2022

ကရင်နီပြည် ဒီမော့ဆိုမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေကို ဦးတည်နေ

မော်လမြိုင် ၊ ဧပြီ (၉) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ ထပ်မံတိုးချဲ့ လာတာကြောင့် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာသလို ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာဖို့ ဦးတည်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒီမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကုန်စကပြီး စစ်ကောင်စီဘက်က စစ်အင်အား ရာနဲ့ချီ ထပ်မံ တိုးချဲ့လာတာ ဖြစ်ပါတယ်။ စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ…

အာရှလမ်းမကြီး ပိတ်ထားပေမယ့် ကုန်သည်တွေ အရဲစွန့်ပြီး ကုန်သွယ်နေ

မော်လမြိုင် ၊ ဧပြီ (၉) ကရင်အမျိုးသားအစည်းအရုံး KNU က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အသုံးပြုခွင့်ကို ရပ်ဆိုင်ထားပေမယ့် အရဲစွန့်ပြီး ကုန်သွယ်မှုတွေ ဆက်လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် အရပ်သားတွေအနေနဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေ လမ်းပိုင်း အသုံးပြုမှုကို မတ် ၂၇ ရက်နေ့ကစပြီး ရပ်ဆိုင်းထားဖို့ KNU…

ထားဝယ်မှာ သင်္ကြန်အကျနေ့ အသံတိတ်သပိတ် ပြုလုပ်ဖို့ တော်လှန်ရေး အင်အားစုတွေ နှိုးဆော်

မော်လမြိုင် ၊ ဧပြီ (၉) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ လာမယ့် ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ပေးကြဖို့ သပိတ်ကော်မတီ အပါအဝင် တော်လှန်ရေးအင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။ ဒီအသံတိတ်သပိတ်ဟာ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပပြီး ပြည်သူတွေ ငြိမ်ဝပ်ပိပြား နေကြောင်း လိမ်လည်ပြသမှု အပါအဝင် တော်လှန်ရေး…

ရေးမြို့နယ် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ငွေကြေး အဆမတန် တောင်းခံနေ

မော်လမြိုင် ၊ ဧပြီ (၉) မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးမြစ်ကူးတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေအပေါ် လုံခြုံရေး ယူပေးရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေး အဆမတန် တောင်းခံနေတယ်လို့ ကုန်တင် ကားမောင်းသူတွေက ပြောပါတယ်။ ကုန်တင်ကားနဲ့ ခရီးသွားကားတွေကို အရင်က အသွားအပြန် ကျပ်တစ်သောင်းနှုန်းလောက်သာ ပေးဆောင်ခဲ့ရပြီး အခုအခါမှာတော့ တစ်ခေါက် တစ်သိန်းနှုန်း တောင်းခံလာတယ်လို့ ကုန်တင်ကားမောင်းသူ…

စစ်ကောင်စီနှင့် အပေါင်းအပါ နိုင်ငံရေးပါတီတွေရဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ သဘောတူညီမှုဟာ တရားမဝင်သလို ခြေဥနဲ့ ကိုက်ညီမှု မရှိ

မော်လမြိုင် ၊ ဧပြီ (၉) စစ်ကောင်စီနဲ့ အပေါင်းအပါ နိုင်ငံရေးပါတီအစုအဖွဲ့တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ သဘောတူညီမှုဟာ တရားမဝင်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC)…

G-20 က ရုရှားကို ဖယ်ရှားဖို့ အမေရိကန်နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ တောင်းဆို

ဘန်ကောက်_ဧပြီ(၈) ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားနိုင်ငံကို ထိပ်သီးစက်မှုနိုင်ငံ(၂၀) G-20 အဖွဲ့ကနေ ဖယ်ရှားဖို့ အမေရိကန်နိုင်ငံနဲ့ အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။ G-20 အုပ်စု ရဲ့အလှည့်ကျဥက္ကဌ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတော့ ဒီကိစ္စကိုလေ့လာဆန်းစစ်တာတွေ လုပ်ဆောင်ပြီးရင် သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်သွားမယ်လို့ မနေ့ကပြောခဲ့ပါတယ်။ “လောလောဆယ်တော့ ကျနော်တို့က ဒါကို စုံစမ်းနေပါတယ်။ အမှန်ကတော့ G-20 ရဲ့ ဥက္ကဋ္ဌအနေနဲ့…

တာဝန်ကို ကျေပွန်စွာထမ်းဆောင်တာဟာ ကျေးဇူးတရားသိတာလို့ ဒုချုပ်စိုးဝင်းပြော

မော်လမြိုင်_ဧပြီ(၈) တပ်မတော်ကပေးအပ်တဲ့ တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်တာဟာ ကျေးဇူးတရားသိရှိတာ ဖြစ်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိုးဝင်းကပြောပါတယ်။ နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနဲ့ တောင်ကြီးတပ်နယ်က နယ်မြေခံတပ်တွေကိုသွားပြီး အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ပြီး အခုလိုပြောခဲ့တာပါ။ “နိုင်ငံတော်က ပေးအပ်တဲ့လစာရိက္ခာကို ရရှိခံစားနေတာဖြစ်တဲ့အတွက် သစ္စာအဓိဌာန်(၄) ချက်ပါ အတိုင်း နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ သစ္စာအပေါ်အလေးထားစောင့် ထိန်းဖို့လိုကြောင်း၊ ပေးအပ်တဲ့ တာဝန် ကိုကျေပွန်စွာထမ်းဆောင်ခြင်းဟာလည်း ကျေးဇူးတရားသိရှိတာဖြစ်တယ်”…

မှတ်ပုံတင် မပါရင် မွန်ပြည်နယ်ထဲ ဝင်ခွင့်မပေးဖို့ စစ်ကောင်စီ ညွှန်ကြားထား

မော်လမြိုင် ၊ ဧပြီ (၈) မွန်ပြည်နယ် စစ်ကောင်စီဟာ ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မပါရင် ဝင်ခွင့်မပေးဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ စစ်ကောင်စီဟာ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပြီး…

နိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ရော်ဘာ ဈေးကျပြီး အရောင်းအဝယ် အေးနေ

မော်လမြိုင် ၊ ဧပြီ (၈) စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ရော်ဘာ ဈေးနှုန်း ကျဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ပြည်ပက ရရှိလာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ မဖြစ်မနေ လဲလှယ်ရောင်းချဖို့ အပါအဝင် နိုင်ငံခြားသုံးငွေတွေကို ပြည်ပကို လွှဲပြောင်းရင်လည်း…