2022

အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် ကန့်ကွက်ခံရ

ရန်ကုန်၊ မတ် ၂၂ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြောင်း စစ်အာဏာရှင်ကို ဆန်ကျင်နေတဲ့ သပိတ်အင်အားစုအဖွဲ့ ၃၆ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အာဆီယံအပါအဝင် အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေအပေါ် ချက်ချင်းရပ်တန့် ရေးအတွက် တိုက်တွန်းတောင်းဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ သပိတ်အင်အားစုတွေက ဆိုထားပါတယ်။ ဒါကြောင့် အာဆီယံ…

မွန်ညီညွတ်ရေးပါတီ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ထုတ်ပြန်ကြေညာ

မော်လမြိုင် ၊ မတ် (၂၂) မွန်တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက သူတို့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာတော့ ဥပဒေဘောင်အတွင်း နိုင်ငံရေးပါတီဖြစ်တာနဲ့အညီ သိမ်မွေ့ညင်သာတဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ နိုင်ငံရေးပြဿနာကို ဆွေးနွေးညှိနှိုင်း အဖြေရှာသွားဖို့နဲ့ မည်သည့်နိုင်ငံရေး အချိုးအကွေ့အလှည့်အပြောင်းမဆို…

လုပ်အားခ လျှော့ချခံရလို့ မော်လမြိုင်က Food Panda ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ သပိတ်မှောက်

မော်လမြိုင် ၊ မတ် (၂၂) အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေတဲ့ မော်လမြိုင်က Food Panda ဝန်ထမ်းတွေဟာ လုပ်အားခ လျှော့ချခံရတာကြောင့် မတ်လ ၁၉ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်ထားကြတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီဈေးနှုန်းနဲ့ အင်တာနက်ဒေတာဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ အခြေအနေမှာ Food Panda…