သတင်း

မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့်ဆိုင်သည့် ဦးစီးဌာနရုံး ၂ ခု ဖွင့်လှစ်မည်

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့် ဆိုင်သည့် ဦးစီးဌာန ရုံးနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ သတင်းရရှိသည်။

စုန်းမကျွန်းရှိ လယ်ဧက ၅၀၀ ကျော်တွင် စပါးစိုက်ပျိုးရန် တာတမံကျိုးပျက်နေသဖြင့် လယ်သမားများအခက်ကြုံနေ

ရေး ၊ နိုဝင်ဘာ ၈ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စုပိုင် စုန်းမကျွန်းပေါ်ရှိ တာတမံမှာ ကျိုးပျက်နေသဖြင့် လယ်ဧက ၅၀၀ ကျော်ခန့်မှာ ရေငံများဝင်ရောက်ကာ စပါးများစိုက်ပျိုးမရ၍ လယ်ယာမြေပိုင်ဆိုင်ထားသူများ အခက်အခဲကြုံတွေ့နေရကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

ရေလုပ်သားများ၏ အသက်အန္တရာယ် ထိခိုက်မှုများကို ဥပဒေအတိုင်း ကာကွယ်မှု ပြုလုပ်ပေးရန် လူအခွင့်ရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က တောင်းဆို

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ရေလုပ်သားအများစု၏ အသက်အန္တရာယ် ထိခိုက်မှုများအပေါ် ဥပဒေအတိုင်းကာကွယ်မှုပြုလုပ်ပေးရန် လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာတောင်းဆိုလိုက်သည်။<!--more--> ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်နေသည့် ရေလုပ်သားများသည့် လုပ်ခလစာများ အပြည့်အ၀ မရရှိခြင်း၊ မတရားစေခိုင်မှုများ ရှိနေခြင်း၊ ပင်လယ်ထဲတွင် ရေလုပ်သားများ မကြာခဏ သေဆုံးခြင်း၊ အလုပ်ရှင်နှင့် အလုပ်ပွဲစားများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများပါကို တရားဥပဒေဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ…

မွန်ပြည်နယ်ရှိ သောင်ဆွဲ ပိုက်ချက်များကို တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော်ရရှိ

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ် ငါးလုပ်ငန်း ရာသီအတွက် သောင်ဆွဲ ပိုက်ချက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် ၁၉၀၀ သိန်း ကျော်ရရှိသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရှိသည်။

ပြည်ဝင်ခွင့်ဗီဇာမပါရှိပဲ ရေးမြို့သို့ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား အမှုဖွင့်ထား

ရေး ၊ နိုဝင်ဘာ ၈ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး-အစင်သွားကားလမ်းအနီးတွင် ယခုလ ၇ ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်တွေ့ရှိသူ ၂ ဦးအားစစ်ဆေးရာမှ ပြည်ဝင်ခွင့်ဗီဇာမပါရှိပဲ လာရောက်သူ ထိုင်းနိုင်ငံသားတစ်ဦးအား စစ်ဆေးပေါ်ပေါက်ခဲ့၍ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ကျောက်မီးသွေးလောင်စာသုံးဘိလပ်မြေစက်ရုံတည်ဆောက်မည်ဟုကရင်ပြည်နယ်ဝန်ကြီးချုပ်ဆို

ဘားအံ၊ နိုဝင်ဘာ ၅ ဘားအံမြို့၊ လှာကာကျေးရွာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ကရင်ပြည်နယ်၌ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက် မည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်သည်။<!--more--> ”ဂျပန်၊ တရုတ်၊ အမေရိကန်စတဲ့ နိုင်ငံများမှာ ကျောက်မီးသွေးလောင်စာအသုံးပြုခဲ့ပြီး ချမ်းသာလာခဲ့ တာ။ ချမ်းသာလာမှအသုံးမပြုတော့ဘူး။ ကျွန်မတို့လည်းချမ်းသာလာအောင် ကျောက်မီးသွေးကိုသုံးမယ်။ ကျွန်မကိုယ်ပိုင်ဘိလပ် မြေစက်ရုံဆိုရင်လည်း အကျိုးအမြတ်များဖို့…

(၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဌ တက်ရောက်

ဘားအံ၊ နိုဝင်ဘာ ၇ (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် နိုဝင်ဘာလ၇ ရက်နေ့နံနက်၇ နာရီအချိန်တွင် ပြုလုပ်ရာ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်

ရေးမြို့နယ်အတွင်း ယခုနှစ်အကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် မိုးသတိပြုရန်လိုအပ်နေပြီး စိုက်ပျိုးရေးဌာနမှလည်း အသိပညာပေးဆောင်ရွက်နေ

ရေး ၊ နိုဝင်ဘာ ၉ ရေးမြို့၊ မိုးလေဝသစခန်းရုံး၏မှတ်တမ်းများအရ ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၇ နှစ်ဦးပိုင်း ဇန်နဝါရီလမှစတင်ကာ မိုးရွာသွန်းမည့်အနေအထားရှိနေပြီး စိုက်ပျိုး ရေးသမားများအနေဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသစခန်းမှူး ဦးဆန်းငွေက သံလွင်တိုင်းမ်သို့ ပြောသည်။

YSS ကစီစဉ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးသာတက်ရောက်

ရေး ၊ နိုဝင်ဘာ ၇ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)က နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်စီစဉ်ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားခဲ့သော်လည်း ၂ ဦးသာ တက်ရောက်ခဲ့ သည်ဟု ကျင်းပရေးတာဝန်ရှိသူများက ပြောကြားသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာ အပြောင်းအလဲသတင်းမဟုတ်မှန်ဟု ဦးဝင်းထိန်ပြော

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအပြောင်းအလဲသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုအပေါ် မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ သံလွင်တိုင်းမ်သို့ ပြောကြားသည်။<!--more--> “ခင်ဗျားတို့ ပြောတဲ့သတင်း မဟုတ်ဘူး။ မဟုတ်ဘူး”ဟု ဦးဝင်းထိန်က ပြောသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအား ပြောင်းလဲမည်ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ်နေရာအစား တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးမှ တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီးတစ်ဦးနေရာလည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်းလည်း ကျယ်ပြန့်စွာ သတင်းထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။…