2022

ပဲ့ထိန်းဒုံးမတော်တဆပစ်လွှတ်ခဲ့တယ်လို့ အိန္ဒိယပြောဆိုမှုအပေါ် သက်သေပြဖို့ ပါကစ္စတန်ပြော

အစ္စလာမ်မာဘတ်၊ မတ် ၁၃ အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံအတွင်း ပဲ့ထိန်းဒုံးတစ်လုံး မတော်တဆပစ်လွှတ်ခဲ့သည်ဟူသော ပြောကြားချက်အပေါ် ပူးတွဲသက်သေပြချက်တစ်ရပ်ပြသရန် ပါကစ္စတန်ဘက်မှ မတ်လ ၁၂ ရက်နေ့ တွင် တောင်းဆိုလိုက်သည်။ အိန္ဒိယကမူ ၎င်းအဖြစ်အပျက်ကို အတွင်းရေးအဖြစ်ထိန်းသိမ်းထားလိုသည်ဟူသော ပြောဆိုချက်ကို ပယ်ချပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ကြရန်လည်း တောင်းဆိုလိုက် သည်။ “ထိုကဲ့သို့သော အရေးကြီး ကိစ္စရပ်ကို အိန္ဒိယအာဏာပိုင်များမှ ကမ်းလှမ်းထားသော…

ဆော်ဒီတွင် အကြမ်းဖက်မှုနှင့် အခြားပြစ်မှုများအတွက် တစ်ရက်ထဲ လူ ၈၁ ဦးကို သေဒဏ်ပေးခဲ့

ဆော်ဒီ၊ မတ် ၁၃ ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံသားခုနစ်ဦးနှင့် ဆီးရီးယားနိုင်ငံသားတစ်ဦးအပါအဝင် လူ ၈၁ ဦးကို စနေနေ့ က ကွပ်မျက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ၎င်းဖြစ်ရပ်သည် နိုင်ငံ၏ ဆယ်စုနှစ်အတွင်း လူအများဆုံးကွပ်မျက်မှုလည်းဖြစ်ခဲ့သည်။ ကျူးလွန်မှုများတွင် အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်မှု၊ စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းခြင်းအပါအဝင် ဘာသာရေးယုံကြည်မှု အမြင်မတူသူသည့်အမှုတွေလည်းပါဝင်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်…

ရာသီဥတုပြောင်းလဲမှုအရေး အာရုံစိုက်ကြဖို့ ပြင်သစ်မှာ လူသောင်းချီဆန္ဒပြ

ပဲရစ်၊ မတ် ၁၃ ပြင်သစ်နိုင်ငံတစ်ဝှမ်းတွင် လာမည့်လမှာ ကျင်းပမည့် သမ္မတရွေးကောက်ပွဲများတွင် ရာသီဥတုအကျပ်အတည်း ကို ပိုမိုအာရုံစိုက်ရန် သောင်းနှင့်ချီသောလူများက စနေနေ့တွင် ဆန္ဒပြခဲ့ကြသည်။ ပါရီတွင် ဆန္ဒပြသူများသည် “မျှော်ကြည့်ပါဦး” ဟု လိမ္မော်ရောင် စာလုံးအကြီးကြီးဖြင့်ဖော်ပြထားသည့် စာတန်း ကို ကမ္ဘာဂြိုဟ်ကို ကာကွယ်ရန်အတွက် နိုင်ငံရေးသမားများအနေဖြင့် ဦးစားပေးရန် တိုက်တွန်းထားသည်။ “ငါတို့ ဒီအကြောင်းကို ဘယ်တော့မှ ပြောကြမှာလဲ”…

ရောဂါကူးစက်မှုများနေသော်လည်း အမြင့်ဆုံးကူးစက်မှုမဟုတ်သေးဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးပြော

ဟောင်ကောင်၊ မတ် ၁၂ ‌ဟောင်ကောင်မြို့ရဲ့ နေ့စဥ် ကိုဗစ် ၁၉ ကူးစက်မှု ကိန်းဂဏန်းများသည် မကြာသေးမီ ကာလအတွင်းက ကျဆင်းသွားခဲ့သောကြောင့် ရောဂါပျံ့နှံ့ကူးစက်မှုသည် အထွဋ်အထိပ်သို့ မရောက်‌သေးကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က မတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အခုလိုအချိန်မှာ ကူးစက်မှူအထွဋ်အထိပ်ကို ရောက်နေခဲ့ပြီးလို့ ပေ့ါ‌ပေ့ါတန်တန် ပြောလို့ မရနိုင်သေးပါ ဘူး” ဟု လမ်…

လျှပ်စစ်မီးပြတ်တောက်မှုမှာ လောင်စာဆီဈေးနှုန်းမြင့်တက်တာကြောင့်လို့ စစ်ကောင်စီဝန်ကြီးဌာနက ပြစ်တင်

ရန်ကုန်၊ မတ် ၁၂ မြန်မာနိုင်ငံ၏ နေရာအစိတ်အပိုင်းအတော်များများတွင် ပိုမိုဆိုးရွားသော လျှပ်စစ်မီးပြတ်တောက်မှုများကို ရင်ဆိုင်နေရပြီး သုံးရေရရှိမှုကဏ္ဍများတွင်လည်း ထိခိုက်လာရသလို အွန်လိုင်းသင်ကြာရေးများတွင်လည်း အထစ်အငေ့ါဖြစ်ခဲ့ရပြီး ယမန်နှစ် စစ်တပ်အာဏာသိမ်းချိန်ကတည်းက စီးပွားရေးကဏ္ဍများတွင် ကသောင်း ကနင်းဖြစ်နေခဲ့‌သောကြောင့် ပြည်သူအများအပြား စိတ်ဆင်းရဲဒုက္ခရောက်စေခဲ့သည်။ လူမှုကွန်ရက်များတွင် ဖော်ပြထားသော ဓါတ်ပုံများတွင် ရန်ကုန်မြို့ ခရိုင်အတော်များများရှိ လူအများသည် ရေစည်ကားတစ်စင်းမှ ရေ ရယူနိုင်ရေးအတွက် စောင့်ဆိုင်းနေကြသည်ကို ဖော်ပြထားသည်။…

ရုရှားက သံတမန်ရေးညှိနှိုင်းမှုအပေါ် စိတ်ဝင်စားတဲ့ လက္ခဏာမရှိဘူးလို့ အမေရိကန်ပြော

ဝါရှင်တန်၊ မတ် ၁၂ ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်မှုတွေ ရုရှားလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သံတမန်ရေးညှိနှိုင်းမှုအပေါ် စိတ်ဝင်စားတဲ့ လက္ခဏာမပြကြောင်း အမေရိကန် ဒုသမ္မတ ကာမလာ ဟဲရစ်က ပြောကြားခဲ့သည်။ “အမေရိကန်သည် သံတမန်ရေးရာတွင် တက်ကြွစွာပါဝင်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းနေပြီး ကျွန်ုပ်တို့ သိရှိမျက်မြင်တွေ့ခဲ့ရသမျှမှ ပူတင်သည် လေးနက်သော သံခင်းတမန်ခင်းတွင် ပါဝင်ပတ်သက်ရန် အရိပ်…

လာမယ့် အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေးအတည်ပြုမယ်လို့ ဆို

မော်လမြိုင် ၊ မတ် (၁၃) လာမယ့် အစည်းအဝေးမှာ PPST ရဲ့ နိုင်ငံရေးဦးတည်ချက် (၇)ရပ်အပေါ် နိုင်ငံရေးလမ်းပြမြေပုံ အဆိုပြုချက် ၈ ချက်ကို ဆွေးနွေးအတည်ပြုသွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။ မတ်လ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ နှစ်ရက်တာ ကျင်းပခဲ့တဲ့ အပစ်ရပ်…

မွန်ပြည်နယ်မှာ ဆန်ဈေး အတက်ကြမ်းနေ

မော်လမြိုင် ၊ မတ် (၁၃) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အခုနှစ် မတ်လမှာတော့ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆန်ဈေးနှုန်းဟာ မတ်လ ပထမအပတ်က ပေါ်ဆန်း တစ်အိတ် ကျပ် ၄၅၀၀၀ သာ ရှိခဲ့ရာမှ မတ်လဒုတိယအပတ်မှာတော့ တစ်အိတ် ကျပ် ၅၀၀၀၀ နီးပါးထိ ဈေးနှုန်း…

ဈေးနှုန်းဆက်တိုက်နီးပါး မြင့်တက်လာတာနဲ့အတူ စက်သုံးဆီ ရောင်းအား ထက်ဝက် နီးပါး ကျဆင်းလာ

မော်လမြိုင် ၊ မတ် (၁၃) စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက စက်သုံးဆီအရောင်းဆိုင်တွေမှာ ရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာတယ်လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ခံတွေက ပြောပါတယ်။ စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း မြန်မာငွေ တန်းဖို ကျဆင်းလာတာနဲ့ ရုရှား-ယူကရိန်း စစ်ပွဲ ကယက်ကြောင့် ဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်းဟာ ဒီဇယ်ဆီ…