Thanlwintimes

ဘီးလင်းမှလွဲပြီး ကျန်မြို့နယ်တွေမှာ မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ (၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဘီးလင်းမြို့နယ်မှလွဲပြီး ကျန်မြို့နယ်တွေမှာ မြို့နယ်အဆင့် အခမ်းအနားတွေကို ကျင်းပသွားမယ်လို့ ကျင်းပရေး ကော်မတီတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာ ကျရောက်မယ့် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် တစ်မြို့နယ်ကို ကျပ်(၁၀)သိန်းစီ ခွဲဝေပေးထားတယ်လို့ (၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ နိုင်မွန်ရာဇာက ပြောပါတယ်။ ”…

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကော်အသစ်နဲ့ ကရင်ပြည်သူ့ပါတီ တွေ့မည်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၅) ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်တွေအပေါ် သံသယရှိလို့ ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ သွားရောက်တွေ့ဆုံမယ်လို့ ကရင်ပြည်သူ့ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာသိမ်းစစ်အစိုးရက ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးသိန်းစိုး ဦးဆောင်သော ရွေးကောက်ပွဲကော်မရှင်ဟာ ဖေဖော်ဝါရီ (၂၆)ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာပါ။ ကရင်ပြည်သူ့ပါတီကတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ငါးခုက မဲရလဒ်တွေအပေါ် သံသယရှိလို့ ကော်မရှင်အသစ်နဲ့…

ရွေးကော်အသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မွန်ပါတီ တွဲဖက်အတွင်းရေးမှူး(၂)ကို တာဝန်ပေး

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၄) အာဏာသိမ်း စစ်အစိုးရက ပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ မွန်ညီညွတ်ရေးပါတီကတွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်ကို တာဝန်ပေးလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အသစ်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမည်ဟုဆိုပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ပါတီအသီးသီးထံ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီမှ ခန့်အပ်ထားတဲ့ ဦးသိန်းစိုး ဦးဆောင်သော ရွေးကောက်ပွဲကော်မရှင်က​ နိုင်ငံရေးပါတီများနဲ့…

ပြည်သူ့အစိုးရဖွဲ့ချိန်ထိ ဝန်ထမ်းတွေကို ခွင့်ပေးလို့ လဝက ဝန်ကြီး တရားစွဲဆိုခံရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၄) မွန်ပြည်နယ်အစိုးရအဖွဲ့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြည်သူ့အစိုးရဖွဲ့ချိန်ထိ အလုပ်ပိတ်ရက် ပေးခဲ့လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်ဟာ မော်လမြိုင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရပါတယ်။ ဝန်ထမ်းတွေကို ပြည့်သူ့အစိုးရဖွဲ့ချိန်ထိ ခွင့်ပေးကြောင်းနဲ့ အလုပ်အကိုင် နစ်နာမှုရှိခဲ့တဲ့ ဝန်ထမ်းတွေကို ပြည်သူ့အစိုးရဖွဲ့စည်းပြီးချိန်တွင် ပြန်လည်ကုစားပေးမယ်ဆိုတဲ့ ကြေညာချက်ကို ဝန်ကြီးချုပ်ကိုယ်စား လဝက ဝန်ကြီး လက်မှတ်နဲ့…

ဆန်ပြတ်လပ်မှာကို စိတ်ပူစရာ မလိုဘူးလို့ ဆန်ကုန်သည်များအသင်း ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃) လက်ရှိ နိုင်ငံအကြပ်အတည်းကာလကြောင့် ဆန်ပြတ်လပ်မှာကို စိတ်ပူစရာ မလိုဘူးလို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်းက ပြောပါတယ်။ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နေ့စဉ်ရက်ဆက် ဖြစ်လာလို့ ပြည်သူအကြားမှာ စိုးရိမ်မှုတွေလည်း ရှိလာနေပါတယ်။ အချို့ပြည်သူတွေဟာ စိုးရိမ်စိတ်တွေကြောင့် ဆန်နဲ့အတူ မီးဖိုချောင်သုံးပစ္စည်းတွေကို အလုအယက် ဝယ်ယူခဲ့လို့ စျေးကွက်မှာ ပြတ်လပ်ပြီး စျေးနှုန်း…

CDM ဆရာဝန်တွေရဲ့ လစာလျော့ပါး ပျောက်ဆုံးရင် ဆေးရုံအုပ် တာဝန်ခံရမယ်လို့ သတိပေး

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃) စစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေစဉ် လစာတွေ လျော့ပါးပျောက်ဆုံးရင် ဆေးရုံအုပ်ကြီး တာဝန်ခံရမယ်လို့ မော်လမြိုင်က လက်ထောက် ဆရာဝန်တွေက သတိပေး ကြေညာလိုက်ပါတယ်။ မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးနဲ့ ​မော်လမြိုင်အမျိုးသမီးနဲ့ကလေး ဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေဟာ စစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ ဆေးရုံမလာဘဲ CDM…

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကော်နဲ့ နိုင်ငံရေးပါတီများဆွေးနွေးပွဲ မွန်ပါတီ တက်မည်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃) အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို မွန်ညီညွတ်ရေးပါတီက တက်ရောက်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမည်ဟုဆိုပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီမှ ခန့်အပ်ထားတဲ့ ဦးသိန်းစိုး ဦးဆောင်သော…

ညမထွက်ရအမိန့်ကြောင့် အခြေခံလုပ်သားတွေ အခက်တွေ့

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၂) စစ်တပ်က အာဏာသိမ်းပြီးနောက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကြောင့် ညနေပိုင်းနဲ့ မနက်အစောပိုင်း စျေးရောင်းချသူတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ဖေဖော်ဝါရီလ (၉)ရက်နေ့က စတင်ပြီးတော့ ည(၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရ အမိန့်ကို တပ်က ထုတ်ပြန်ထားတာပါ။ အခုလို အခြေအနေကြောင့် ည(၈)နာရီကျော်ထိ စျေးရောင်းချခွင့် မရှိတော့လို့ ညနေခင်း…

ဒေါက်တာအောင်နိုင်ဦး မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၂) အာဏာသိမ်း စစ်အစိုးရရဲ့ မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီမှာ အဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီက ပါဝင်ခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ဒီကနေ့မှာ ပါတီမှ နှုတ်ထွက်လိုက်ပါတယ်။ အာဏာသိမ်း စစ်အစိုးရရဲ့ ကမ်းလှမ်းမှုအပေါ် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အများစုက လက်ခံဖို့ ဆုံးဖြတ်ပြီးနောက် ပါတီအတွင်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။…

ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို တပ်က ပြန်မလွှတ်သေး

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉) မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ UEC မြို့နယ် ဥက္ကဋ္ဌတွေကို တပ်က ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာလည်း အစိုးရအဖွဲ့ဝန်ကြီးတွေကို တပ်က ခေါ်ယူ ထိန်းသိမ်း ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ ပြန်လည်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချထားရာမှ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ညပိုင်းမှာ…