2022

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေဆွေးနွေးပွဲဟာ မြန်မာငြိမ်းချမ်းရေးအတွက် အထောက်အကူ မပြုနိုင်

မော်လမြိုင် ၊ မေ (၁၁) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ မြန်မာငြိမ်းချမ်းရေးအတွက် အထောက်အကူ မပြုနိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားတယ်လို့…

မွန်ပြည်နယ်မှာ ရော်ဘာဈေးနှုန်း ဆက်တိုက် ကျဆင်းလာ

မော်လမြိုင် ၊ မေ (၁၁) မွန်ပြည်နယ်မှာ အခုမေလ ပထမအပတ်ကစပြီး ရော်ဘာ တစ်ပေါင်ကို ကျပ် ၁၀၀၀ နီးပါးထိ ဈေးနှုန်း ဆက်တိုက် ကျဆင်းလာတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရော်ဘာဈေးနှုန်းဟာ စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၁၈၅၀ နဲ့ ပြန်ရောင်းပေးရမယ်ဆိုတဲ့ ကန့်သတ်ချက် အပါအဝင် ထိုင်းနိုင်ငံက ရော်ဘာဝယ်ယူမှု သိသိသာသာ…

မြန်မာစစ်ကောင်စီကို အနောက်တိုင်းအစိုးရတွေက ဆက်ဆံရေးအဆင့်လျှော့ချ

လန်ဒန် – မေ(၁၁) လန်ဒန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကို ကြားကာလာ ကြီးကြပ်သူအဖြစ် ရာထူးလျှော့ချဖို့ဆုံးဖြတ်ချက်ကို လေးလကျော်ကြာ အငြင်းပွားပြီးနောက် စစ်ကောင်စီက ဗြိတိန် သံအမတ်ကို ပယ်ချခဲ့ပါတယ်။ မြန်မာစစ်ကောင်စီက ဗြိတိန်ကို ကြီးကြပ်သူအဖြစ်ခန့်အပ်တာကို လက်မခံနိုင်ကြောင်းနဲ့ တခြား သောကိုယ်စားလှယ်တွေကိုပဲ လက်ခံစဉ်းစားပေးမှာဖြစ်တယ်လို့ ဧပြီလကုန်ပိုင်းမှာ ဗြိတိန်အစိုးရ ကို တရားဝင်အကြောင်းကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတော်တော်များများဟာ သူတို့ရဲ့ ကိုယ်စားပြုမှုတွေကို…

အမေရိကန် သမ္မတကတော် ယူကရိန်းကို မကြေညာဘဲ အလည်အပတ်သွားရောက်

ကိယက်ဗ်- မေ(၁၀) အမေရိကန် သမ္မတကတော် ဂျေးလ်ဘိုင်ဒန် ဟာ ကြိုတင်ထုတ်ပြန်ထားတာမရှိပဲ ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ပွဲကြောင့် အိုးအိမ်မဲ့ဖြစ်သွားရတဲ့ အရပ်သားတွေခိုလှုံတဲ့ စာသင်ကျောင်းတစ်ခုမှာ ယူကရိန်းသမ္မတကတော် အိုလီနာဇီလန်းစကာနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမဟာ ရိုမေးနီးယားအပါအဝင် ဒေသတွင်း ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် စလိုဗက်ကီးယားမှ ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီးယူကရိန်းအတွက် အမေရိကန်ထောက်ခံအားပေးမှုနဲ့ ရုရှားကျူးကျော်မှုအပြီးမှဦ ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေကို ပြသဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ “ကျမက…

ဖိလစ်ပိုင်နိုင်ငံသမ္မတအသစ်ကို လာမယ့် တနင်္လာနေ့မှာ ရွေးချယ်ဖို့ရှိ

မနီလာ – မေ(၁၀) လာမယ့် တနင်္လာနေ့မှာ အရှေ့တောင်အာရှရဲ့ အဓိက စီးပွားရေးနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့အထွေထွေရွေးကောက်ပွဲနဲ့အတူ သမ္မတသစ်ကို ရွေးချယ်သွားဖို့ ရှိပါတယ်။ သမ္မတ၊ ဒုသမ္မတ အပါအဝင် အထက်လွှတ်တော်အမတ် ၁၂ ဦးအပြင် အောက်လွှတ်တော် လစ်လပ်နေရာ ၃၀၀ အပါအဝင် နေရာပေါင်း ၁၈၁၀၀ ကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ ထိုရွေးကောက်ပွဲအတွက် မဲပေးနိုင်သူဦးရေ စုစုပေါင်းဟာ ၆၅.၇…

Lazada ပရိုမိုးရှင်းရေးသားချက်နဲ့ ပတ်သက်ပြီး ဂရုစိုက်ဖို့ ထိုင်းအစိုးရသတိပေး

ဘန်ကောက် – မေ(၁၀) ထိုင်းနိုင်ငံ အီးကောမက်စ်လုပ်ငန်းစု Lazada အတွက် အရောင်းမြှင့်တင်ရေး မှာ အသုံးပြုခဲ့တဲ့ ဗီဒီယိုဟာ ထိုင်းတော်ဝင်နန်းတော်ကို လှောင်ပြောင်တာဖြစ်တယ်လို့ တော်ဝင်ထောက်ခံသူတွေက ပြောဆိုလိုက်ပြီး နိုင်ငံရဲ့ ဘုရင်စနစ်ကို ထိပါးစော်ကားတဲ့အတွက် အစိုးရက သတိပေးခဲ့ပါတယ်။ ဖြုတ်ချဖယ်ရှားလိုက်ပြီဖြစ်တဲ့ ဗီဒီယိုဖိုင်ကို Lazada ရဲ့ အရောင်းမြှင့်တင်ရေးအတွက် အသုံးပြုခဲ့ပြီး အဲ့ဒီထဲမှာ ထိုင်းရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ ဘီးတပ်ကုလားထိုင်…

နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေမဆုံးရှုံးဖို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေခေါ်ဖို့ ဒုချုပ်စိုးဝင်း ပြော

ရန်ကုန် – မေ(၉) နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေဆုံးရှုံးမှု မရှိစေဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုအသစ်တွေကို ထပ်မံဖိတ်ခေါ်သွားဖို့ လိုအပ်တယ်လို့ ဒုကာချုပ် စိုးဝင်းက ပြောပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမမှာ သူကပြောခဲ့တာပါ။ “နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံဖိတ်ခေါ် သွားရန်လည်းလိုကြောင်း၊ နိုင်ငံတော်၏…

သီရိလင်္ကာဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ဖို့ သမ္မတဆီစာတင်

ကိုလံဘို – မေ(၉) သီရိလင်္ကာဝန်ကြီးချုပ်ဟာ ဒီနေ့ မေလ(၉) ရက်နေ့ မှာ နှုတ်ထွက်စာတင်ခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာရေးသားထားပါတယ်။ အသက် (၇၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ သူ့ရဲ့ညီဖြစ်သူ နိုင်ငံသမ္မတ ဆီကို နှုတ်ထွက်လိုတယ် ဆိုပြီး အသိပေးစာတစ်စောင်ပို့ခဲ့တယ်လို့ သိရပါတယ်။ “ကျွန်ုပ်၏ ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်စာကို သမ္မတထံ ချက်ချင်းတင်လိုက်ပါပြီ” လို့ မဟင်ဒါက…