2022

ဂျပန်နဲ့ ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မယ်

တိုကျို – မေ(၃) ဂျပန်ဝန်ကြီးချုပ်ဖူမီအို ကီရှီဒါ ရဲ့ ထိုင်းနိုင်ငံကို (၉) နှစ်အကြာမှာ ပထမဆုံး တရားဝင်အလည် အပတ်ခရီးစဉ်မှာ ထိုင်း-ဂျပန် ဆက်ဆံရေးတည်တံ့ရေးကို ကူညီနိုင်ရုံသာမက ကုန်သွယ်ရေးနှင့် ရင်းနီးမြှုပ်နှံမှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုမျာ နားလည်မှုစာချွန်လွှာတွေနဲ့ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၁၃၅) နှစ်မြောက်နှစတ်ပတ်လည်နေ့မှာ…

ကျောက်မီးသွေးစျေးနှုန်းကြောင့် ဗီယက်နမ်မှာ လျှပ်စစ်ဓါအားထောက်ပံ့မှုအကြတ်အတည်းဖြစ် နေ

ဟနွိုင်း – မေ(၃) ဗီယက်နမ်းနိုင်ငံရဲ့ အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေးစျေးမြင့်တက်လာမှု နဲ့ အတူ လျှပ်စစ်ဓါတ်အားပေးစက်ရုံရဲ့ ထုတ်လုပ်မှုတွေလျှေ့ချနေရတဲ့အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။ ဟနွိုင်းမြို့အပါအဝင်ဗီယက်နမ်မြောက်ပိုင်းအတွင်းပူပြင်းခြောက်သွေ့မှုတွေဖြစ်ပေါ်နေတဲ့ အတွက် တစ်နှစ်တာအတွင်း လျှပ်စစ်ဓါတ်အားရလိုမှုမြင့်တက်လာတဲ့အတွက် ဓာတ်အားကို ချွေတာသုံးဖို့အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။ ဗီယက်နမ်ဟာ တခြားသောစွမ်းအင်အရင်းအမြစ်တွေထက် ပိုမိုစျေးပေါတဲ့ ကျောက်မီးသွေး ကို မှီခိုနေရတာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံဟာ…

ထားဝယ်က ကျေးရွာ ၈၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီးလို့ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြော

ထားဝယ် ၊ မေ (၃) တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ကျေးရွာ ၈၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီး မကြာခင်မှာ မြို့ပေါ်တွေအထိ နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်တော့မယ်လို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ထားဝယ်မြို့နယ်မှာတော့ ကျေးရွာပေါင်း ၁၀၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒီထဲက ကျေးရွာပေါင်း ၈၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားတာ ဖြစ်ပါတယ်။…

စစ်ကောင်စီတပ်ဘက်က ဆရာဝန်တွေနဲ့ သူနာပြု ၁၀၀ ကျော်ကို အရပ်ဘက်ဆေးရုံ ထပ်ပြောင်းဖို့ စီစဉ်နေ

ရန်ကုန် ၊ မေ (၃) အာဏာသိမ်း စစ်ကောင်စီဟာ တပ်ဘက်က စစ်ဆရာဝန်တွေနဲ့ သူနာပြု ၁၀၀ ကျော်ကို အရပ်ဘက်ဆေးရုံတွေကို ပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်မှာ အမည်စာရင်း တောင်းခံလာတယ်လို့ တပ်မတော်ဆေးတက္ကသိုလ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်းတွေ လစ်လပ်နေတဲ့ ဆေးရုံတွေမှာ စစ်ဆရာဝန်နဲ့ သူနာပြုတွေ တွဲဖက်ပြောင်းရွှေ့ခန့်အပ်ဖို့ အမည်စာရင်း တောင်းခံလာတာ ဖြစ်ပါတယ်။…

ပုလောတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ပုလော ၊ မေ (၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူ ၁၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းနိမ့်ကျေးရွာကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး…

၂၀၂၄ ခုနှစ်မှာ တရုတ်နဲ့ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလျံ(၂၀၀) ထိရောက်ဖို့ ရုရှားမျှော်လင့်

၂၀၂၄ ခုနှစ်မှာ တရုတ်နဲ့ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလျံ(၂၀၀) ထိရောက်ဖို့ ရုရှားမျှော်လင့် မော်စကို – ဧပြီ(၂) ရုရှားဟာ တရုတ်နဲ့ ကုန်စည်စီးဆင်းမှုကို လာမယ်(၂၀၂၄) ခုနှစ်မှာ အမေရိကန်ဒေါ်လာဘီလျံ(၂၀၀) အထိရောက်ရှိိဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ယူကရိန်းကို ရုရှားရဲ့ လုပ်ရပ်တွေကိုတရုတ်က ရှုတ်ချဖို့ ငြင်းဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ကန့်သတ်ချက်မရှိမိတ်ဖက်အဖြစ်ကြေညာခဲ့ပြီး လာမယ်နှစ်တွေမှာ နှစ်နိုင်ငံရဲ့…

တရုတ်ဖုန်းကုမ္ပဏီ(Xiaomi) ကို အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာမီလျံခုနှစ်ရာကျော်ဒဏ် ရိုက်

နယူးဒေလီ – မေ(၂) တရုတ်နိုင်ငံရဲ့ အကြီးစားစမတ်ဖုန်းကုမ္ပဏီ (Xiaomi) ဟာ ဥပဒေနဲ့မညီတဲ့ ငွေလွှဲပြောင်းမှု ပြုလုပ်ခဲ့တာတွေ တွေ့ရှိခဲ့ပြီးနောက် အိန္ဒိယအစိုးရက (Xiaomi) ပိုင်ဆိုင်တဲ့ငွေစာရင်းထဲက အမေရိကန်ဒေါ်လာ (၇၂၅)မီလျံ ဒဏ်ငွေရိုက်ခဲ့တယ်လို့ AFP သတင်းတွေအရ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီက ဖေဖော်ဝါရီလအတွင်းမှာ ဒီကုမ္ပဏီကို စုံစမ်းစစ်ဆေးရာမှာ နိုင်ငံခြားငွေစာရင်း ၃ ခုကို…

ထိုင်းနိုင်ငံအတွင်းခရီးသွားလာဖို့ အတွက် ကန့်သတ်ချက်တွေကို မေလ(၁) ရက်နေ့စတင်ဖြေလျော့

ထိုင်းနိုင်ငံအတွင်းခရီးသွားလာဖို့ အတွက် ကန့်သတ်ချက်တွေကို မေလ(၁) ရက်နေ့စတင်ဖြေလျော့ ဘန်ကောက် – မေ(၁) ထိုင်းနိုင်ငံအတွင် ကုန်းကြောင်းလေကြောင်း နှစ်ခုစလုံးနဲ့ ဝင်ရောက်လာမယ့် ခရီးသွားတွေကို မေလ(၁) ရက်နေ့ကစပြီး ဖြေလျော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်းနဲ့ဝင်ရောက်လာမယ်သူတွေကိုအုပ်စုနှစ်ခုခွဲထားမှာဖြစ်ပြီးကာကွယ်ဆေးအပြည့်အဝထိုးနှံထားတဲ့ ခရီးသွားဧည့်သည်တွေကို Thai Pass စာရင်းဖြည့်သွင်းချိန်မှာ ကာကွယ်ဆေးထိုး ထားပြီးဖြစ်တဲ့အထောက်အထားကိုပူးတွဲတင်ပြဖို့လိုအပ်ပြီး ဒေါ်လာ(၁)သောင်းထက်မနည်းတဲ့ ကိုဗစ်ခရီးသွား အာမခံကို ကိုင်ဆောင်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ လေကြာင်းကဝင်လာပြီး…

ကြိုတင်ကာကွယ်ဖို့အတွက်နျူကလီးယားလက်နက်ကို သာအသုံး ပြုမယ်လို့ ကင်မ်ဂျုံအန်းသတိပေး

ပြုံယမ်း – မေ(၁) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ရေးအရ ခြိမ်းခြောက်မှုတစုံတရာရှိခဲ့ပါက သူ့ရဲ့ နျူကလီးယားလက်နက်တွေကိုအသုံးပြုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နျူကလီယားခြိမ်းခြောက်မှုအပါအဝင်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုအားလုံးကို ကြိုတင်ပြီး တာဆီးနိုင်စေဖို့လိုအပ်ပါက နျူကလီယားလက်နက်တပ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်် ဖို့ဆန္ဒရှိတယ်လို့လည်း သူကပြောပါသေးတယ်။ မြောက်ကိုရီးယားဟာ သူတို့ပိုင်ဆိုင်တဲ့ နျူကလီယားလက်နက်အစီအစဉ်မှာ အမေရီကန်ကို ပစ်ခတ်နိုင်မယ့် အကြီးမားဆုံးလက်နက်တွေအပါအဝင်တိုက်ချင်းပစ်ဒုံးကျည်များနဲ့ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံကိုပစ်ခတ်နိုင်တယ့် တာတိုပစ်လောင်စာဆီသုံး ဒုံးကျဉ်မျိုးစုံတို့ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ရေးပြအခမ်းအနားမှာ…