2022

အကြီးစား ရေကာတာစီမံကိန်း လုံးဝတားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ပေးဖို့ NUCC ထံ တောင်းဆို

မော်လမြိုင်၊ မတ် ၁၅ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ မူဝါဒရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အကြီးစားရေကာတာစီမံကိန်း တည်ဆောက်တာတွေကို လုံးဝတားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ပေးဖို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်အဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ မတ်လ ၁၄ ရက်နေ့မှာကျရောက်တဲ့ မြစ်ချောင်းမျာအခွင့်အရေးအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့မှာ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အီးတုထစစ်ဘေးရှောင်စခန်းက ဌာနေပြည်သူလူထုတွေနဲ့ပူးပေါင်းပြီး သဘောထား ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)အနေနဲ့…

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦးသေဆုံး

မော်လမြိုင် ၊ မတ် (၁၅) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်း ထိုင်းနိုင်ငံနယ်စပ်အနီး ဝါးတောနဲ့ဆင်ဖြူတိုင်ရွာကြားမှာ မတ်လ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ စစ်ကောင်စီလက်အောက်ခံတပ် ၂၆၇ နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ ကော်လာဖိုးတပ်နဲ့…

အထိနာနေတဲ့ စစ်ကောင်စီတပ် ဖာပွန်မှာ စစ်အင်အား ထပ်မံတိုးချဲ့လာ

မော်လမြိုင် ၊ မတ် (၁၅) စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများနေတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ရာနဲ့ချီ ထပ်မံတိုးချဲ့လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ဘားအံ-ရွှေဂွန်း-မြိုင်ကြီးငူကားလမ်းမအတိုင်း စစ်ကောင်စီရဲ့ စစ်ကား ၁၃ စီးခန့်ဟာ မြိုင်ကြီးငူကနေတစ်ဆင့် တပ်မဟာ ၅ နယ်မြေ…

တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ် တချို့ ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်သည်တွေ ရှုံးဆုံးမှု ကြီးမားခဲ့

မော်လမြိုင် ၊ မတ် (၁၅) ကိုဗစ်ကြောင့် ၁၀ ရက်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ပစ္စည်းဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ရှိ ဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးနောက် တရုတ်ဘက်က ကုန်သွယ်ရေးဂိတ်…

အထွေထွေကုန်ကျစရိတ် မြင့်တက်လာလို့ ရေသန့် (၂၀)လီတာ တစ်ဗူးကို ကျပ် (၇၀၀)အထိ ဈေးနှုန်းတိုးမြင့်

မော်လမြိုင် ၊ မတ် (၁၅) စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက်ကြောင့်မတ်လ ၁၆ ရက်နေ့ကစပြီး ၂၀ လီတာ ရေသန့် တစ်ဗူးကို ကျပ် ၅၀၀ ကနေ ကျပ် ၇၀၀ ထိ တိုးမြှင့်မယ်လို့ မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းက ကြေညာထားပါတယ်။ စက်သုံးဆီ အပါအဝင် ရေသန့် ထုတ်လုပ်ရာမှာ အသုံးပြုနေတဲ့ ကုန်ကြမ်း…

စင်ကာပူအလုပ်အကိုင်ဈေးကွက်နလန်ထူရေး ဆက်လက်ကြိုးပမ်းမည်

စင်ကာပူ၊ မတ် ၁၄ ၂၀၂၁ ခုနှစ်တွင် အဆမတန် မြင့်တက်လာခဲ့သော အလုပ်လက်မဲ့နှုန်းမှာ ယခုနှစ်တွင် ကပ်ဘေးမတိုင်ခင် အခြေအနေနီးပါးထိကျဆင်းသွားခဲ့ပြီဟု စင်ကာပူ လုပ်သားအင်အားဝန်ကြီးဌာနမှ မတ်လ ၁၄ ရက်နေ့ တွင် ထုတ်ပြန်‌သော အလုပ်အကိုင်ဈေးကွက်အစီရင်ခံမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် ပြန်လည်ရရှိလာခြင်း၊ လုပ်သားငှားရမ်းခြင်း နှင့် အလုပ်ခေါ်စာများ ပြန်လည်ထွက်ပေါ်လာခြင်း စသည့်အခြေအနေများနှင့်အတူ လုပ်သားဈေးကွက် ပြန်လည်နာလန်…

ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် စစ်ရေးအကူအညီပေးဖို့ ရုရှားက တရုတ်ကိုအကူအညီတောင်း

ကိဗ်၊ မတ် ၁၄ ရုရှားက ယူကရိန်းစစ်ပွဲအတွက် စစ်ရေးနဲ့ စီးပွားရေးအကူအညီပေးဖို့ တရုတ်ကို တောင်းဆိုထားသည်ဟု အမေရိကန်မီဒီယာတွေက ဖော်ပြထားပြီး နာရီပိုင်းအကြာမှာပဲ မော်စကိုက ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲ ဖို့အတွက် အကူအညီပေးခဲ့ပါက ဘေကျင်းအနေနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့ အိမ်ဖြူတော်မှ သတိပေးလိုက်ပါတယ်။ ရုရှားသည် ၎င်း၏ အဓိကမဟာမိတ်ထံမှ စစ်လက်နက်ပစ္စည်းများနှင့် အထောက်အပံ့များ တောင်းခံထားကြောင်း အနောက်ကမ္ဘာမှ…