2016

MCL ဘိလပ်မြေစက်ရုံမှတည်ဆောက်ရေးအလုပ်သမားများ လုပ်ခလစာမရသည့်အတွက် စုပေါင်းတောင်းဆို

ကျိူက်မရော၊ အောက်တိုဘာ၁၉ MCL ဘိလပ်မြေစက်ရုံမှ တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ လုပ်ငန်းများအပ်နှံ ပြီးစီးသော်လည်း လုပ်အားခများ ရှင်းလင်းပေးခြင်းမရှိသောကြောင့် တရုတ်ကုမ္ပဏီ Citic ရုံးခန်းရှေ့တွင် အောက်တိုဘာလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက သွားရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

ယောက္ခမဖြစ်သူကို သားမက်က သတ်သည့် လူသတ်မှုပေါင်မြို့တွင်ဖြစ်ပွား

ပေါင်၊ အောက်တိုဘာ ၁၉ ယောက္ခမအိမ်တွင် တစ်အိမ်တည်းအတူနေထိုင်သည့် သားမက်ဖြစ်သူက ခိုက်ရန်ဖြစ်ပွားစဉ် တံစင်း သံချွန်ဖြင့်ထိုးသတ်ထွက်ပြေးသွားသည့်အမှုဖြစ်စဉ်တစ်ခု အောက်တိုဘာ(၁၉) ရက်နေ့က ပေါင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည်။

ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် ဘိန်းစားရွက်ပင်များနှင့် လက်လုပ်သေနတ်များဖမ်းဆီးရမိ

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် အောက်တိုဘာ (၁၈)ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်အေးမင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့် အတူ သတင်းအရ ဘိန်းစားရွက်ပင်များ စိုက်ပျိုးထားကြောင်းသိရှိရ၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ ပါသည်။

နိုင်ငံတော်က တည်ဆောက်ပေးသည့် လမ်းတံတားများမှာ ပြည်သူ့လမ်းတံတားများ ဖြစ်သည့်အတွက် ပြည်များကိုယ်တိုင် ဝိုင်းဝန်းစောင့်ရှောက်ရန်လို။

ပွင့်ဆန်း နိုင်ငံတော်မှ နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ဒေသအလိုက် မိမိတို့ဒေသအ တွက် လမ်း၊တံတား၊ ကျောင်းနှင့် ဆေးရုံစသည့် ဖွံဖြိုးမှုများဆောင်ရွက်ပြိးစီးသည့်အခါ အဆိုပါ ဖွံ့ဖြိုးမှုအ ဆောက်အဦးများမှာ ပြည်သူ့ဘဏ္ဍာငွေဖြင့် နိုင်ငံတော်မှ

ကျိုက်ထီးရိုးဂေါပကသစ်လုပ်ရပ် အားကျေနပ်မှုမရှိဟုဆိုကာ လုပ်ငန်းရှင်တစ်ဦး သတင်းစာရှင်းလင်း

မော်လမြိုင်၊ အောက်တိုဘာ၁၉ ကျိုက်ထီးရိုးဂေါပကအဖွဲ့သစ်က ယခုလဆန်းတွင် စေတီတော်ပတ်ဝန်းကျင်မှလုပ်ငန်းများအားလုပ်ကိုင်ခွင့်ထပ်မံချထားခွင့်ပြုခဲ့သော်လည်း ကင်ပွန်းစခန်းရှိ လုပ်ငန်း(၆၈) ခုအနက် (၆၇) ခုကိုသာ ပြန်လည်ခွင့် ပြုခဲ့ပြီး ယာဉ်ဝင်ခွင့် လုပ်ငန်းလုပ်ကိုင်သူဦးခင်လှကိုမူ ခွင့်ပြုချက်မပေးတော့သည့်လုပ်ရပ်

မှိုသီးရောဂါကျရောက်သော စပါးခင်းမှစပါးများအား မျိုးအဖြစ်မသုံးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တားမြစ်

မုဒုံ၊ အောက်တိုဘာ ၁ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာ၊ကွင်းအမှတ်(၈၄၅(ခ))အတွင်းရှိ လယ်ပိုင်ရှင်တစ်ဦး၏ မိုးစပါးစိုက်ကွက်အတွင်းစိုက်ပျိုးထားသည့် စပ်မျိုးစပါးခင်း၌ စပါးမှိုသီးရောဂါပြင်းထန်စွာကျရောက်ခဲ့ရာ စပါးမှိုသီးရောဂါမှမျိုးစေ့ဆောင်ရောဂါအဖြစ်တည်ရှိနေနိုင်ပါသဖြင့် မှိုသီးရောဂါကျရောက်သောစပါးခင်းမှစပါးများအား

မွန်ပြည်နယ်ရှိ လူထုဗဟိုပြုစီမံကိန်းကို တတိယမြို့အဖြစ် ပေါင်မြို့တွင်လုပ်ရန်ရွေးချယ်ထား

ပေါင်၊ အောက်တိုဘာ ၁၈ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ကိုင်နေသော လူထု ဗဟိုပြု စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်တွင် မွန်ပြည်နယ်အတွင်း တတိယမြောက်မြို့နယ်အဖြစ် ပေါင်မြို့နယ်ကိုရွေးချယ်ထားကြောင်းသိရသည်။

သံဖြူဇရပ်တွင် ပါတီ(၂၈)နှစ်ပြည့်အခမ်းအနားကျင်းပရန် တစညပါတီပြင်ဆင်

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉ သံဖြူဇရပ်မြို့နယ် တစညပါတီအနေဖြင့် ပါတီ(၂၈)နှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း ယင်းပါတီထံမှသိရသည်။

ပန်းရောင်းသည့် မိန်းကလေးငယ်အား ကားတင်ပြေး အဓမ္မပြုကျင့်ကာ KTV ဆိုင်ပို့ခဲ့သည့်ကိစ္စ သက်ဆိုင်ရာမှ အရေးယူမှု အားနည်းနေ၍ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးဟုဆို

ကျိုုက်မရော၊ အောက်တိုဘာ ၁၇ ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင်ဘာလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် မိန်းကလေး ငယ်အား အဓမ္မပြုကျင့်သည့် အမှုအား တရနာရဲစခန်းမှ တာဝန်ရှိသူများမှ သံသယရှိသူများကို အရေးယူ ဆောင်ရွက်ထားသော်လည်း တစ်လအကြာအထိ စုံစမ်းဖော်ထုတ်မှု တစ်စုံတစ်ရာမျှ မရရှိသေးကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားဇာတ်လမ်းခွေများရောင်းချခြင်းတားမြစ်သည့်အပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ကြပြီးနောက် မြန်မာ့ ရုပ်ရှင်လောက လိုအပ်ချက်များစွာရှိနေဟုဆို

မော်လမြိုင်၊ အောက်တိုဘာ ၁၈ မြန်မာဇာတ်ကားများ အဆင့်အတန်းမြင့်မားလာရေးအတွက် နိုင်ငံခြားဇာတ်လမ်းခွေများ ရောင်းချမှု ပိတ်ပင်ခြင်းသည် သဘာဝမကျသည့် အတွက် ရန်ကုန်မြို့တွင် နိုင်ငံခြားဇာတ်လမ်းခွေ ရောင်းချသည့် ပြည်သူ များက ကန့်ကွက်ဆန္ဒပြပြီးနောက်မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းမြင့်မားရန်