2016

မွန်အမျိုးသားပါတီ ခေါင်းဆောင်နှစ်ဦး နှုတ်ထွက်စာတင်သည့်ကိစ္စ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်

မော်လမြိုင်၊ အောက်တိုဘာ ၁၉ ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည့် မွန်အမျိုးသားပါတီ (MNP) ဥက္ကဌ နှင့် ဒုဥက္ကဌ (၁) တို့ ရှေ့ ဆင့်နောက်ဆင့် ပါတီမှ နှုတ်ထွက်ရန် ထွက်စာတင်ထားသည့်ကိစ္စကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ဟု ပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စိုးမြင့်က ပြောသည်။ မွန်အမျိုးသားပါတီ…

မွန်ပြည်နယ် မြို့နယ် လေးမြို့နယ်တွင် စီးပွားရေး စွမ်းရည်မြှင့်တင်မည့် စီမံကိန်း ပြုလုပ်မည်

မော်လမြိုင်၊ အောက်တိုဘာ ၂၀ မွန်ပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး စီးပွားရေး စွမ်းရည်မြှင့်တင်မည့် စီမံကိန်းကို ပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

မုဒုံကျေးလက်ဦးစီးဌာနမှ ကော့ပရံကျေးရွာတံတားအား အဆင့်မြှင့်တင်မည်

မုဒုံ၊ အောက်တိုဘာ ၁၈ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကော့ပရံကျေးရွာရှိ ကုန်ထုတ်တံတားအား အဆင့်မြှင့် တင်ရန် စီစဉ်နေကြောင်း သိရသည်။<!--more--> “ကော့ပရံကုန်ထုတ်တံတားအတွက် ဘတ်ဂျက်တော့ကျလာပြီ။ မြို့နယ်ကိုတရားဝင်စာ၊ ဝင်စာမရသေး ဘူး။ ဒီတံတားကို ၂၀၁၆၊၂၀၁၇ဘဏ္ဍာရေးနှစ် မွမ်းမံတံတားလုပ်ငန်းလျာထားချက်နဲ့လာမည့်(၁၁)လပိုင်းလောက်တွင် လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ စီစဉ်လျှက်ရှိပါတယ်”ဟု မြို့နယ်ကျေးလက်ဦးစီးဌာနမှအငယ်တန်း အင်ဂျင်နီယာ(၂)၊ ဒေါ်အေးအေးသီးမှ သံလွင်တိုင်းမ်ကိုပြောသည်။ ကော့ပရံကုန်ထုတ်တံတားသည် ရှေးနှစ်ပေါင်းများစွာက ဝါးပိုးဝါးတံတားအဆင့်ဆင့်မှသစ်သားတံ့တား အဖြစ် ကုန်ထုတ်တံတားမှ ဖြတ်သန်းသွားလာလျှက်ရှိသည့်…

မုဒုံတွင် မူးယစ်ဆေးဝါးသတင်းအချိန်မှီပေးပို့နိုင်ရန် ဆက်သွယ်ရန်ဖုန်းနံပါတ်ပါ ဗီနိုင်းများစိုက်ထူမည်

မုဒုံ၊ အောက်တိုဘာ ၁၈ မူးယစ်ဆေးဝါးလျော့နည်းကျဆင်းရေးရည်ရွယ်ပြီး မူးယစ်ဆေးဝါးသတင်းအချိန်မှီပေးပို့နိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါသည့် ဗီနိုင်းများကို အများပြည်သူစည်ကားရာနေရာများတွင် စိုက်ထူသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။<!--more--> “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မြို့နယ်တည်ငြိမ်အေးချမ်းရေးပူပေါင်းအဖွဲ့ရဲ့ အကြံပြုချက်အပေါ် မြန်မာနိုင်ငံတပ်ဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ မြို့နယ်စခန်းမှူးနဲ့ဆွေးနွေးထားပြီးလည်းဖြစ်တယ်။ မူးယစ်ဆေးဝါးလျော့နည်းကျဆင်းရေးအတွက် အကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အမြန်ဆုံးဆောင်ရွက်သွားမယ်”ဟု ဒုခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးထွန်းသိန်းမှ သံလွင်တိုင်းမ်ကို ပြောသည်။ အဆိုပါ ဗီနိုင်းထောင်ခြင်းကိစ္စအား အောက်တိုဘာ(၁၄)ရက်မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံခန်း၌ပြုလုပ်သည့်…

ညအချိန်နေအိမ်တွင်း ဝင်ရောက်စီးနင်းခဲ့သည့် လူ(၂၁)ဦးအား အာမခံပေးထားခြင်းကို မကျေနပ်ဟုဆို

သထုံ၊ အောက်တိုဘာ ၁၃ သထုံမြို့ရှိ လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်သို့ ညအချိန်ဝင်ရောက်စီးနင်းခဲ့သည် လူ(၂၁)ဦးအား အာမခံ ပေးထားခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း ကျုးလွန်ခြင်းခံရသည့် အိမ်ရှင် ဦးဝင်းစိုးမိုးက ပြောသည်။<!--more--> အောက်တိုဘာ(၁၃)ရက်နေ့ည (၁၀) နာရီကျော်ခန့်အချိန်က သထုံမြို့နယ် သိမ်ကုန်းရပ်ကွက်မှ ကောင်းကောင်းဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းစိုးမိုး၏ နေအိမ်သို့ နန်းခဲ ရပ်ကွက်မှ ရေခဲ စက်လုပ်ငန်းရှင် ကိုအောင်မြင့်မော် ဦးဆောင်သော…

လွှတ်တော်တွင် ခွင့်ယူပျက်ကွက်ခဲ့သော်လည်း လွှတ်တော်တာဝန်လုံးဝ မပျက်ကွက်ခဲ့ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ အောက်တိုဘာ ၁၈ မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တစ်ရက်သာ တက်ခဲ့ပြီး နောက်ပိုင်း ရက်များခွင့်ယူခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်မှုများ ပြုလုပ်နေသည့်အပေါ် လွှတ်တော်တက်ရန် ခွင့်ယူခဲ့သော်လည်း လွှတ်တော်တာဝန် လုံးဝမပျက်ကွက်ခဲ့ကြောင်း ၎င်းက အောက်တိုဘာလ (၁၈)ရက်နေ့တွင် သံလွင်တိုင်းမ်သို့ ပြောကြားသည်။

မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် ဆေးဖြတ်လိုပါက အစိုးရအသိအမှတ်ပြုသည့်ဆေးကုဌာနတွင်သာ ကုသသင့်

ရေး ၊ အောက်တိုဘာ ၁၈ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးဖြတ်ကုသလိုသည့်သူများအနေဖြင့် ပြင်ပဆေးခန်းတွင် ဆေးကုမည့်အစား အစိုးရ အသိအမှတ်ပြု ဆေးကုဌာနတွင်သာ ကုသသင့်ကြောင်း မော်လမြိုင်မြို့ဆေးရုံကြီး(စိတ်ကျန်းမာ)မှ အထူးကု ဆရာဝန်ဒေါက်တာဝင်းကျော်သူက သံလွင်တိုင်းမ်သို့ ပြောသည်။

ပညာရှင်များခေါ်ယူလိုသည့်အတွက် စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို မလွှဲပြောင်းနိုင်သေးဟု မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၈ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လူသစ်များဖြင့် ဖွဲ့စည်းကာ လွှဲပြောင်းပေးရန် စီစဉ်နေသော်လည်း တတ်သိပညာရှင်များကို ခေါ်ယူလိုသည့်အတွက် အနည်းငယ်အခက်ခဲရှိနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက သံလွင်တိုင်းမ်သို့ပြောကြားသည်။

ပေါင်တွင် လျှပ်စစ်နှင့်ပတ်သက်ပြီး မတော်တဆမှုများမဖြစ်ပေါ်စေရန် ပညာပေးမှုများပြုလုပ်နေ

ပေါင်၊ အောက်တိုဘာ ၁၆ မွန်ပြည်နယ်အတွင်းမှ မြို့နယ်အချို့တွင် လျှပ်စစ်နှင့်ပတ်သက်သော မတော်တဆမှုများဖြစ်ပွားခဲ့ပြီးနောက် ဓာတ်လိုက်ခြင်း၊ မီးလောင်ခြင်း၊ လျှပ်စစ်နှင့်ဆိုင်သည့် မတော်တဆ ဖြစ်ခြင်းများကို ကြိုတင်ရှောင်ရှားနိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို

(၁၄၂)ကြိမ်မြောက် မုဒုံလှေလှော်ပြိုင်ပွဲကျင်းပ ကန်ကြီးရပ်ကိုယ်စားပြု ဇာတိမာန်အသင်း ပထမဆုဆွတ်ခူး

မုဒုံ၊ အောက်တိုဘာ ၁၇ (၁၄၇)ကြိမ်မြောက် မုဒုံလှေလှော်ပြိုင်ပွဲတွင် အကြီးတန်း၌ ကန်ကြီးကိုယ်စားပြုအသင်းဖြစ်သည့် ဇာတိမာန်အသင်းနှင့် အငယ်တန်း၌ တက်သစ်စအသင်းတို့က ပထမဆုရရှိသွားကြောင်းသိရသည်။<!--more--> ပြိုင်ပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများတက်ရောက်ကြပြီး ဆုရအသင်းများကို လည်း ဆုများချီးမြှင့်ခဲ့သည်။ “ကျွန်တော်တို့ လှေအသင်းက ဒီနှစ်မှ အငယ်တန်းမှာ လူသစ်အနေနဲ့စပြိုင်ခဲ့တယ်။ ကြိုးစားပြီးယှဉ်ပြိုင်ခြင်းရလာဒ်က ပထမရခဲ့ပြီးဒီဆုကို ဝန်ကြီးချုပ်ကိုယ်တိုင်ချီးမြှင့်တော့ပိုပြီးအမှတ်တရဖြစ်တယ်။ ဒီဆုအပေါ်မှာ လည်းဂုဏ်ယူတယ်”ဟု အငယ်တန်းတွင် ပထမဆုရရှိသည့်တက်သစ်စလှေအသင်းသားများက…