတာ တွေ့တယ်။…

KNLA ပူးပေါင်းတပ်ဖွဲ့ သူတို့တပ်စခန်း လာပစ်ရင် လွတ်ရှမ်းရွာကို မီးရှိုးဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ် ခြိမ်းခြောက်

ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ (၂၀) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ လွတ်ရှမ်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်ပါက ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာမှာ ခြေကုတ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၅)ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းခဲ့ရာ…

ထားဝယ်အရှေ့တော တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံ

းထားဝယ်၊ နိုဝင်ဘာ (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်၊ ဝကုန်းကျေးရွာနဲ့သင်္ကန်တုန်းကျေးရွာအကြား ဘဲမတပ်တောင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ (၁၉) ရက်နေ့ မနက် (၉) နာရီလောက်မှာ ထားဝယ်ကနေ ကား (၄) စီးနဲ့ဝင်လာတဲ့ တပ်အင်အား (၈၀)…

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တတိယအကြိမ်ခရီးစဉ်ကလည်း မြန်မာ့အရေး ထူးခြားဖို့ မရှိနိုင်

ရန်ကုန်၊ နိုဝင်ဘာ (၂၀) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဝန်ကြီးပရက်ဆော့ခွန်းရဲ့ တတိယအကြိမ်ခရီးစဉ်ကလည်း မြန်မာ့အရေးအတွက် ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးပရက်ဆော့ခွန်းဟာ သူရဲ့ တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်တဲ့ မြန်မာပြည်ခရီးစဉ်ကို လာရောက်ဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့မှာ…

EAOs တပ်ဖွဲ့ဝင် (၄၀) ကျော်ကို စစ်ကောင်စီ ပြန်လွှတ်ပေးတာဟာ ကျဆင်းနေတဲ့ နိုင်ငံရေးသိက္ခာ အဖတ်ဆယ်ဖို့သာ ဖြစ်

ရန်ကုန်၊ နိုဝင်ဘာ (၂၀) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲက တပ်ဖွဲ့ဝင် (၄၀) ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားနဲ့အတူ ကျဆင်းနေတဲ့ နိုင်ငံရေးသိက္ခာ အဖတ်ဆယ်ဖို့သာ ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတွေနဲ့ EOAs တွေက ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့က ကျရောက်ခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့…