2022

တနင်္သာရီက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စစ်တပ် ဖိအားပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီတပ်က ဖိအားပေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တကူးဒေသမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတာပါ။ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ဘေးရှောင်ပြည်သူ ၁၀၀…

DKBA စခန်းကို စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ် ဝင်တိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေ ဖလူးဒေသမှာ ရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) တပ်စခန်းကို စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး ဖလူးဒေသမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)တပ်စခန်းကို စစ်ကောင်စီနဲ့ BGF…

ကရင်ဒေသတိုက်ပွဲတွေကြောင့် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားလို့ ထိုင်းကုန် ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့ အနီးမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ…

ထိုင်းအစိုးရမှ မွေထိုင်းကစားနည်း မြှင့်တင်ရေးအတွက် ဆောင်ရွက်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၁၃ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာသည် ထိုင်းလက်ဝှေ့ ‌(မွေထိုင်း) ကစားနည်းကို မြှင့်တင်ပြီး ထိုင်းနိုင်ငံ၏ ယဥ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ လွှမ်းမိုးနိုင်စွမ်းများဖြင့် နိုင်ငံတကာနှင့်ဆက်ဆံ‌ရေးအား တိုးမြှင့်ဆောင်ရွက် နိုင်ရန်အတွက် အစီအမံထားရှိသည်။ ထိုင်းနိုင်ငံ ယဥ်‌ကျေးမှုဝန်ကြီးဌာန အကြံပေး၊ ကမ္ဘာ့အဆင့် မွေထိုင်းမဟာမိတ်အသင်း ဥက္ကဌ ထွန်ဟွာခွန် ထိဖိ ရာကျန်သည် ခရီးသွားကဏ္ဍနှင့် အားကစားရေးရာဝန်ကြီး၊ ဝန်ကြီး ဒီစတတေ့ ၏…

စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် KUN ထိန်းချုပ်နယ်မြေမှာ စစ်ရှောင်ပြည်သူ တစ် သိန်းကျော်ထိ ရှိလာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၃) ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ထိ ရှိလာပြီးလို့ ကေအဲန်ယူနဲ့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ရေးအင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်တာ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာတဲ့အတွက်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဦးရေဟာလည်း အရင်ကထက် ပိုမိုပြားလာခဲ့တာ…

မွန်က အခြေခံပညာကျောင်းတွေမှာ ကိုဗစ် ဆက်တိုက်တွေ့ရှိနေလို့ ကျောင်းသားမိဘတွေ စိုးရိမ်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၃) စစ်ကောင်စီက မရမက ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ဆက်တိုက်တွေ့ရှိနေတဲ့အတွက်ကြောင့် ကျောင်းသား မိဘတွေက ကလေးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။ မွန်ပြည်နယ်အတွင်းက အခြေခံ ပညာကျောင်းတွေမှာတော့ ကျောင်းသား၊ ကျောင်းသူတွေ အပြင် ဆရာ၊ ဆရာမတွေမှာပါ ကိုဗစ်ရောဂါပိုး ဆက်တိုက်တွေ့ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီလို…

အိန္ဒိယပါလီမန်က ဝန်ထမ်း ၄၀၀ ကျော်တွင် ကိုဗစ် ၁၉ ပိုးစမ်းသပ်တွေ့ရှိ

နယူးဒေလီ၊ ဇန်နဝါရီ ၁၁ နယူးဒေလီမြို့ရှိ အိန္ဒိယပါလီမန်က ဝန်ထမ်း ၄၀၀ ကျော်တွင် ကိုဗစ် ၁၉ စမ်းသပ်တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ANI သတင်းဌာနမှ သတင်းထုတ်ပြန် ခဲ့သည်။ ဇန်နဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ၁၄၀၉ ဦးကို စမ်းသပ်ခဲ့ပြီး ၄၀၂ ဦးတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်း…