2015

ထန်းပင်ချောင်ကြီးမဲရုံ(၁)တွင် မဲပေးခွင့်မရသူများ မဲပေးသဖြင့် တိုင်ကြားခံရ

ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ မဲရုံအမှတ်(၁) အမကရွာလေး(၁)တွင် မဲပေးခွင့်စာရင်းတွင်မပါသူများကို ကျေးရွာကော်မရှင်မှ မဲပေးခွင့်ပြုခဲ့သဖြင့် တိုင်ကြားရာ မြို့နယ်ကော်မရှင်ဥက္ကဌ ဦးမြင့်အောင်မှ ဦးဆောင်ပြီး စည်းဝေးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မဲပေးခွင့်စာရင်းတွင်မပါဘဲ မဲပေးခွင့်ရရှိသွားသူမှာ ဦးကျော်စိုးဝင်းဖြစ်ကြောင်း သိရသည်။ နေ့လည် ၁း၅၀ နာရီ

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ မဲရုံအမှတ်(၁) – သတင်းဓာတ်ပုံ

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ မဲရုံအမှတ်(၁) အထကအဆောင်(၁)တွင် မဲပေးရန် စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်နိုင်ငံသားများကို တွေ့ရပါသည်။ နေ့လည် (၁း၀၀)နာရီ သတင်းဓါတ်ပုံ – KR

မော်လမြိုင် လှိုင်မဲရုံတွင် ကရင်တိုင်းရင်းသားများမဲပေးရန်ရှိသော်လည်း မဲပုံးထောင်ထားခြင်းမရှိ

မော်လမြိုင်မြို့နယ်၊ လှိုင်မဲရုံအမှတ်(၁) အထက(၂)လှိုင်တွင် မဲပေးရန်အတွက် ကရင်တိုင်းရင်းသား(၇)ဦးရှိသော်လည်း ကရင်တိုင်းရင်းသားရေးရာ မဲပုံးထားထားခြင်း မရှိသည့်အတွက် ကရင်ပြည်သူ့ ပါတီမှ ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း နော်ဆာထူးမှ ရပ်ကွက်ကော်မရှင် ဥက္ကဌနှင့်တွေ့ဆုံပြီး ဆွေးနွေးနေပြီဖြစ်ကြောင်း သံလွင်တိုင်းမ်သတင်းထောက်မှ သတင်းပေးပို့ပါသည်။ နေ့လည် ၂း၃၀ သတင်းဓါတ်ပုံ – SNMA

အုပ်ချုပ်ရေးမှူးရုံးဖြိုချလို့ ယင်းရုံးနှင့်တွဲလျှက် ရပ်/ကျေးကော်မရှင်ရုံး အခက်ခဲဖြစ်

“ရုံးမှာ သူတို့က အဲ့ဒီလိုဖြိုဖျက်ထားလိုက်ကြတော့ ဘယ်လိုမှ ကျနော်တို့အလုပ် လုပ်လို့ မရတော့ဘူး၊ ပုံစံ ၈ ကိစ္စကလည်း ရက်ကပ်နေပြီး” ဟု ကျွဲခြံ ရပ်/ကျေးကော်မရှင် ဥက္ကဌ ဦးငွေရက ပြောသည်။

ကဗျာ၀ ကမ်းခြေစီမံကိန်း စတင်တော့မည်

“ကဗျာဝရဲ့ သဘာဝအခြေအနေတွေဟာ မပြောင်းမလဲဘဲ၊ သူ့ရဲ့ သံယံဇတ ကြွယ်ဝမှုတွေကလည်း နဂိုအတိုင်း တည်ရှိနေတဲ့အတွက် ကမ်းခြေစီမံကိန်းကို လုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေ အနေအထားတွေနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြ လုပ်ဆောင်ခဲ့ပါတယ်”

မြို့နယ်အချို့တွင် မဲပေးပုံ ပေးနည်း သေချာနားမလည်လို့ ဆန္ဒမဲပေးရန် စိတ်ဝင်စားမှုနည်းပါး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တို့သည် မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများ သေချာ နားမလည်ထားသည့်အတွက် ရွေးကောက်ပွဲရက်တွင် ဆန္ဒမဲပေးရန် စိတ်ဝင်စားမှု နည်းပါးနိုင်သည်ဟု ဒေသခံတွေက သုံးသပ်ပြောဆိုနေကြသည်။ “ကျေးရွာနေ သာမန်လူတန်းစား အများစုက လွှတ်တော်ဆိုသာ ဘာမှန်းတောင် မသိသေးသည့် အခြေအနေမှာရှိနေကြတယ်၊ ” ဟု ကွမ်တုံလူငယ်ရိပ်သာနှင့် စာကြည့်တိုက် ဒုဥက္ကဌ(၁) ဦးကျော်ဇေယျာဦးက ပြောသည်။ ၎င်းပြင်…

မွန်ပြည်နယ်တွင် သုံးရက်အတွင်း ကြိုတင်မဲပေးသူ ၃၅၀၀ ကျော်ရှိ

ကြိုတင်မဲ စတင်ပေးရမည့် အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကြိုတင်မဲပေးသူ ၃၀၅၃ ဦးရှိပြီး ဗမာတိုင်းရင်းသားအတွက် ၃၈၀ ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅၂ ဦးနှင့် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅ ဦးရှိသည်။

ယခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ မော်လမြိုင်အသင်း ဗိုလ်စွဲ

“မော်လမြိုင်က ပထမ၊ ကျိုက်ထိုက ဒုတိယ၊ ပူးတွဲတတိယဆုကိုတော့ ရေးနဲ့ မုဒုံမြို့နယ်တို့ ရရှိသွားပါတယ်။ ပွဲစဉ်အလိုက် အကောင်းဆုံးဆုကိုတော့ ကျိုက်ထိုအသင်းက ထက်ထက်ဇော်ကရရှိပါတယ်။ ဂိုးသွင်း အများဆုံးဆုကိုတော့ သံဖြူဇရပ်အသင်းက စောသာကီးက ရရှိသွားခဲ့ပါတယ်။ ကျင်းပစဉ်တလျှောက်လုံး အစစအရာရာ အဆင် ပြေစွာကျင်းပနိုင်ခဲ့ပါတယ်” ဟု ရေးမြို့နယ် အားကစားမှူး ဒေါ်ခိုင်ခိုင်မိုးက ပြောသည်။ ရေးမြို့နယ်အသင်းအနေဖြင့် ဆီမီးအဆင့်ထိသာ တက်ရောက်နိုင်ခဲ့သည့်အတွက် စိတ်မကောင်း…

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး Ocean Super Center ဇန်နဝါရီတွင် ဖွင့်မည်

Ocean Super Center အုပ်စုတွင် နေပြည်တော်ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သော မော်လမြိုင် Ocean Super Center ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ မော်လမြိုင် Ocean Super Center ဘိုကုန်းရပ်ရှိ သံလွင်ဥယျာဉ်မြေနေရာတွင် ၂၀၁၄ ခုနှစ် ဧပြီလခန့်က စတည် တည်ဆောက်ခဲ့သည်။…

မြဝတီ ဒေသခံအများစု မဲပေးပုံ ပေးနည်းနှင့်ပတ်သက်ပြီး အားနည်းမှုရှိနေဆဲ

အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာ ကျန်ရှိတော့သော်လည်း မြဝတီမြို့နယ်အတွင်းရှိ မဲဆန္ဒပြည်သူလူထုအများစုက မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် ဗဟုသုတ သိရှိနားလည်မှု အားနည်းနေဆဲဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသူတို့ထံမှ သိရသည်။ ဒေသခံမဲဆန္ဒရှင်တို့က မဲပေးခြင်းဖြင့် နိုင်ငံသားတစ်ယောက်၏ တာဝန် ကျေပြွန်ရမည်ဟူသော ခံယူချက်ရှိကြသာ်လည်း လွှတ်တော်အသီးသီးအတွက် အနည်းဆုံးမဲ (၃) ပြားပေးရန်နှင့် တိုင်းရင်းသားဖြစ်ပါက နောက်ထပ်…