2022

ကျောင်းသူ ၁၃ ဦးကို အဓမ္မပြုကျင်ခဲ့သည့် ကျောင်းဆရာတဦးကို အင်ဒိုနီးရှားနိုင်ငံရုံးတော်တခုမှ ထောင်ဒဏ်တသက် တကျွန်း ပြစ်ဒဏ်ချမှတ်

ဘန်ဒေါင်း၊ ဖေဖော်ဝါရီ ၁၅ အင်ဒိုနီးရှားရုံးတော်မှ ကျောင်းသူ ၁၃ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ် တသက် တကျွန်းချမှတ်ခဲ့ပြီး နိုင်ငံ၏ ဘာသာရေးအခြေပြုစာသင်ကျောင်းများတွင် လိင်အကြမ်းဖက်မှုဖြစ်ပေါ်ခဲ့ သော တစ်နိုင်ငံလုံး၏ အာရုံစူးစိုက်မှုအခံရဆုံး ကိစ္စတရပ်ဖြစ်လာခဲ့သည်။ ကျောင်းနေအရွယ် မိန်းကလေးငယ် ၁၃ ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ထိခိုက်ခံရသူများအနက် ၈ ဦးတွင် သန္ဓေတည်ခဲ့ကာ ၎င်းပြစ်မှုကို ကျူးလွန်သော…

စစ်အာဏာရှင် တော်လှန်ရေး လူထုတိုက်ပွဲမှာ မွန်ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးဖို့ MSICC တိုက်တွန်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆) စစ်အာဏာရှင် တော်လှန်ရေး လူထုတိုက်ပွဲမှာ မွန်ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC က တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အပေါ် အခု တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ မွန်လူမျိုးတွေလိုလားတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဟာ…

စစ်ကောင်စီတပ်တွေ ဖျက်ဆီးထား၍ ယူစရာ ဘာမှမကျန်တော့ဟု လွိုင်ကော်စစ်ဘေးရှောင်တွေပြော

လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၅ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ လွိုင်ကော်က စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ နေအိမ်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးထားလို့ ယူစရာမကျန်တော့ဘူးလို့ ပြောကြပါတယ်။ လက်ရှိမှာတော့ ကရင်နီ ပြည်နယ်(ကယား)ရဲ့မြို့တော် လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ပစ္စည်းလိုအပ်ချက်တွေကြောင့် နေအိမ်ပြန်ပြီး ပစ္စည်းယူမယ့် စစ်ဘေးရှောင်တွေဟာ ယူစရာပစ္စည်းတွေ ဖျက်ဆီးခံထားရတာကြောင့် ဘာမှမကျန်နေဘူးလို့ ပြောပါတယ်။…

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရှက်ဖို့ ကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ဝေဖန်ခံရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၅) အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ မတိုင်ခင် အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် အကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း…

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆက်လက်ဖမ်းဆီးခံနေရ

ကန်ချနဘူရီ၊ ဖေဖော်ဝါရီ ၁၄ ထိုင်းနိုင်ငံအနောက်ဘက်နယ်စပ်ကနေတဆင့် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄၂ ဦးကို ပြီးခဲ့တဲ့ စနေ့၊ တနင်္ဂနွေနေ့တွေမှာ နယ်စပ်စောင့်ကြည့်ရေးတပ်တွေက ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အဖွဲ့ (၈)ဖွဲ့ခွဲကာ ဝင်ရောက်လာတာဖြစ်ပြီး နေရာ(၄)ခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေအထဲမှာတော့ အမျိုးသား ၉၁ ဦးနှင့် အမျိုးသမီး ၅၁ ဦးပါဝင်ပြီး နယ်စပ်ဖြတ်ကျော်မှုကို…

ထိုင်းတောင်ပိုင်းနယ်စပ်ဂိတ်ရှေ့လတွင် ဖွင့်မည်

ဆုန်ခလာ၊ ဖေဖော်ဝါရီ ၁၄ ထိုင်း-မလေးရှားနယ်စပ်ဂိတ်ကို ရှေ့လမှာ ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအစိုးရမှ စီစဉ်နေပြီး ထိုင်းတောင်ပိုင်းဒေသရဲ့ ခရီးသွားလာမှုနှင့် စီးပွားရေးမြှင့်တင်မှုအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အစိုးရလက်ထောက်ပြောခွင့်ရ မစ္စရတ်ချဒါကတော့ ဝန်ကြီးချုပ်မှ ကိုဗစ်၁၉ ထိန်းချုပ်ရေးဗဟိုစင်တာသို့ ညွှန်ကြားချက်ပေးခဲ့ပြီဖြစ်ကြောင်းနှင့် ခရီးသွားလာရေးနှင့် အားကစားအရေးပေါ်ဆောင်ရွက်ရေးစင်တာသို့လည်း ထိုင်းတောင်ပိုင်းဒေသများဖြစ်သော ဆုန်ခလာ၊ ရာလာ၊ နရတ်ထီဝတ်နှင့် ဆာတွန်တွေမှာ စစ်ဆေးရေးဂိတ်တွေကို ဖွင့်လှစ်ဖို့အတွက် သတ်မှတ်ချက်ထားရှိဖို့လည်း ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။…

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြ

ထားဝယ်၊ ဖေဖေါ်ဝါရီ ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား‌တွေဟာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဒုတိယအကြိမ် အစာငတ်ခံဆန္ဒပြနေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့စစ်ကောင်စီအမိန့် မှန်သမျှကို ဆန့်ကျင်ကန့်ကွက်တာ၊ အကျဉ်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အစာငတ်ခံဆန္ဒပြတာကိုတော့ မနက်စာ စားချိန်ကနေ စတင်ပြီး အကျဉ်းသား အများစု…

မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရတယ် လို့ ကိုဗစ်အရေး ကူညီနေသူတွေက ပြောပါတယ်။ စစ်ကောင်စီ ကျန်းမာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ချက်အရ ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်ထိ ၄ ရက်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈၇ ဦးထိ ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ ဒီထက်…