သတင်း

အရက်မူးပြီး အိမ်ပေါ်တက်၍ရန်ပြုသည့် မောင်ဖြစ်သူအား အစ်မအရင်းမှ ဓားဖြင့်ခုတ်

ပေါင်၊ ဇူလိုင် ၁၉ ဝါဆိုလပြည့်နေ့မနက်ပိုင်းတွင် သီလယူပြီး အိမ်သို့ပြန်ရောက်လာစဉ် မောင်အရင်းဖြစ်သူက မိမိ၏နေ အိမ်သို့လာရောက်ပြီး အရက်ဖိုးတောင်းသည်ကို မပေး၍ ရန်ပြုသောကြောင့်အစ်မအရင်းဖြစ်သူမှမောင်အရင်းတော်စပ်သူကို ဓားဖြင့်ခုတ်ရာ ဦးခေါင်းတွင်ပြင်းထန်စွာရရှိခဲ့မှုအား ပေါင်ရဲစခန်းတွင်အမှုဖွင့်အရေးယူထား ကြောင်း

မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်းကွက်များကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်ဒါရောင်းချမည်

ဇူလိုင် ၂၀၊ ၂၀၁၆ ၂၀၁၆-၂၀၁၇ ခုနှစ်လုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းရှိ သံလွင်မြစ်၊ အတ္ထရံမြစ်နှင့် ဂျိုင်းမြစ်အတွင်း ငါးဖမ်းကွက်များကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်ဒါစတင်ရောင်းချသွားမည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် အိမ်ထောင်စုစာရင်းထုတ်ပေးရမည့် ရွှေ့ပြောင်းအိမ်ထောင်စု ၂၄၀ ခန့်ရှိသည်ဟုဆို

ဇူလိုင် ၁၄၊ ၂၀၁၆ မွန်ပြည်နယ်အတွင်း လာရောက်နေထိုင်လုပ်ကိုင်စားသောက်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအနက် အိမ်ထောင်စာရင်းထုတ်ပေးရမည့် အိမ်ထောင်စု ၂၄၀ ခန့်ရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

မုဒုံမြို့သာသနာ့ဗိမ္မာန်ဝင်းအတွင်းရှိ အာဇာနည်(၂၆)ဦးမော်ကွန်းတိုင်အား ပထမဦးဆုံးလွမ်းသူ့ပန်းခွေချဂုဏ်ပြု

မုဒုံ ဇူလိုင် ၁၉ မုဒုံမြို့၊မြို့မ(၂)ရပ်ကွက်၊ဣစ္ဆာသယသာသနာ့ဗိမ္မာန်ဝင်းအတွင်း စိုက်ထူထားရှိသည့်အာဇာနည်(၂၆)ဦးမော်ကွန်းတိုင်အားပထမဦးဆုံးလွမ်းသူ့ပန်းခြင်းနှင့်ပန်းခွေချဂုဏ်ပြုခြင်းများဇူလိုင်(၁၉)ရက်၊အာဇာနည်နေ့၊နံနက်တွင်အားမာန်သစ်လူငယ်အဖွဲ့မှပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ပန်းခွေချနိုင်ခြင်းမရှိ

ပေါင်၊ ဇူလိုင် ၁၉ ပေါင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အခြားသော နိုင်ငံရေးပါတီများမှ တက်ရောက်ပန်းခွေချအလေးပြုခဲ့သော်လည်း ပေါင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပန်းခွေချ နိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

ဝတ်ဆင်ထားသည့်ရွှေများကို ခြောက်လှန့်ယူဆောင်သွားခဲ့သူများအား သုံးလကျော်ကြာမှ တိုင်ကြား

မုဒုံ၊ ဇူလိုင် ၁၅ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ ရွာဝင်လမ်းအတွင်း အမျိုးသမီးနှစ်ဦးထံမှ ခြောက်လှန့်ပြီး ရွှေထည်များယူ ဆောင်သွားခဲ့သည့် အမျိုးသားနှစ်ဦးအား သုံးလကျော်ကြာမှ တိုင်တန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့နယ်၊ ရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်မှ ရွှေ၊ ငွေ၊ ပစ္စည်းပျောက်ဆုံးမှုအတွက်တိုင်ကြားရာ မင်္သကာသူကို ကညှော်ကျေးရွာတွင် စစ်ဆေးတွေ့ရှိ

ချောင်းဆုံ၊ ဇူလိုင် ၁၄ ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်မှ ရွှေ၊ ငွေပစ္စည်းများပျောက်ဆုံးမှုအတွက် တိုင်ကြားရာ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် မင်္သကာသူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းထံမှ သိရသည်။

ရေးမြို့နယ် မာရဒေဝီ ပညာရေးဖောင်ဒေးရှင်းသို့ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီ

ရေး ၊ ဇူလိုင် ၁၇ ရေးမြို့နယ်၏ ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သော မာရဒေဝီပညာရေးဖောင်ဒေးရှင်းသို့ ယခုနှစ် တက္ကသိုလ် ဝင်ခွင့်ကျပြီးသည့်အချိန်တွင် ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဖြူက ပြောသည်။

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့်လက်နက်ကိုင်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီခွဲထွက်မဟုတ်ကြောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် မွန်ဓါးပြအဖွဲ့များကို မွန်ပြည်သစ်ပါတီမှခွဲထွက်သည့် တပ်ဖွဲ့မဟုတ်သည့်အတွက် မွန်ပြည်သစ်ခွဲထွက်အဖွဲ့မဟုတ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုလိုက် သည်။

ရေးမြို့နယ် NLD ဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ အနားယူမည်

ရေး ၊ ဇူလိုင် ၁၂ နှစ်ပေါင်း ၂၀ ကျော် ရေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဦးမြဝင်းအနေဖြင့် ယခုလမှစတင်ကာ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်မှ အနားယူတော့မည်ဖြစ်သည်ဟု သိရသည်။