2022

ရခိုင့်တပ်တော်(AA) ရဲ့ ပလက်ဝမြို့မှာ အုပ်ချုပ်ရေးယန္တယားတည်ဆောက်နေတာ ရွာသားတွေကြောက်ရွံ့နေရ

မော်လမြိုင်- ဧပြီ(၁၀) ရခိုင့်တပ်တော်(AA) ရဲ့ ပလက်ဝမြို့မှာ အုပ်ချုပ်ရေးယန္တယား တည်ဆောက်နေတာနဲ့ပတ် သက်ပြီး ဒေသခံတွေဟာ ကြောက်ရွံ့စိတ်တွေနဲ့ ဆောင်ရွက်ပေးနေရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပလက်ဝမြို့အနောက်ပိုင်း ပီချောင်းနဲ့ ပလက်ဝမြို့မြောက်ပိုင်းတွေမှာ ရခိုင့်တပ်တော်(AA) ရဲ့ လိုအပ်ချက်တွေဆောင်ရွက်ပေးဖို့ ကျေးရွာတစ်ရွာက လူ(၄) ယောက်နှုန်း ကိုတာဝန် ပေးထားတယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ရွာမှာတော့ အစည်းအဝေးလုပ်ပြီး တာဝန်ပေးခံရတာပါ။ မလုပ်ချင်ပေမယ့်…

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့နဲ့ လွတ်ငြိမ်းချမ်းသာခွင့် စောင့်ကြည့်ရေးအဖွဲ့မှာ မှတ်ပုံတင်ထားတာ ရုရှား ရုပ်သိမ်း

ဘန်ကောက် – ဧပြီ(၁၀) အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် နိုင်ငံရပ်ခြားအဖွဲ့အစည်း(၁၅) ဖွဲ့ကနေ မှတ်ပုံတင်ထားတာကို ရုပ်သိမ်းလိုက်တယ်လို့ ရုရှားတရားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ Carnegie Endowment for International Peace (CEIP) အပါအဝင် ရုရှားအဖွဲ့အစည်းတွေရဲ့ ယူနစ်တွေကို ရုရှားဖက်ဒရေးရှင်းရဲ့ လက်ရှိဥပဒေတွေကို ချိုးဖောက်တဲ့ အတွက် ဖယ်ထုတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ…

ဘရားဇီး အမေဇုန် အပူပိုင်း မိုးသစ်တောပြုန်းတီးမှု စံချိန်တင် မြင့် တက်

ဘန်ကောက် – ဧပြီ(၁၀) ‌ဘရာဇီးနိုင်ငံ အာကာသသုတေသနဌာန National Institute for Space Research (INPE).ရဲ့ အသစ်ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ အမေဇုံ မိုးသစ်တောတွေရဲ့ သစ်တောပြုန်းတီးမှုနှုန်းထားမှာ ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်အတွင်း အမြင့်ဆုံး စံချိန် ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလနဲ့မတ်လအကြားမှာ သစ်တော စတုရန်းကီလိုမီတာ ၉၄၁.၃၄ဟာ…

အင်ဒို-ပစိဖိတ်ဒေသတွင်းလုံခြုံရေးအတွက် ဂျပန်နဲ့ဖိလစ်ပိုင် နှစ်ဘက်နှစ်ရပ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်

ဘန်ကောက်- ဧပြီ(၁၀) အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးအခြေအနေပေါ်အလေးထားရမယ့် အရေးကိစ္စအဖြစ် ဖော်ပြဖို့ ဂျပန်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ရဲ့ ပထမဆုံး နှစ်ဘက်နှစ်ရပ်လုံခြုံရေးဆွေး နွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြီး ထုတ်ပြန်မယ့် ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဝန်ကြီးတွေသဘောတူနိုင်တယ်လို့ ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီ၊ ကာကွယ်ရေးဝန်ကြီး နော့ဘ်ဘူဝေါ် ကီရှီ နဲ့…

ပလက်ဝက ၅၀၅(က) နဲ့ထောင်ချခံရသူတွေကို စစ်တွေထောင်ပို့ဆောင်

မော်လမြိုင်- ဧပြီ(၉) ချင်းပြည်နယ် ပလက်ဝမြို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ မတရားအမိန့်ချခံလိုက်ရသူ(၂၇) ယောက်ကို စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့တွေကို ဧပြီလဆန်းပိုင်းအထိ ပလက်ဝမြို့နယ်တရားရုံးက အမိန့်အသီးသီးချမှတ်ခဲ့တာဖြစ်ပြီး စစ်တွေထောင်ကို ဧပြီလ(၇)ညနေပိုင်းမှာ စစ်တွေထောင်ကိုရောက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။ “ပြစ်ဒဏ်ကျခံရတဲ့သူတွေက သူတို့လုပ်လို့ ကျခံရတယ်ဆိုရင် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ အခုက အမိန့်ချခံလိုက်ရတဲ့သူတွေက လူသားချင်းစာနာထောက်ထားလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သူတွေပါ…

စစ်ကောင်စီက မတရားအာဏာသိမ်းထားလို့ သတင်းလွတ်လပ်ခွင့်ကိုကြောက်တာလို့ဆို

မော်လမြိုင်- ဧပြီ(၉) စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်းမှာ မဂ္ဂဇင်း(၁)အုပ်နဲ့ သတင်းဌာန (၁၁) ခုတို့ကို လုပ်ငန်း ပိတ်သိမ်းပြီး လိုင်စင်ရုပ်သိမ်းအရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မတ်လကစပြီး ခေတ်သစ်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ မြန်မာနောင်း သတင်းဌာနနဲ့ 7 Day သတင်းဌာနတွေကို ပိတ်သိမ်းပြီး သတင်းမီဒီယာဖိနှိပ်မှု စတင်လုပ် ဆောင်ခဲ့တာပါ။ “မတရားအာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ သတင်းလွတ်လပ်ခွင့်ကိုကြောက်တော့…

အမေရိကန် ပဲ့ထိန်းဒုံးတွေကို မူးယစ်ဆေးဝါးနဲ့အလဲအလှယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာကူဇာ ခေါင်းဆောင်ဖမ်းဆီးခံရ

ဘန်ကောက် ၊ ဧပြီ (၉) ဟီရိုရင်းနဲ့ စိတ်ကြွဆေးတွေကို မှောင်ခိုကူးသန်းပြီး မြန်မာနဲ့ သီရီလင်္ကာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေအတွက် အမေရိကန်ထုတ် ပဲ့ထိန်း ဒုံးကျည်တွေလဲလှယ်ဖို့ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ဂျပန်ရာကူဇာနဲ့ ထိုင်းနိုင်ငံသားသုံးယောက်ကို အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးလိုက်ပါတယ်။ အမေရိကန်တရားမျှတမှုဦးစီးဌာနဲ့ ပြောဆိုချက်တွေအရတော့ အဲ့ဒီ လူသုံးယောက်ဟာ မူးယစ်ဆေးဝါး နဲ့ လက်နက်မှောင်ခိုမှုနဲ့ငွေကြေးခဝါချမှုတွေကြောင့် နယူးယောက်မြို့ထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။…

သမီးရင်းကို လိင်ဝန်ဆောင်မှု ပြုဖို့ စေခိုင်းတဲ့အမျိုးသမီးဖမ်းဆီးခံထားရ

ဘန်ကောက်- ဧပြီ(၉) ဆယ်ကျော်သက် မိန်းကလေးတွေကိုငွေကြေးနဲ့ လိင်ဝန်ဆောင်မှုပေးဖို့ဖြားယောင်းတဲ့ အမျိုးသမီး (၃)ယောက်ကို ဖမ်းဆီးထားပြီး အဲ့ဒီအမျိုးသမီးတွေထဲက တစ်ယောက်ဟာ ဖြားယောင်းခံထားရတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ မိခင်ပါတယ်လို့ သိရပါတယ်။ ဆာရာပူရီနဲ့ချင်းရိုင်းမြို့က အဆောက်အအုံသုံးခုမှာ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာအနေနဲ့ ခေါ်ထားတဲ့အဖွဲ့ကို လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဌာနခွဲက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီး ချိန်မှာ သူတို့ကိုဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ပြည့်တန်ဆာမိန်းကလေးတွေကို ဖောက်သည်တွေနဲ့ အဓိက ချိတ်…

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ဩစ‌တြေးလျသံအမတ်ရဲ့ လုပ်ရပ်လက်ခံ နိုင်စရာမရှိ

ဘန်ကောက်_ ဧပြီ(၉) အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာဩစ‌တြေးလျသံအမတ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့ အာဏာရှင်တွေကို အများယုံကြည်လက်ခံလာအောင် အားဖြည့်ဆောင် ရွက်ပေးတာဖြစ်တယ်လို့လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့HRW က ပြောပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အရပ်သားအစိုးရကို စစ်တပ်ကအင်အားသုံး အာဏာသိမ်းခဲ့ပြီးနောက်မှာတော့နိုင်ငံတကာရဲ့အဆက်အဆံမခံရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကိုလည်း သေစေလောက်တဲ့အထိအင်အားသုံးဖြိုခွင်းနေမှုတွေရပ်တန့်ဖို့ လည်း နိုင်ငံတကာကတောင်းဆိုထားပါတယ်။ “ဒီတွေ့ဆုံမှုက လက်ရှိအစိုးရကိုတရားဝင်ဖြစ်အောင်လုပ်တာဖြစ်တယ်လို့တော ဩစ‌တြေးလျအစိုးရ အနေနဲ့မယူဆပါဘူး” လို့ ဩစတြေးလျနိုင်ငံခြားရေးဦးစီးဌာနမှ ကတ်ရီနာ ကော်ပါ က လွှတ်တော်ကော် မတီတစ်ခုမှပြောပါတယ်။…