2016

AMDP ပါတီ(ဗဟို)မှ မွန်ပါတီများ စည်းလုံးညီညွတ်ရေးအတွက် မွန်(၂)ပါတီအား ကမ်းလှမ်းစာပေးပို့

မော်လမြိုင်၊ နိုဝင်ဘာလ ၈ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို)မှ မွန်အမျိုးသားများနှင့် မွန်ပါတီများစည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးပွဲများကျင်းပနိုင်ရန် မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသမီးပါတီ တို့၏ ဥက္ကဌများထံ လိပ်မူကာ နိုဝင်ဘာလ (၇) ရက်နေ့က ကမ်းလှမ်းစာတစ်စောင် ပေးပို့ခဲ့သည်။

လမိုင်းမြို့ကျန်းမာရေးလိုအပ်ချက်များအပါအဝင် အချက် ၈ ချက်အား ကိုယ်စားလှယ်များထံတင်ပြ

ရေး ၊ နိုဝင်ဘာ ၉ ရေးမြို့နယ်၊ လမိုင်းမြို့၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအပါအဝင် ဒေသအတွင်းလိုအပ်နေသည့်ကိစ္စရပ်များအား သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် လွှတ် တော်ကိုယ်စားလှယ်များ ကူညီဆောင်ရွက်ပေးရေး တင်ပြထားသည်ဟုဒေသခံများက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများဆောက်လုပ်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းပေါင်း ၄၆၀၀ ကျော်ကို ဆောက်လုပ်သွားရန် စီမံကိန်းရေးဆွဲပြီးနောက် အဆိုပါ အိမ်ရာ များအတွက် ကုမ္ပဏီများကိုတင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ သတင်းရရှိသည်။

မော်လမြိုင် ခိုးဝင်ဘင်္ဂါလီများကို ထောင်ဒဏ်ချမှတ်ပြီးနောက် လွတ်မြောက်လာပါက ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်မည်

မော်လမြိုင်၊နိုဝင်ဘာ ၁၀ မော်လမြိုင်မြို့ လှိုင်အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း)တွင် အောက်တိုဘာလ(၁၇) ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ခိုးဝင်ဘင်္ဂလီ (၁၂) ဦးကို အလုပ် ကြမ်းနှင့်ထောင်ဒဏ် (၂) နှစ်စီချမှတ်ခဲ့ပြီးနောက် လွတ်မြောက်လာပါက ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးရုံးမှ သတင်းရရှိသည်။

သီရိမင်္ဂလာ ရပ်ကွက်တွင် လျပ်စစ်မီးမလုံလောက်မှုကြောင့် ထရန်စဖော်တစ်လုံးအမြန်လိုအပ်နေ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်တွင် လျှပ်စစ်မီးအား မလုံလောက်သည့်အတွက် ဒေသခံပြည်သူများအခက်ခဲဖြစ်ပေါ်နေပြီး ထရန်စဖော်မာ တစ်လုံး အမြန်လိုအပ် နေကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ၁၀ လအတွင်း လောင်းကစားမှု တစ်ရာကျော် ဖမ်းဆီးရမိ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် ၁၀ လအတွင်း လောင်းကစားမှုများ တစ်ရာကျော် ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ချဲထီများ၊ ဖဲဝိုင်းများ၊ ဘောလုံးလောင်းကစားများ၊ ကြက်ဝိုင်းများ စသော လောင်းကစားမှုများကို သက်ဆိုင်ရာ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ထိ မော်လမြိုင်မြို့နယ်တွင် ၂၁…

မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့်ဆိုင်သည့် ဦးစီးဌာနရုံး ၂ ခု ဖွင့်လှစ်မည်

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့် ဆိုင်သည့် ဦးစီးဌာန ရုံးနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်ရှိ သောင်ဆွဲ ပိုက်ချက်များကို တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော်ရရှိ

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ် ငါးလုပ်ငန်း ရာသီအတွက် သောင်ဆွဲ ပိုက်ချက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် ၁၉၀၀ သိန်း ကျော်ရရှိသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရှိသည်။

ရေလုပ်သားများ၏ အသက်အန္တရာယ် ထိခိုက်မှုများကို ဥပဒေအတိုင်း ကာကွယ်မှု ပြုလုပ်ပေးရန် လူအခွင့်ရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က တောင်းဆို

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ရေလုပ်သားအများစု၏ အသက်အန္တရာယ် ထိခိုက်မှုများအပေါ် ဥပဒေအတိုင်းကာကွယ်မှုပြုလုပ်ပေးရန် လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာတောင်းဆိုလိုက်သည်။<!--more--> ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်နေသည့် ရေလုပ်သားများသည့် လုပ်ခလစာများ အပြည့်အ၀ မရရှိခြင်း၊ မတရားစေခိုင်မှုများ ရှိနေခြင်း၊ ပင်လယ်ထဲတွင် ရေလုပ်သားများ မကြာခဏ သေဆုံးခြင်း၊ အလုပ်ရှင်နှင့် အလုပ်ပွဲစားများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများပါကို တရားဥပဒေဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ…

မွန်မုန့်ဆန်း

သီတင်းကျွတ်လပြည့်ကျော် တန်ဆောင်မုန်းလဆန်းအချိန်တွင် မွန်ဒေသများတွင်မုန့်ဆန်း လိူင်လိူင်ပေါ်ကြပြီး မုန့်ဆန်းများကို အုန်းသီး၊ သကြားများနှင့်ရောနယ်ပြီး ဆွမ်းကပ်ခြင်း၊ ဦးရှင်ကြီး ကျွေးခြင်းများကို မုန့်ဆန်းများနှင့်သာ အမြတ်တနိုးဆက်ကပ်ကြသည်။ မုန့်ဆန်းလုပ်နည်းကို သံလွင် တိုင်းမ်ပရိတ်သတ်များကို