Thanlwintimes

အမေရိကန်ရှေ့နေချုပ်အဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုနှင့် ပတ်သက်၍ သက်သေအထောက်အထား မရှိဘူးလို့ ပြောကြား

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်နိုင်ငံရွေးကောက်ပွဲမှာ ဒီမိုကရက် ဂျိုးဘိုင်ဒန်က သမ္မတ ဒေါ်နယ်ထရမ့်ကို အနိုင်ရထားသည်ဟူသော အခြေအနေကို နောက်ပြန်လှည့်စေနိုင်မယ့် မဲဆန္ဒရှင်များ လိမ်လည် လှည့်ဖျားမှုနှင့်ပတ်သက်တဲ့ စွပ်စွဲချက်များက လုံလောက်သော သက်သေအထောက်အထားများ မရှိကြောင်းကို တရားမျှတမှုဆိုင်ရာဌာနမှ ရှာဖွေတွေ့ရှိထားတာဖြစ်တယ်လို့ အမေရိကန်ရှေ့နေချုပ်အဖွဲ့ General Bill Bar က…

အမေရိကန်ရှေ့နေချုပ်အဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုနှင့် ပတ်သက်၍ သက်သေအထောက်အထား မရှိဘူးလို့ ပြောကြား

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်နိုင်ငံရွေးကောက်ပွဲမှာ ဒီမိုကရက် ဂျိုးဘိုင်ဒန်က သမ္မတ ဒေါ်နယ်ထရမ့်ကို အနိုင်ရထားသည်ဟူသော အခြေအနေကို နောက်ပြန်လှည့်စေနိုင်မယ့် မဲဆန္ဒရှင်များ လိမ်လည် လှည့်ဖျားမှုနှင့်ပတ်သက်တဲ့ စွပ်စွဲချက်များက လုံလောက်သော သက်သေအထောက်အထားများ မရှိကြောင်းကို တရားမျှတမှုဆိုင်ရာဌာနမှ ရှာဖွေတွေ့ရှိထားတာဖြစ်တယ်လို့ အမေရိကန်ရှေ့နေချုပ်အဖွဲ့ General Bill Bar က…

မွန်မှာ ကိုဗစ်-၁၉ ကြောင့် မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ရပ်နားခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) ကိုဗစ်-၁၉ စီးပွားရေးအခက်အခဲတွေကြောင့် မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်း ရပ်နားလိုက်ရပြီးလို့ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာတာနဲ့အတူ စားသောက်ဆိုင်တွေ ၊ သားငါးစျေးတွေနဲ့ အသားထုတ်စက်ရုံတွေက ယာယီပိတ်ထားရပါတယ်။ ဒါအပြင် နယ်မြေဖြတ်ကျော် သွားလာခွင့်ကိုလည်း ကန့်သတ်လိုက်တဲ့အတွက် ကုန်စည် စီးဆင်းမှု ပြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းအတွက်…

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို သံသယရှိလို့ မွန်ညီညွတ်ရေးပါတီ စိစစ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တစ်ချို့အပေါ် သံသယရှိတဲ့အတွက် ပြန်လည်စိစစ်နေတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း တို့မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ (၁၂) နေရာ အနိုင်ရရှိခဲ့ပါတယ်။…

COVID-19 ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးရေး ဥပဒေတစ်ရပ် ဂျပန်နိုင်ငံပါလီမန်အတွင်း အတည်ပြု

COVID-19 ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးရေး ဥပဒေတစ်ရပ် ဂျပန်နိုင်ငံပါလီမန်အတွင်း အတည်ပြု မော်လမြိုင် ၊ ဒီဇင်ဘာ (၂) အဆိုးရွားဆုံး ကူးစက်ရောဂါလှိုင်းထဲမှာ လက်ရှိအချိန်ထိတိုင် ရုန်းကန်နေရဆဲဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကို ရပ်တန်နိုင်ဖို့ အဓိက အစီအစဥ်တစ်ရပ်အနေနဲ့ ဗဟိုအစိုးရမှ အလုံးစုံ အကုန်ကျခံပြီး ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ် ဆေးထိုးနှံ့ပေးရေးနှင့်စပ်လျဥ်းသည့် ဥပဒေတစ်ရပ်ကို ဂျပန် ပါလီမန်က အတည်ပြု ပေးခဲ့ပါတယ်။…

ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ရာဘာတောင်သူတွေ တောင်းဆို

မော်လမြိုင် ၊ ဒီဇင်ဘာ (၂) လာမယ့် အစိုးရအသစ် သက်တမ်းမှာ ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ရာဘာတောင်သူတွေက တောင်းဆို လိုက်ပါတယ်။ မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက (၅)သိန်းကျော် ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် (၁) သိန်းကျော်ကို ထုတ်လုပ်နေတာပါ။ အခုအခါမှာတော့ ရာဘာစျေးကျလာတာနဲ့အတူ အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် ရာဘာ တောင်သူအများစုက လုပ်ငန်းတွေကို ရပ်နားထားရပါတယ်။ ဒါကြောင့်…

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို မွန်ပြည်နယ်မှာ ကန့်ကွက်သူ မရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို နိုဝင်ဘာလကုန်ပိုင်းထိ မွန်ပြည်နယ်မှာ ကန့်ကွက်သူမရှိဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ရွေးကောက်တင်မြောက်ခံရတဲ့ ကိုယ်စားလှယ် ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်တဲ့ ကန်ကွက်စာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာတဲ့နေ့မှစပြီး ၄၅ ရက်အတွင်း ကော်မရှင်ကို တင်သွင်းနိုင်တယ်လို့ ရွေးကောက်ပွဲနည်းဥပဒေမှာ ဖော်ပြထားပါတယ်။…

မြန်မာ-ထိုင်းနယ်စပ်က တရားမဝင်ပြန်လာတဲ့ ထိုင်းနိုင်ငံသားတွေ ကိုဗစ်-၁၉ ကူးစက်ခံရ

မော်လမြိုင် ၊ ဒီဇင်ဘာ(၁) နိုဝင်ဘာလ (၃၀) ရက်နေ့ တနင်္လာနေ့ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင်,ဝင်ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံသားသုံးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်မှုကို တားဆီးနိုင်ရန်အတွက် ထိုင်းမြောက်ပိုင်းဒေသများအတွင်းရှိ လူဦးရေ ၂၀၀ ခန့်ကို ထိုင်းအစိုးရမှ အပူတပြင်း ခြေရာခံ စစ်ဆေးနေပါတယ်။ လူဦးဝင်မှုကြီးကြပ်စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းပြီး သဘာဝလမ်းကြောင်းအတိုင်း ဝင်ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံသား(အမျိုးသမီး ၃…

ကိုဗစ်-၁၉ စည်းကမ်းမလိုက်နာသူတွေကို အရေးယူပေးဖို့ ကျန်းမာရေးဌာနတိုက်တွန်း

မော်လမြိုင် ၊ ဒီဇင်ဘာ(၁) အစိုးရအနေနဲ့ ကိုဗစ်-၁၉ ညွှန်ကြားချက် မလိုက်နာသူတွေကို တိတိကျကျ အရေးယူပေးဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ မော်လမြိုင် ၊ ကျိုက်ထို နဲ့ ဘီးလင်းတို့ကို stay at home သတ်မှတ်ထားပေးမယ့် လူတိုင်း အပြင်ထွက်နေသလို အခါကြီးရက်ကြီးတွေမှာလည်း လူစုလူဝေးတွေ ဖြစ်ပေါ်နေတာပါ။ တစ်ဖက်မှာလည်း ပြည်နယ်အတွင်း covid-19 ကူးစက်မှုဟာ…

အနိုင်ရ NLDပါတီ ကိုယ်စားလှယ်(၃)ဦးကို ပြိုင်ဘက်ပါတီတွေက အမှုဖွင့်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအလွန်မှာ အနိုင်ရ NLD ပါတီကိုယ်စားလှယ် (၃)ဦးကို ပြိုင်ဘက်ပါတီတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ အမှုဖွင့်ထားပါတယ်။ ကျိုက်မရော ၊ ပေါင် နဲ့ မော်လမြိုင်မြို့နယ်ကအနိုင်ရ NLD ကိုယ်စားလှယ် (၃) ဦးက ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို မလိုက်နာလို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ မွန်ညီညွတ်ရေးပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက အမှုဖွင့်လှစ်ခဲ့တာပါ။…