2022

ဝန်ကြီးချုပ် ပရရွတ်ကို နိုင်ငံရေးပါတီအသစ်တစ်ခုမှ ကြိုဆိုလက်ခံရန် အဆင်သင့်ရှိနေ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ညွန့်ပေါင်းအဖွဲ့၏ အမာခံ PPRP အနေဖြင့် ဝန်ကြီးချုပ် ပရရွတ်ကို ဖိအားပေးများ ဆက်လက်ပေးနေမည် ဆိုပါက ရူရမ်မ်ထိုင်းဆန်ချာတ်ပါတီ (Ruam Thai Sang Chart Party) ကို ဦးဆောင်ဖို့ မစ္စတာပရရွတ်ကို ဖိတ်ခေါ် သွားမည်ဟု ပါတီတည်ထောင်သူမှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်ရုံး၏ ဒုဝန်ကြီး ဆစ်ကွန် အာထဝန်၏…

စစ်ကောင်စီရဲ့ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု အထောက်အထား မတွေ့လို့ လုပ်ငန်း ပိတ်သိမ်း

သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၉ အာဏာသိမ်း စစ်ကောင်စီရဲ့ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာရှိ မိန်ဘလာတောင်က ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းဟာ အထောက်အထား တစ်စုံတစ်ရာ မတွေ့တာကြောင့် တူးဖော် ပိတ်သိမ်းလိုက်ပြီးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းအတွက် ဥတ္တရမြေကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဥတ္တရမြေကုမ္ပဏီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေကို ရှာဖွေဖို့အတွက်…

အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်း ထက်ဝက်ကျော် မြင့်တက်လာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၉ မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီနဲ့ မီးဖိုချောင်းသုံးကုန်ပစ္စည်း ဈေးနှုန်း ထက်ဝက်ကျော် မြင့်တက် လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေထဲမှာတော့ ပေါ်ဆန်းတစ်အိတ်ဟာ အရင်က ကျပ် ၃၀၀၀၀ ဝန်းကျင်ကနေ ကျပ် ၄၀၀၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာသလို စာသုံးဆီဈေးနှုန်းကလည်း ကျပ်…

ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်းမှာ ကိုဗစ်ပိုး အစုအလိုက် အပြုံအလိုက် တွေ့ရှိ

သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၉ သံဖြူဇရပ်မြို့နယ်၊ကျိုက္ခမီမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းက ဆရာမတွေအပါအဝင် ကျောင်းသား/သူ အယောက် ၄၀ ကျော်မှာ ကိုဗစ်ရောဂါပိုး အစုအလိုက်အပြုံအလိုက် ရောဂါကူးစက်ခံလိုက်ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျောင်းသား တစ်ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီးနောက် ဆရာ၊ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသားတွေမှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးကြည့်ရာမှာတော့ ရောဂါပိုး ကူးစက်ခံရသူအယောက်…

မစ္စတာရှောင်တာနယ် ပြန်လည်လွတ်မြောက်လာကြောင်း မှားယွင်းပြောကြားခဲ့ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၈ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာရှောင်တာနယ်လွတ်မြောက်ရေးအတွက် ကူညီပေးခဲ့သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောဆိုချက်မှာ မရည်ရွယ်သော အမှားတခုဖြစ်ခဲ့ပြီး မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့ခြင်းမရှိခဲ့ပေ။ အာဆီယံ ဥက္ကဌ ဖြစ်သူ မစ္စတာ ဟွန်ဆန်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုချက် ကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှောင်တာနယ်အား သွားခွင့်ပြုရန် ပြောဆိုပေးခဲ့ပြီး နောက်တွင် အဆိုပါပုဂ္ဂိုလ်လွတ်မြောက်လာခဲ့သည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သည်။…

ပြောင်းတင်ပို့သူတွေ ကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၈ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ထွက်ရှိတဲ့ ပြောင်းတွေကို ထိုင်းနိုင်ငံနယ်စပ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့ရတဲ့ အတွက်ကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။ ပြောင်းတင်ပို့သူတွေဟာ တရုတ် နယ်စပ်ဂိတ်တွေ အားလုံးနီးပါးပိတ်ထားတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံမှ တဆင့် တရုတ်နိုင်ငံကို တင်သွင်းနေရပြီး အခုအခါ စက်သုံးဆီအပါအဝင် အထွေထွေကုန်စရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေတာပါ။ လက်ရှိမှာတော့…

အာဏာသိမ်း စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစရာ မရှိဘူးလို့ KNU တုံ့ပြန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးကို ချိုးဖောက်လိုက်တဲ့အတွက်ကြောင့် အာဏာသိမ်း စစ်တပ်နဲ့ ငြိမ်းချမ်းရေး အကြောင်းအရာ ဆွေးနွေးစရာ လုံးဝ မရှိဘူးလို့ KNU က တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ကြောင်းနဲ့ ဆွေးနွေးမယ့်အကြောင်းအရာကို…

ဘားအံမှာ BGF စခန်းပြင်ဖို့အတွက် တစ်အိမ် သစ် ၃ လုံးပေးဖို့ အဓမ္မတောင်းခံနေ

ဘားအံ၊ ဖေဖေါ်ဝါရီ ၈ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးရှိ BGF ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ပျက်စီးသွားတာကြောင့် ပြန်လည်ပြုပြင်ဖို့ ဒေသခံတွေဆီက တစ်အိမ်ကို သစ် ၃ လုံးပေးဖို့ အတင်းအဓမ္မ တောင်းခံမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ညောင်ကုန်းရွာဒေသခံတွေကို ညောင်ကုန်းရွာရှိ အမှတ်(၁၀၁၄)BGF၊ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်ပြီး…