မလေးရှားနှင့် စင်ကာပူ ကုန်းလမ်းခရီးသည် ဝင်ခွင့်အရေအတွက်ကို မတ်လ ၁၄ ရက်မှ စတင်ပြီး တိုးမြှင့်ခွင့်ပြုမည်
စင်ကာပူ၊ မတ် ၁၁ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ကုန်းလမ်းဖြတ်သန်းခွင့် အစီအစဥ်ကို မတ်လ ၁၄ ရက်နေ့မှ စတင်ပြီး နေစဥ့်ခရီးသည်ဝင်ရောက်ခွင့်အရေအတွက်ကို ၂၁၆၀ ဦးမှ ၃၄၂၀ ဦးတိုးမြှင့်သွားမည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုဆောင်ရွက်ချက်သည် ကွာရန်တင်းနှင့် အခြားလိုအပ်ချက်များ မပါဝင်ဘဲ ပိုမိုများပြားသော ကာကွယ် ဆေးအပြည့်အဝထိုးနှံထားသည့် ခရီးသွားဧည့်သည်များ ဂျိုဟာပြည်နယ်နှင့် စင်ကာပူအကြားကို…