2022

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ စနစ်ဟာ စစ်တပ်ကပဲ ကြီးစိုးသွားမယ်လို့ နိုင်ငံရေးသမားတွေ ဝေဖန်

နေပြည်တော် ၊ ဧပြီ (၂၉) လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံနဲ့သင့်လျော်တဲ့ အချိုးကျကိုယ်စားပြုစနစ် PR ဖြစ်တဲ့ (စာရင်းပိတ်) Close List PR စနစ် ကျင့်သုံးဖို့ ဆွေးနွေးဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောဆိုခဲ့ပါတယ်။ ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၃ ကြိမ်မြောက်…

စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာကြောင့် လုပ်ငန်းတွေ ပြိုလဲမှာကို စိုးရိမ်နေ

ရန်ကုန် ၊ ဧပြီ (၂၉) အာဏာသိမ်း စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထား ဖမ်းဆီးအရေး ယူလာတာကြောင့် စီးပွားရေး လုပ်ငန်းရှင် အများစု စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်၊ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လနဲ့ အခုဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟ ၊ ဧဒင် ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ဧဒင်ဦးချစ်ခိုင်နဲ့…

စစ်ရာဇဝတ်မှုတွေကျူးလွန်ခံခဲ့ရတဲ့ ယူကရိန်းအတွက်တရားမျှတမှုရှိစေရမယ်လို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေကတိပေး

ကိယက်ဗ် – ဧပြီ(၂၉) ရုရှားကျူးကျော်ခဲ့ချိန်မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ခံခဲ့ရတဲ့ ယူကရိန်းအတွက် တရားမျှတမှုဖော်ဆောင် နိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံအများအပြားနဲ့အဖွဲ့အစည်းတွေက ကတိပေးပြောဆိုခဲ့ကြပါ တယ်။ လက်ရှိမှာ ယူကရိန်းအစိုးရရှေနချုပ်က စစ်နဲ့ဆက်နွယ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုပေါင်း(၈၀၀၀) ကျော်အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ “ကျွန်မရဲ့ရိမ်မှုက ကျွန်ုပ်တို့တွေ နေ့တဒူဝ ရှုပ်ထွေးလာကြပြီး အာရုံပျံ့လွင့်လာမယ်၊ စစ်ပွဲအပါ် အာရုံထားမှု တစ်နေ့ထက်တစ်နေ့ လျော့နည်းလာပြီး လူတွေက…

အရေးပေါ်ကပ်ဘေးကာလ အဆုံးသတ်ပြီးဖြစ်ကြောင်း ဥရောပ သမဂ္ဂ ကြေငြာ

ယူရို – ဧပြီ(၂၉) ကိုဗစ်အရေးပေါ်ကာလ ကာကွယ်ဆေးထိုးတာနဲ့ ကပ်ဘေးကာလ ယှဉ်တွဲနေထိုင်ဖို့ အသစ်ဖြစ် ပေါ်လာနိုင်တဲ့ကိုဗစ်လှိုင်းတွေအတွက် စမ်းသပ်နေချိန် ဥရောပ သမဂ္ဂ ဟာ အရေးပေါ်ကာလကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာချက်မှာ ပြင်းထန်တဲ့ အိုမီခရွန်မျိုးကွဲနဲ့ ကာကွယ်ဆေးထိုးနှံမှုမြင့်မားလာတဲ့အတွက် ဥရောပတလျှောက် သေဆုံးမှုတွေနဲ့ဆေးရုံတက်ကုသမှုဆိုင်ရာ ကိန်းဂဏန်းတွေ သိသာစွာ ကျဆင်းလာကာ နောက်ဆက်တွဲ ဆောင်ရွက်ချက်တွေထွက်ပေါ်လာပြီး ဥရောမရဲ့လေးပုံသုံးပုံမှာ အပြည့်အဝထိုးနှံထားပြီး ကျန်တဝက်မှာ ကာကွယ်ရေးအားဖြည့်အကြိမ်ရေအထိ…

အိန္ဒိယနိုင်ငံမှာ အပူချိန်စံချိန်တင်မြင့်တက်နေပြီး ဒီအပတ်ထဲမှာ ပိုမိုပူပြင်းလာဖို့ရှိနေ

နယူးဒေလီ – ဧပြီ(၂၉) အသက်သေစေနိုင်လောက်တဲ့အထိ ခြိမ်းခြောက်မှုတွေရှိနေတဲ့ အပူလှိုင်းတွေဟာ အိန္ဒိယနိုင်ငံကို တစ်လကြိုစောရောက်ရှိလာပြီး အမြင့်ဆုံးအပူချိန် (၁၀၀) ဒီဂရီဟာရင်ဟိုက်အထိ ရောက်ရှိကာ စံချိန်တင်အပူချိန်အဖြစ်ရောက်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတိုမှာသာမက ပါကစ္စတန်တစ်လျောက်သာမန် အပူချိန်ထက်ပိုပြီး ၁၀-၁၅ ဒီဂရီဖာရင်ဟိုက်နဲ့အတူ ဒီသီတင်းပတ်အတွင်း အဆိုးရွားဆုံးအပူချိန် လှိုင်းထွက်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြင်းထန်ရာသီဥတုဆိုင်ရာပညာရှင် Scott Duncan က နိုင်ငံလူဦးရေရဲ့(၁၀)ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ(၁)ဘီလီယံဟာ…

ဝင်းရော်ဒေသက စစ်ရှောင်ပြည်သူတွေ ဆေးဝါးနဲ့ စားနှပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ

ကြာအင်းဆိပ်ကြီး ၊ ဧပြီ (၂၈) ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရော်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊ စားနှပ်ရိက္ခာနဲ့ အထွေထွေကူညီမှုတွေ လိုအပ်နေတယ်လို့ ဝင်းရော်ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၃) ရက်နေ့ကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ တံခွန်တိုင်ကျေးရွာရဲ စခန်းနားမှာ KNLA တပ်မဟာ ၆ နဲ့…

ပျူစောထီးအဖွဲ့တွေ အကြမ်းဖက်မှုဆက်လက်ကျူးလွန်ရင် စစ်ရေးအရအရေးယူမယ်လို့ NUG သတိပေး

ရန်ကုန် ၊ ဧပြီ (၂၈) စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ အပါအဝင် စစ်ကောင်စီ ဒေါက်တိုင်အကြမ်းဖက် အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းတာ မလုပ်ဘဲ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်မယ်ဆိုရင် စစ်ရေးအရ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ (၂၇) ရက်နေ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပျူစောထီးအဖွဲ့တွေနဲ့ ပတ်သက်ပြီး…

ပါကစ္စတန်တက္ကသိုလ်ဗုံးခွဲမှုတရုတ်နိုင်ငံသား ဆရာမသုံးဦးနဲ့ယာဉ်မောင်းသေဆုံးဆရာဒဏ်ရာ ပြင်းထန်

ကရာချီ – ဧပြီ (၂၈) ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမြို့မှာရှိတဲ့ တရုတ်ဘာသာစကား သင်ကြားရေး စင်တာ အနီးမှာ အသေခံဗုံးဖောက်ခွဲမှုလို့ ယူဆရတဲ့ ကားဗုံးပေါက်ကွဲမှုမှာ တရုတ်နိုင်ငံသား ဆရာမ သုံးဦးနဲ့ ယာဉ်မောင်းတစ်ဦးတို့ သေဆုံးခဲ့ရပြီး ဆရာတစ်ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဧပြီ လ ၂၆ရက် ညနေပိုင်းကဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ကရာချီတက္ကသိုလ်ရဲ့ ကွန်ဖြူးရှပ် အင်စတီ ကျုအနီးက…