ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ အနောက်နိုင်ငံတွေဆွေးနွေးပွဲမစခင် တတိယကမ္ဘာစစ် အတွက် ရုရှားသတိပေး
မော်စကို -ဧပြီ(၂၇) စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို လက်နက်တွေ ထပ်မံပေးပို့ဖို့ အမေရိကန်နဲ့ အနောက်အုပ်စု မဟာ မိတ်တွေက တွေ့ဆုံမှု မတိုင်ခင် တတိယကမ္ဘာစစ် ရဲ့ခြိမ်းခြောက်မှု အစစ်အမှန်ကို ရုရှားက သတိပေးခဲ့ပါတယ်။ ရုရှားဟာ အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ရုရှားတပ်တွေကို ပြန်လည်ခုခံဖို့ နိုင်ငံတွင်းကို အနောက်နိုင်ငံတွေက လက်နက်အင်အားပံ့ပိုးကူညီမှုတွေဟာ ပိုမိုအရှိန်ဟုန်မြင့်စေခဲ့တာပါ။ ဒါပေမယ့်နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ရုရှားနဲ့ ပဋိပက္ခဖြစ်မှာကို စိုးရိမ်နေတဲ့အတွက်ကြောင့် အနောက်အင်အားကြီးနိုင်ငံတွေက…