Thanlwintimes

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်မယ့်ကိစ္စ မွန်ညီညွတ်ရေးပါတီ ပြန်လည်ဆွေးနွေးမည်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉) အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်မှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ပြန်လည်ဆွေးနွေးသွားဖို့ ရှိတယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ ပါတီဗဟိုအလုပ်အမှုဆောင် အများစု ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း…

ဆန္ဒပြပွဲ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ ယာယီဆေးရုံ ဖွင့်လှစ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉) ဆန္ဒပြပွဲမှ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ မော်လမြိုင် ဘိုကုန်းရပ် ဓမ္မနန္ဒီ ပရိယတ္တိစာသင်တိုက်မှာ ယာယီဆေးရုံကို ဖွင့်လှစ်ထားပါတယ်။ ဒီဆေးရုံမှာတော့ ထိခိုက်ဒဏ်ရာ ရလာသူတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကျန်းမာရေးစောက်ရှောက်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စေတနာဝန်ထမ်း ဆရာဝန် (၃၀)ကျော် ရှိပြီး ယာယီဆေးရုံမှာ…

စစ်အစိုးရ ကမ်းလှမ်းချက် မွန်ပါတီ လက်ခံပြီးနောက် ဝေဖန်မှု မြင့်တက်ပြီး ပါတီအတွင်း သဘောထား ကွဲလွဲ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈) အာဏာသိမ်း စစ်အစိုးရယန္တရားမှာ ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီက လက်ခံခဲ့ပြီးနောက် မွန်လူထုက ပြစ်တင်ဝေဖန် ရှုတ်ချနေသလို ပါတီအတွင်းမှာလဲ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ စစ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့ တပ်မတော်က မွန်ညီညွတ်ရေးပါတီကို ကမ်းလှမ်းခဲ့တာပါ။ ဒီကမ်းလှမ်းချက်အပေါ် ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ မွန်ညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက် လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။…

စစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှု မွန်က ဌာနဆိုင်ရာ အများစု ပါဝင်လာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၅) Civil Disobidience Movement လို့ခေါ်တဲ့ အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှုမှာ မွန်ပြည်နယ်က ဌာနဆိုင်ရာ အများစု ပါဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၂)ရက်နေ့က စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ နိုင်ငံတဝှမ်းက ဆရာဝန်တွေ ၊ ဆရာ ဆရာမတွေ နဲ့ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့ကြပါတယ်။ မွန်ပြည်နယ်မှာတော့…

စစ်အစိုးရကို ဆန့်ကျင်ကြောင်း မော်လမြိုင်တက္ကသိုလ်က ဆရာ ဆရာမတွေ ဆန္ဒဖော်ထုတ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၅) အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ကြောင်း မော်လမြိုင်တက္ကသိုလ် မေဂျာပေါင်းစုံမှ ဆရာ ဆရာမတွေက ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာတော့ “ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဒို့အရေး ဒို့အရေး ” ၊ “စစ်အာဏာရှင် အလိုမရှိ အလိုမရှိ” ၊ “ရွေးကောက်ပွဲရလဒ် အတည်ပြုပေးရေး…

အခမဲ့ကုသပေးမည့် ဆေးကုခန်းစာရင်း

မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးက တာဝန်ကျ ဆရာ ဆရာမတွေ ၊ သူနာပြုတွေ Civil Disobidience Movement အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှုကို ဆောင်ရွက်နေစဉ်အတွင်း ဆေးရုံရက်ချိန်း ပြန်လည်ပြသရန် လိုအပ်သော လူနာများကို ဆေးရုံကြီး ဆေးမှတ်တမ်းပါလာရင် အခမဲ့စမ်းသပ် ကုသပေးသွားမယ့် ဆေးကုခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒေါက်တာ တင်နွဲ့ဝင်း ( နား ၊…

အာဏာသိမ်းအစိုးရ ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ မော်လမြိုင်တက္ကသိုလ်က ဆရာမတွေ ပါဝင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) Civil Disobedience Movement လို့ခေါ်တဲ့ အာဏာသိမ်းအစိုးရ လက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှုမှာ မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာ ဆရာမ (၃၂) ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ ဖေဖော်ဝါရီ (၂)ရက်နေ့က စတင်ခဲ့ပြီး နိုင်ငံတဝှမ်းက ဆရာဝန်တွေ ၊ ဆရာ ဆရာမတွေ နဲ့ ဌာနဆိုင်ရာအချို့က…

အာဏာသိမ်းကာလ ကိုဗစ်-၁၉ ထိန်းချုပ်ရေး အခြေအနေ

တပ်မတော်အာဏာသိမ်းကာလ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး mawlamyine fever clinic မှ တာဝန်ခံ ဆရာဝန် ဒေါက်တာသက်ကျော်စိုးနဲ့ တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးပါမယ်။ ရိုက်ကူး – သံလွင်တိုင်မ်း

ထိန်းသိမ်းခံရတဲ့ မွန်ဝန်ကြီးအားလုံး နေအိမ်ပြန်ရောက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးအားလုံးဟာ ဖေဖော်ဝါရီလ (၃)ရက်နေ့မှာ နေအိမ်ပြန်လည် ရောက်ရှိခဲ့ကြပါပြီ။ တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းမှာ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအချို့ကို အစိုးရအိမ်ယာကနေ ခေါ်ဆောင်ပြီး တပ်မတော်က ထိန်းသိမ်းခဲ့တာပါ။ အဲ့ဒီလို ထိန်းသိမ်းပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် NLDပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်တို့ကို…

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရှေ့နေကွန်ယက်ထုတ်ပြန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်အာဏာသိမ်းအစိုးရကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ပြည်သူ့ရှေ့နေကွန်ယက်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။