2022

ထားဝယ်မှာ စစ်ကောင်စီက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး တစ်ဦး ကျပ် ၂ သိန်းနှုန်းနဲ့ ပြန်ရွေးခိုင်းနေ

ထားဝယ်၊ မတ် ၁၇ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ညမထွက်ရအမိန့် ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်နဲ့အတူ စီးနင်းလာတဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်…

တနင်္သာရီဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း တိုက်ပိတ်ခံထားရ

မော်လမြိုင် ၊ မတ် (၁၇) ထားဝယ်အကျဉ်းထောင်မှာ တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက ထောင်အတွင်း နိုင်ငံရေး လှုပ်ရှားတာ၊ တရားရုံးထုတ်စဉ် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုက်ပိတ်ထားတာ ဖြစ်ပါတယ်။ တိုက်ပိတ်ခံရသူတွေထဲမှာတော့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရတဲ့ တနင်္သာရီ…

ငွေစက္ကူအတု ပြဿနာ မဖြေရှင်းနိုင်ရင် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေ

မော်လမြိုင် ၊ မတ် (၁၇) စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူအတု ပြဿနာကို မဖြေရှင်းနိုင်ရင် မြန်မာငွေကြေးတန်းဖို ဆက်တိုက် ကျဆင်းလာနိုင်ပြီး ဘက်ပေါင်းစုံမှာ အကျပ်အတည်းနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ နိုင်ငံတဝန်းမှာတော့ မတ်လ ပထမအပတ်ကနေစပြီး လူမှုကွန်ရက်ဖော့စ်ဘုတ် စာမျက်နှာမှာ ငွေစက္ကူအတု ရောင်းတဲ့ Page ၇၀ ကျော်လောက် ပေါ်ထွက်လာခဲ့ပြီး အဲဒီ…

မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းထက်မနည်း ရပ်နားခဲ့ရ

မော်လမြိုင် ၊ မတ် (၁၇) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း စီးပွားရေးကျဆင်းမှုတွေကြောင့် မွေးမြူရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းထက်မနည်း အပြီးပိုင် ရပ်နားသွားရပြီးလို့ မွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ မွေးမြူရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေ တန်ဖိုးကျဆင်းလာတာ၊ မွေးမြူးရေးလုပ်ငန်းအတွက် ကုန်ကြမ်းဈေးနှုန်း ၂ ဆကျော် ကြီးမြင့်နေတာ၊ မွေးမြူရေးခြံတွေမှာ ရောဂါ…