2022

ကိုကင်း လက်ဝယ်တွေ့တဲ့ အစ္စရေးအမျိုးသမီးကို UAEတရားရုံးသေဒဏ်ချ

ဘန်ကောက်- ဧပြီ(၇) ကိုကင်း ၅၀၀ ဂရမ် လက်ဝယ်ပိုင်ဆိုင်တယ်လို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် အာရပ်စော်ဘွားများ ပြည်‌ထောင်စု ရုံးတော်တစ်ခုက အစ္စရေးအမျိုးသမီးတစ်ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။ အစ္စရေးမီဒီယာတွေက အစီရင်ခံထားသော ကီဝန် အမည်ရအမျိုးသမီးဟာအစ္စရေးမြောက်ဘက်ရှိ ဟိုင်ဖာမြို့မှာဓါတ်ပုံစတူဒီယိုတစ်ခု ပိုင်ဆိုင်ပြီး လွန်ခဲ့သောနှစ်အတွင်းက ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ။ “ထိုအမှုဖြစ်စဥ်ဟာ လူသိများပြီး ကျွန်ုပ်တို့ ကောင်စစ်ဝန်နဲ့စော်ဘွားဒေသမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်စား လှယ်‌တွေကတဆင့် အဲ့ဒီကိစ္စကို…

သုံးပွင့်ဆိုင်ချစ်တင်းနှောခွင့် မရတဲ့ အမျိုးသမီးက ဇနီးမောင်နှံနှစ်ယောက်ကို အိမ်ပေါ်တက်ဓားနဲ့ခုတ်

ဘန်ကောက် ၊ ဧပြီ ၇ ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ် ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရလို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ပေါ်တက် ဓားနဲ့ခုတ်ခဲ့တဲ့ သတင်းဟာ ထိုင်းလူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေပါတယ်။ ဓားနဲ့ခုတ်တဲ့ အမျိုးသမီးဟာ အသက်( ၄၀ )အရွယ် အမ်း လို့အမည်ရသူဖြစ်ပြီး သူမဟာ အဆိုပါဇနီးမောင်နှံမှ ခင်ပွန်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ်…

စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက် ပဋိပက္ခတွေကြောင့် မသန်စွမ်း အရေအတွက် ပိုတိုးလာ

မော်လမြိုင် ၊ ဧပြီ (၇) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် မသန်စွမ်း အရေအတွက် ပိုတိုးလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ မသန်စွမ်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လို့ ပစ်ခတ်ခံရတာ၊ နွေဦးတော်လှန်ရေး တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ရင် လက်နက်ထိမှန်တာ၊ စစ်ရှောင်ရင်း လက်နက်ထိမှန်တာကြောင့်…

ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့် မပြုဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ ဧပြီ (၇) ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့် မပြုဖို့ စစ်ကောင်စီက ညွှန်ကြားလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပြီး အခုအခါမှာတော့ ဟိုတယ်နဲ့…

တပ်မတော်အတွက်အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူဖို့ ဒုကာချုပ်စိုးဝင်ပြောဆို

မော်လမြိုင်- ဧပြီ(၆) နိုင်ငံတော်နဲ့တပ်မတော်အတွက် အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူဖို့နဲ့ စားဝတ်နေရေးအတွက်တပ်မတော်ကထောက်ပံ့နေတာဖြစ်တဲ့အတွက် သစ္စာရှိရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဗထူးတပ်မြို့ တိုက်ခိုက်ရေးကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိသင်တန်းသားတွေနဲ့ တွေ့ဆုံ ချိန်မှာ အခုလိုပြောခဲ့တာပါ။ “နိုင်ငံတော်နှင့် တပ်မတော်၏ သစ္စာကို စောင့်သိရန်နှင့် အသက်ခန္ဓာကို စွန့်လွှတ်ရန် သစ္စာဆိုထား သူများ ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နေမှုအပေါ် ဂုဏ်ယူနေ ရန်လို တယ်” လို့ ဒုကာချုပ်စိုးဝင်းက…

ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲ ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင်မှာမဟုတ် လို့ထုတ်ဖော်ကြေငြာ

ဘန်ကောက် ၊ ဧပြီ (၆) ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲကယ်ရီလမ်သည် ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင် တော့မည်မဟုတ်ကြောင်း ဧပြီလ ၄ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ “အုပ်ချုပ်ရေးအကြီးအကဲအဖြစ် ကျွန်မရဲ့ ၅ နှစ်ကြာ သက်တမ်းက ဒီနှစ် ဇွန်လ ၃၀ ဆို ပြည့်ပါပြီး၊ နောက်ပြီး ပြည်သူ့ဝန်ဆောင်မှုကို ထမ်းဆောင်ခဲ့တဲ့ ကျွန်မရဲ့ ၄၃ နှစ်ကျော်သက်တမ်းကို အဆုံးသတ်ဖို့လည်း…

ယူကရိန်းမှာပိတ်မိခဲ့တဲ့ တရုတ်နိုင်ငံသားတွေရဲ့ကုန်ကျစရိတ်ကြီးမားတဲ့ အိမ်ပြန်ခရီး

ဘန်ကောက်- ဧပြီ(၆) ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် နိုင်ငံတွင်းပိတ်မိနေတဲ့ တရုတ်နိုင်ငံသား(၅)ထောင်ကျော်ကို ဘေးကင်းအောင်ဆောင်ရွက်ပေးပြီး နိုင်ငံမှာပြန်လက်ခံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အစိုးရက အဲ့ဒီလုပ်ဆောင်ချက်ကို အထူးအောင်မြင်မှု အဖြစ်ဖော်ပြနေပေမယ့် ပြည်တော်ပြန်လာသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ရင်ဆိုင်နေရင်တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ ပြည်တော်ပြန်လာသူတွေတွေကို ရိုမေနီးယားနဲ့ပိုလန်ကတဆင့် တရုတ်နိုင်ငံရဲ့ မြို့တော်တွေကိုစင်းလုံးဌားလေကြောင်းခရီးစဉ်နဲ့ပြန်ခေါ်လာတာဖြစ်ပြီး ခရီးစဉ်အတွက် ယွမ် (၁၈၀၀) ဒေါ်လာ(၂၈၃၀) ကောက်ခံခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံပြန်ရောက်ချိန်မှာလည်း အစိုးရသတ်မှတ်ထားတဲ့…

တိုက်ခိုက်မှုတွေလုပ်လာရင် နျူလက်နက်နဲ့ပြန်တိုက်သွားမယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်

ဘန်ကောက်- ဧပြီ(၆) တောင်ကိုရီးယားက စစ်ရေးအရထိပ်တိုက်တွေ့ဖို့ရွေးချယ်ရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့ တွေအနေနဲ့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ကင်ဂျုံအန်းရဲ့အစ်မက ပြောပါတယ်။ တောင်ကိုရီးယားရဲ့ မြောက်ကိရီးယားကို တိုက်ခိုက် တာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကြောင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးအတွက် ကြီးမားတဲ့ အမှားဖြစ်တယ်လို့လည်း အာဏာရပါတီအကြီးတန်းအရာရှိ မစ္စကင်ယိုဂျုံကပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ တောင်ကိုးရီးယားမှာ မြောက်ကိုးရီးယားရဲ့ ဘယ်လိုပစ်မှတ်ကိုမဆို တိကျမြန်ဆန်စွာ ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့…

စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုတွေကိုထိန်းချုပ်ဖို့ ဒေါ်လာကို တစ်ရက်အတွင်းလဲလှယ်ရမယ်လို့ ထုတ်ပြန်

ဘန်ကောက်- ဧပြီ(၅) မြန်မာနိုင်ငံမှာ ပြည်တွင်းငွေကြေးလဲလှယ်တာကို တစ်ရက်အတွင်းဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ပြောခဲ့ပြီး စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုတွေကို ပိုပြီးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ဗဟိုဘဏ်က မူဝါဒအသစ်တွေကို သီးခြားကင်းလွတ်ခွင့်ပြဌာန်းပြီး နိုင်ငံခြားက လွှဲပြောင်းလာတဲ့ ငွေကြေးတွေကို လိုင်စင်ရနိုင်ငံခြားငေံကြေးလဲလှယ်ကုန်သွယ်ရေးဘဏ်တွေကနေ လွှဲပြောင်းပေး ဖို့ပြောကြားခဲ့တာပါ။ စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ဥပဒေကိုလိုက်နာတာမရှိရင် နိုင်ငံခြားငွေကြေးလဲလှယ်ရေးစီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူ‌ဆောင်ရွက်မှုတွေကို ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ မတ်လကလည်း အာဏာပိုင်တွေက ဒေါ်လာကိုမှီခိုမှုလျှော့ချဖို့နဲံ…