2022

ထိုင်းဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းနေရာအတွက် ဖွေထိုင်းပါတီမှ သက်ဆင်သမီးအငယ်ကို လျာထားရန် ပြင်ဆင်

ဘန်ကောက်၊ မတ် ၂၂ ဖွေထိုင်းပါတီ၏ ညီညွတ်မှုမြင့်တင်ရေး ကမ်ပိန်းတာဝန်ခံအဖြစ် တိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ အငယ်ဆုံးသမီး ဖယ်တုံတာန် ရှင်နာဝါထရာကို ခန့်အပ်လိုက်ကြပြီးနောက် လာမည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ လျာထား ချက်ရှိလာသည့် အခြေအနေဖြစ်လာခဲ့သည်။ တနင်္ဂ‌နွေနေ့က အူဒွန်ဌာနီ ခရိုင်ဒေသန္တရအတွင်း ကျင်းပသော ပါတီအစည်းအဝေးတွင် မစ္စဖယ်တုံတာန်ကို “ဖွေထိုင်းမိသားစု”ကမ်ပိန်း အကြီးအကဲအဖြစ် အမည်စာရင်းသွင်းခဲ့ပြီး…

စစ်တပ် အာဏာသိမ်းပြီးနောက် ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါဝင်ခွင့်ရမှု ထက်ဝက်ကျော် လျော့ကျလာ

မော်လမြိုင် ၊ မတ် (၂၃) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးကလွဲပြီး ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါဝင်ရမှု ထက်ဝက်ကျော် လျော့ကျလာတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အမျိုးသမီးတွေဟာ တော်လှန်ရေးကလွဲပြီး အရင်ကလို ဖွံ့ဖြိုးရေးကဏ္ဍ အသီးသီးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့် မရတော့သလို ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုရေး ကဏ္ဍအသီးသီးမှာလည်း ပါဝင်ခွင့်ရမှု တဖြည်းဖြည်း…

မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ကြောင်း ကြေညာတာဟာ နိုင်ငံတကာမှာ တရားစွဲဆိုဖို့ သတ်မှတ်လိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြော

မော်လမြိုင် ၊ မတ် (၂၃) အမေရိကန်အစိုးရက အာဏာသိမ်း စစ်ကောင်စီတပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ကြောင်း ကြေညာတာဟာ နိုင်ငံတကာမှာ တရားစွဲဆိုဖို့ သတ်မှတ်လိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျုးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက မတ် ၂၁ ရက်နေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ…