Thanlwintimes

ကျောင်းသားစစ်ကြောင်း ရဲအကြမ်းဖက် ဖြိုခွင်းလို့ ထိခိုက်ဒဏ်ရာရသူ(၁၀)ဦးခန့် ရှိ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၃) ဖေဖော်ဝါရီလ (၁၂)ရက်နေ့က မော်လမြိုင်တက္ကသိုလ် ကျောင်းသားစစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ ထိခိုက်ဒဏ်ရာရသူ (၁၀)ဦးထက်မနည်း ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှာ မော်လမြိုင်တက္ကသိုလ်က ထွက်လာတဲ့ ကျောင်းသားစစ်ကြောင်းကို ရဲက တားပြီး ကျောင်းသား (၄) ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို…

မွန်က အကျဉ်းသား (၂၀၀၀)ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၃) အာဏာသိမ်း စစ်အစိုးရက ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ နိုင်ငံတဝှမ်းက အကျဉ်းသား (၂၀၀၀၀)ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ မွန်ပြည်နယ်က အကျဉ်းသူ အကျဉ်းသား (၂၀၀၀)ကျော်လည်း ပါဝင်ခဲ့ပါတယ်။ မွန်ပြည်နယ်က လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ အမျိုးသမီး ( ၂၄၈)ဦးနဲ့ အမျိုးသား (၁၈၇၇) ဦး ပါဝင်ခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနရဲ့…

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်/မဝင် ဆုံးဖြတ်ချက်ချမည့် မွန်ပါတီ အစည်းအဝေး ရက်ရွှေ့

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၃) အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်/မဝင် ဆုံးဖြတ်ချက်ချမယ့် ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ရက်ရွှေ့လိုက်တယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဗဟိုအလုပ်အမှုဆောင် အများစု ဆုံးဖြတ်ပြီးနောက် ဝေဖန်မှုတွေ ရှိခဲ့လို့ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဒီကိစ္စကို ပြန်လည်ဆုံးဖြတ်သွားဖို့ စီစဉ်ထားတာ…

လူထုထောက်ခံမှု ပိုများတဲ့ ဆန္ဒပြမှုတွေ ဖြစ်လာမယ်လို့ ထိုင်းလူငယ်တွေ ကတိပြု

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁) ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ လူငယ်အဖွဲ့တွေဟာ သူတို့ရဲ့ ဆန္ဒပြမှုများကို ပိုမိုပြင်းထန်စေရန်နှင့် ယခုနှစ်တွင် လူဦးရေ နှစ်သန်းကို စုရုံးနိုင်ရန် ကတိပြုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဆန္ဒပြမှုတွင် အရေးပါတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Panusaya “Rung” ဟာ ဆန္ဒပြသူဦးရေ ၂ သန်းပါဝင်ရေး ရည်မှန်းချက်အပါအဝင် ပြင်ဆင်ထားတဲ့အစီအစဉ်ကို ကြေညာခဲ့ပြီး ဘန်ကောက်တရားရုံးက…

စစ်အစိုးရ ဆန့်ကျင်တဲ့ လှုပ်ရှားမှု တိုင်းရင်းသားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်လာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁) မော်လမြိုင်မြို့ရဲ့ (၅)ရက်မြောက် ဆန္ဒဖော်ထုတ်မှုမှာ တိုင်းရင်းသားလူငယ်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အများစု ပါဝင်လာပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးအနားထိ ဆန္ဒဖော်ထုတ် ချီတက်ခဲ့ကြပါတယ်။ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂဦးဆောင်တဲ့ စစ်ကြောင်း ၊ မွန် ကရင် ပအိုဝ်း တိုင်းရင်းသား စစ်ကြောင်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း စစ်ကြောင်းတွေဟာ မြို့အနှံ့လည့်လည် ဆန္ဒပြခဲ့ကြတာပါ။ မော်လမြိုင်တက္ကသိုလ်…

မွန်ဝန်ကြီးချုပ်နှင့်အတူ UEC မြို့နယ်ဥက္ကဋ္ဌတွေ ဖမ်းဆီးထိန်းသိမ်းခံရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁) မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌတွေကို မနေ့ညပိုင်းမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာလည်း အစိုးရအဖွဲ့ဝန်ကြီးတွေကို တပ်က ခေါ်ယူ ထိန်းသိမ်း ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ ပြန်လည်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်…

စစ်အစိုးရလက်အောက် တာဝန်မထမ်းဆောင်ချင်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၃)ဦး နှုတ်ထွက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၁) စစ်အစိုးရ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ မော်လမြိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၃) ဦး နှုတ်ထွက်ခဲ့ပါတယ်။ မော်လမြိုင်မြို့ပေါ်မှာ (၄၉)ရပ်ကွက် ရှိတဲ့အနက် မောင်ငံ၊ ဘိုကုန်း၊ ကျောက်တန်း၊ စစ်ကဲကုန်း၊ ရွှေတောင်၊ လှိုင်၊ ဖက်တန်း၊ မန္တလေးရပ်ကွက်၊ အောက်ကျင်း၊ ရွှေမြိုင်သီရီ၊ ကျိုက်ဖနဲ၊ ဖားအောက်နဲ့ မင်းရွာ ရပ်ကွက်က အုပ်ချုပ်ရေးမှူး…

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ထိုင်းဝန်ကြီးချုပ်ထံ ဒီမိုကရေစီအတွက်ထောက်ခံမှု တောင်းခံ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀) မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ဒီမိုကရေစီကို ထောက်ခံဖို့ရန် စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး ၂၀၁၉ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာယွတ်က သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့…

(၄)ရက်မြောက်နေ့ ဆန္ဒဖော်ထုတ်မှု ဌာနဆိုင်ရာဝန်ထမ်း အများစု ပါဝင်လာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀) ဖေဖော်ဝါရီလ (၁၀)ရက်နေ့ မော်လမြိုင်မြို့ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ အများစု ပါဝင်ခဲ့ပြီး ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ ၊ လျှပ်စစ်ဝန်ကြီးဌာန ဝန်ထမ်းတွေ ၊ LGBT အသိုင်းအဝိုင်းတွေနဲ့ ဝန်းရံသူ ပြည်သူတွေက ဆန္ဒဖော်ထုတ်မှုတွေမှာ တက်တက်ကြွကြွပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲအရာရှိတစ်ဦးမှလည်း…

မော်လမြိုင် ဆန္ဒဖော်ထုတ်မှု ရဲအရာရှိ(၁)ဦး ပူးပေါင်းပါဝင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀) အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်ပွဲမှာ ရဲအရာရှိတစ်ဦးက ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ မော်လမြိုင်မြို့မှာတော့ စစ်အစိုးရ ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတွေကို အရှိန်အဟုန် မပျက်ဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ ဝန်းရံမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပါတယ်။ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းအများစုက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရဲအရာရှိ တစ်ဦးကလည်း ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ…