2022

ဂျပန်နိုင်ငံသို့ ပြည်ဝင်တားမြစ်ချက် ပြန်လည်‌ဖြေလျှော့ရန် စဉ်းစားနေ

တိုကျို၊ ဖေဖော်ဝါရီ ၁၃ ဂျပန်အစိုးရသည် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အဝန်းအဝိုင်းများတွင် ဝေဖန်မှုများမြင့်တက်လာသည့် အချိန်တွင် ပြည်တွင်းနေထိုင်သူမဟုတ်သော နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ၃ လကျော်ကြာ ပိတ်ပင်ထား သည့် အခြေအနေကို ပြန်လည်ဖြေလျှော့ပေးရန် စဥ်းစားမည်ဟု ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက စနေနေ့တွင် ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်သည် နယ်စပ်ထိန်းချုပ်မှုများကို မည်သည့်အချိန်တွင် ဖြေလျှော့သွားမည်ကိုမူ ရှင်းလင်းစွာ ပြောကြားခြင်းမရှိခဲ့ပါ။…

ထိုင်းဆန္ဒပြလူငယ်ခေါင်းဆောင်(၂)ဦးကို တရားရုံးတော်မှ ယာယီလွတ်ငြိမ်းခွင့်ပြု

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂ ဖမ်းဆီးထိန်းသိမ်းခံထားရသော ထိုင်းဆန္ဒပြလူငယ်ခေါင်းဆောင် ပါနူပွန် ဂျဒ်နိုကို ကို အချုပ်မှ ပြန်လည် လွှတ်ပေးရန် အယုဒ္ဓယရုံးတော်မှ ယာယီလွတ်ငြိမ်းခွင့်ကို သောကြာနေ့ ၌ အတည်ပြုခဲ့သည်။ လူ့အခွင့်အရေးများဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ Thai Lawyers for Human Rights (TLHR) ၏ ထုတ်ပြန်ချက်အရ မိုက် (Mike) ဟု လူသိများသော…

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် လူမျိုးတိုင်းနဲ့ လက်တွဲ အကောင်အထည်ဖော်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ လွတ်လပ်မှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ လူမျိုးတိုင်း၊ အဖွဲ့စည်းအတိုင်းနဲ့လက်တွဲပြီး ကရင်အမျိုးသားတွေအနေနဲ့ အကောင်အထည်ဖော်ဆောင်ကြဖို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖို့က တိုက်တွန်းလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်မယ့် (၇၄)ကြိမ်မြောက် ကရင့်အမျိုးသားနေ့အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပေးပိုးတဲ့သဝဏ်လွှာမှာ တိုက်တွန်းထားတာပါ။ ကရင်အမျိုးသားတွေရဲ့ တန်းတူရေး၊…

မွန်က အခြေခံပညာကျောင်းတွေမှာ ကိုဗစ်ပိုး အစုလိုက် အပြုံလိုက် တွေ့ပေမယ့် ကျောင်းမပိတ်တဲ့အပေါ် စိုးရိမ်မှု မြင့်တက်နေ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ်အတွင်းက အခြေခံ ပညာကျောင်းတွေမှာ ကိုဗစ်ရောဂါပိုး အစုလိုက် အပြုံလိုက် တွေ့ပေမယ့် ကျောင်းမပိတ်တဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ အခုရက်ပိုင်းအတွင်း ဆရာ၊ဆရာမတွေ အပါအဝင် ကျောင်းသူ၊ကျောင်းသားတွေမှာ ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် တွေ့ရှိနေတာ ဖြစ်ပြီး အဲဒီထဲမှာ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်ခမီအထက်တန်းကျောင်းမှာ…

ဘားအံတက္ကသိုလ် ကျောင်းသားကိုးဦး ထောင်ဒဏ် ၁၂နှစ်၊ ၁၃နှစ်အသီးသီး အမိန့်ချခံရ

ဘားအံ၊ ဖေဖော်ဝါရီ ၁၁ စစ်ကောင်စီရဲ့ မတရားပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဘားအံတက္ကသိုလ်ကျောင်းသားလူငယ်တွေဟာ တရားရုံးအတွင်းမှာ အရေးတော်ပုံအောင်ရမယ်လို့ သံပြိုင်အော်ဟစ်ပြီး တရားရုံးကနေအပြန် ထောင်ကားပေါ်ကနေ သွေးသစ္စာသီချင်းကို အော်ဆိုသီဆိုခဲ့တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လပိုင်းက ဘီးလင်းမြို့မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ ဘားအံတက္ကသိုလ်က ကျောင်းသားလူငယ် ၉ ဦးကို မနေ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ပုဒ်မ ၅၀၅(က)၊…

နိုင်ငံခြားခရီးသွားဧည်သည့်ဝင်ခွင့် ၂ နှစ်ကြာပိတ်ပြီးနောက် ဖိလစ်နိုင်ငံမှာ ဝင်ရောက်ခွင့် ပြန်လည်ဖွင့်လှစ်

မနီလာ၊ ဖေဖော်ဝါရီ ၁၀ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်း ကိုဗစ်ကူးစက်မှုဖြစ်စဥ်ကို ထိန်းချုပ်နိုင်ရေးကို အကောင်အထည်ဖော်နိုင် ရန် ကိုဗစ်တားမြစ်ချက်ကို ၂ နှစ်ကျော်ကြာကန့်သတ်ပြီးနောက် နိုင်ငံခြားခရီးသွားဧည်သည့်များအတွက် ၎င်း၏ နယ်စပ်များကို ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံပေါင်း ၁၅၇ နိုင်ငံ မှ လာရောက်ကြမည့် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော ခရီးသည်များ အပေါ် နယ်စပ်ကန့်သတ်ချက်များ လျှော့ချမှုသည် ဗီဇာကင်းလွတ်ခွင့်အစီအစဥ်များပါဝင်ပြီး ၎င်းအခြေ အနေသည်…

စစ်ကောင်စီရဲ့ အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့ထက်မနည်း တက်ရောက်ဖို့ ရှိနေ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို PPST အနေနဲ့ တက်ရောက်ဖို့ မရှိပေမယ့် အပစ်ရပ် လက်မှတ်ရေးထိုးတဲ့ အဖွဲ့ တစ်ဖွဲ့ချင်းဆီအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တက်ရောက်သွားဖို့ သတင်းရရှိထားတယ်လို့ ခွန်ဥက္ကာက ပြောပါတယ်။ စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် ၅ ဖွဲ့ထက်မနည်း တက်ရောက်ဖို့ ရှိတယ်လို့…