2022

စစ်ကောင်စီက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတွေကို အရေးယူတာ ဥပဒေနဲ့ မညီဘူးလို့ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၆) စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကို အမှုဖွင့်အရေးယူတာဟာ ဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပါအဝင် တိုင်းနဲ့ပြည်နယ်၊ ခရိုင်နဲ့…

KUN တပ်မဟာ (၁) နယ်မြေထဲကို စစ်ကောင်စီတပ် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၆) ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲကို အာဏာသိမ်း စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။ KUN တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီ ၁၄ ရက်နေ့က သိမ်ဆိပ်-လေးကေ လမ်းကနေ တင့်ကား အပါအဝင်…

ထိုင်းနိုင်ငံတွင် ဝက်သားဈေးနှုန်းကျဆင်းဖို့ လုပ်ဆောင်ရန် အချိန်တစ်နှစ်ခန့် ကြာမည်ဟုဆို

ဘန်ကောက်၊ ဇန်နဝါရီ ၁၅ ထိုင်းနိုင်ငံတွင် ဝက်သားဈေးနှုန်း ပုံမှန်နှုန်းထားအတိုင်း ပြန်လည်ကျဆင်းဖို့ အချိန် ၈ လကနေ ၁ နှစ်အထိ ကြာမြင့်နိုင် သည်ဟု မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DLD) ၏ အထွေထွေဒါရိုက်တာမှ ပြောကြားခဲ့သည်။ ‌သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဆိုရာဗစ် ထာနီတို (Sorravis Thaneto) က ဈေးနှုန်းကို ထိန်းထားနိုင်သည့်…

ကိုဗစ်ကြောင့် ရပ်ဆိုင်းခဲ့သည့် ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးဆွေး‌နွေးမှုများကို ထိုင်းအစိုးရ ပြန်လည် စတင်

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ထိုင်းအစိုးရနှင့် ထိုင်းတောင်ပိုင်းရှိ ပုန်ကန်မှုများကို ဦးဆောင်နေသည့် အဓိက လက်နက်ကိုင် အဖွဲ့ အစည်းတို့ တွေ့ဆုံမှုကို နဂိုအတိုင်း ပြန်လည်ကျင်းပနိုင်ခဲ့ပြီး နှစ်နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှု ရပ်ဆိုင်းခဲ့ပြီးနောက် ယခုကျင်းပမှုမှတဆင့် နှစ်ဖက်စလုံးမှ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထား ကြောင်း တက်ရောက်သူများမှ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုင်းအစိုးရအဖွဲ့ကိုယ်စားလှယ်နှင့် အမျိုးသားတော်လှန်ရေးတပ်ဦးဟု အမည်ရသော…

ရွေးကောက်ပွဲတွင် လက်နက်ကိုင်အဖွဲ့အားလုံး ဥပဒေနှင့်အညီပါဝင်မှ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ထားဝယ်၊ ဇန်နဝါရီ ၁၄ ရွေးကောက်ပွဲတွင် လက်နက်ကိုင်အဖွဲ့အားလုံး ဥပဒေနှင့်အညီ ပါဝင်မှ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ထားဝယ်မြို့ခရီးစဉ်မှာ သူ၏ အုပ်ချုပ်ရေးအဖွဲ့တွေကို မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး ပါတီစုံလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တယောက်တမျိုးစီဖြစ်နေလို့ရမှာမဟုတ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တဖက်မှာလည်း အာဏာသိမ်းစစ်အုပ်စုက ငါးလတာအပစ်ခတ်ရပ်စဲရေးဟု ကြေငြာထားသော်လည်း…

မော်လမြိုင်၊ ရေး၊ ထားဝယ် ပင်လယ်ကမ်းခြေ မီးရထားလမ်းအတွက် အကောင်အထည်ဖော်နေဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ မော်လမြိုင်မြို့မှ တဆင့် ရေးမြို့ ယင်းမှ တဆင့် ထားဝယ်မြို့တို့ ဆက်စပ်နေသည့် ကမ်းခြေတလျှောက် ပင်လယ်ကမ်းခြေမီးရထားလမ်းကြောင်းကို စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်နေပြီဟု ထားဝယ်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်မြို့တလျှောက် ကမ်းခြေ ရေကြောင်းလမ်း ခရီးစဉ်များ ပြေးဆွဲရေးကိုလည်း အကောင်အထည်ဖော်နေကြောင်းထပ်မံပြောဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့…

အိုမီခရွန်သည် ဒယ်လ်တာထက် ပြင်းထန်လက္ခဏာမဖြစ်သော်လည်း ကာကွယ်ဆေး မထိုးရ သေးသူများအတွက် အန္တရာယ်ရှိနေသေးဟု WHO ပြော

စင်ကာပူ၊ ဇန်နဝါရီ ၁၃ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက ဒယ်လ်တာဗီဇ ထက် ပြင်းထန်လက္ခဏာများကို မဖြစ်ပေါ် စေသော်လည်း ကာကွယ်ဆေးမထိုးနှံသေးသူများအတွက် အန္တရာယ် ရှိသော ဗိုင်းရပ်စ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် အထွေထွေဒါရိုက်တာ တက်ဒရော့စ် အဒ်ဒမ်နွမ် ဂက်ဘရေးဆက်စ် က နိုင်ငံပေါင်း…

မွန်ပြည်နယ်မှာ ဖုန်းဆင်းကဒ်တွေ ဈေးနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) စစ်ကောင်စီက ဖုန်းဆင်းကဒ်နဲ့ အင်တာနက်ဒေတာ အခွန်တိုးကောက်ဖို့ ကြေညာပြီးနောက် မွန်ပြည်နယ်မှာတော့ ဖုန်းဆင်းကဒ်တွေ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆင်းကဒ်အရောင်းဆိုင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ မှတ်ပုံတင်ပြီးသာ လက်ကျန် ဆင်းကဒ်တွေဟာ တစ်ကဒ်ကို ကျပ် ၄၀၀၀ ကနေ့ ၅၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါအပြင် စစ်ကောင်စီက အခွန်တိုးကောက်ဖို့ ကြေညာပြီးနောက်…