2022

မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြောက်လအတွင်းအပြီး ရေးဆွဲဖို့ မွန်အမျိုးသားညီလာခံက ဆုံးဖြတ်

မော်လမြိုင် ၊ မေ (၇) ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမယ့် ခြောက်လအတွင်း အပြီးရေးဆွဲဖို့ ညီလာခံမှာ ဆုံးဖြတ်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ် မွန်အမျိုးသားညီလာခံ ပြောရေးဆိုခွင့်ရှိသူ နိုင်ဝဏ္ဏမာန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲဖို့အတွက် မွန်သံဃာတော်တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ မွန်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်…

အများပြည်သူ သိပိုင်ခွင့်အတွက် ဆက်လက်ဆောင်ရွက်သွားမည်

သံလွင်တိုင်းမ်၏ ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်အတွက် အကာ အကွယ်ပြုရန်နှင့် အများပြည်သူသိပိုင်ခွင့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်၊ မေလ (၇)ရက်နေ့ မော်လမြိုင်မြို့မှာ စတင်ခဲ့တဲ့ သံလွင်တိုင်းမ်သတင်းဌာနဟာ ယနေ့ ၂၀၂၂ ခုနှစ်၊ မေလ (၇)ရက်နေ့မှာ (၁၀)နှစ်တာ သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ (၁၀)စုနှစ်တာ ကာလအတွင်း အဆင့်ဆင့်သော ဦးဆောင်မှုတွေကို လက်ဆင့်ကမ်းသယ်ဆောင်ရင်း သံလွင်တိုင်းမ်သတင်းဌာနရှင်သန်စေဖို့အတွက် ကြိုးပမ်းခဲ့ကြရပါသည်။ ပြည်နယ်အခြေစိုက်သတင်းဌာနတခုအနေဖြင့်…

ဖာပွန်ခရိုင်က တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၇၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

ဖာပွန် ၊ မေ (၇) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၃၈၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနှစ်ဖက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၇၃ ဦးသေဆုံးပြီး ၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ…

သေစေနိုင်လောက်သော မီးတောင်ပေါက်ကွဲမှုဖြစ်စဥ်အတွက် နယူးဇီလန်တရားရုံး၏ နောက်ဆုံးအမိန့်ချ

ဝယ်လင်တန် ၊ မေ (၇) နယူးဇီလန်နိုင်ငံမှာ လူ ၂၂ ဦး ထိသေဆုံးစေခဲ့သော ၂၀၁၉ ခုနှစ် မီးတောင်ဖြူကျွန်းပေါက်ကွဲမှုဖြစ်စဥ် နှင့် ပတ်သက်သော အရေးပေါ်စီမံမှုဆိုင်ရာ လုံခြုံ‌ရေးအတိုင်းအတာများကို ချိုးဖောက်မှုအတွက် တရားရုံးတော်မှ စီရင်ချက်ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ ဟွာကာရီလို့ လူသိများသော ကျွန်းပေါ်မှာ မီးတောင်ပြာနှင့် ရေနွေးငွေ့များ မီးတောင် ထိပ်ဝမှ စတင်ပေါက်ကွဲချိန်မှာ ထိုနေရာအတွင်း ဩစတြေးလျနိုင်ငံသား…

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲကနေ ကြိုးပမ်းဖို့ PPST ခေါင်းဆောင် တိုက်တွန်း

မော်လမြိုင် ၊ မေ (၇) နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အဖက်ဖက်နဲ့ လက်တွဲပူးပေါင်းပြီး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက တိုက်တွန်းလိုက်ပါတယ်။ အပစ်ရပ် NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အထူးအစည်းအဝေးပွဲမှာ နိုင်အောင်မင်း ရဲ့ အဖွင့်မိန့်ခွန်းအနေနဲ့ ပြောဆိုခဲ့တဲ့ တိုက်တွန်းချက်ကို…

KNU သထုံခရိုင်မှာ စစ်ကောင်စီဘက်က လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်တိုက် ကျူးလွန်လာ

ဘီးလင်း ၊ မေ (၇) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် ကျူးလွန်လာတယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောာင်စီ လက်အောက်ခံ တပ်မ (၄၄) ဟာ သထုံခရိုင်ထဲက အရပ်သားတွေကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာ၊ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီးနောက်…

ယူကရိန်းကို ရုရှာရဲ့ အထူးစစ်ဆင်ရေးမှာ ဘယ်လာရုစ် ပါဝင်မှာမဟုတ်

မင့်စ် – မေ(၇) ဘီလာရုစ်အနေနနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ အထူးစစ်ဆင်ရေးမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ကြာသပတေးနေ့က ပြုလုပ်တဲ့ အေပီသတင်းဌာ နနဲ့တွေ့ဆုံမေးမြန်းချိန်မှာ ပြောဆိုခဲ့ပါတယ်။ ဘီလာရုစ်ဟာ ငြိမ်းချမ်းရေးအတွက် ရပ်တည်နေပြီး ယူကရိန်း – ရုရှားစစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ ထပ်ခါတလဲလဲတောင်းဆိုခဲ့တယ်လို့ သူကပြောခဲ့တာပါ။ “ကျွန်ုပ်တို့ က မည်သည့်စစ်ပွဲကိုမဆို လုံးဝလက်မခံပါဘူး၊…

ထိုင်းတယ်လီကွန် ဈေးကွက်ဦးဆောင်သူ AIS က 5G မြှင့်တင်ဖို့ ဘတ်(၁) ဘီလျံရင်းနီးမြှပ်နှံဖွယ်ရှိ

ဘန်ကောက် – မေ(၇) ထိုင်းတယ်လီကွန်ဈေးကွက်ဦးဆောင်သူ Advanced Info Service (AIS) ဟာ True လုပ်ငန်းစုနဲ့ Total Access Communication (Dtac) တို့ရဲ့ ပူးပေါင်းမှုကြောင့် ယှဉ်ပြိုင်မှုတွေဖြစ်ပေါ်လာချိန် မှာ သူတို့ရဲ့ ပုံမှန်အနေအထားကို ကာကွယ်သွားမှာဖြစ်ပြီး True- Dtac ပူးပေါင်းတာကို လူထုရဲ့ စိတ်မကျေနပ်မှုအခြအနေကြောင့် AIS ကုမ္ပဏီအနေနဲ့ အနိုင်ရသွားလိမ့်မယ်လို့…

ရုပ်ရှင်ကြည့်မယ့်သူမရှိလို့ ရုံတွေကို ယာယီပြန်ပိတ်ခွင့်ရဖို့ ရုံပိုင်ရှင်တွေ တောင်းဆို

ရန်ကုန်၊ မေ(၆) အာဏာသိမ်းစစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဖွင့်ထားရတဲ့ ရုပ်ရှင်ရုံတွေမှာ လာရောက်ကြည်ရှုတဲ့ သူနည်းပါးနေလို့ ရုပ်ရှင်ရုံတွေကို ယာယီပြန်ပိတ်ခွင့်ရဖို့ ရုံပိုင်ရှင်တွေက တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး စစ်ကောင်စီက ရုပ်ရှင်ရုံတွေကို မဖွင့်မနေရ ဆိုတဲ့ ဖိအားပေး ခဲ့လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ထားရတာပါ။ ရုပ်ရှင်ရုံတွေစဖွင့်တဲ့အချိန်ကနေ လာရောက်ကြည့်ရှုတဲ့သူ မရှိသလောက်နည်းပါးနေတဲ့အတွက် ရုံပြန်ပိတ်ဖို့ အစည်းအရုံးကို စာတင်ထားတယ်လို့ ရုံပိုင်ရှင်တစ်ယောက်က ဆိုပါတယ်။အနုပညာရှင်အသိုင်းအဝိုင်းကတော့…