2022

မားကိုစ့်ဂျူနီယာ ရွေးကောက်ပွဲကို မဲအပြတ်အသတ် အနိုင်ရပြီး သမ္မတသစ်ဖြစ်လာခဲ့

မနီလာ – မေ(၁၂) လွန်ခဲ့တဲ့ (၃၆) နှစ်က ပြည်သူ့တော်လှန်ရေးနဲ့ ဖယ်ရှားခံထားရတဲ့ ဖိလစ်ပိုင်အာဏာရှင်ရဲ့ သားဖြစ်သူ ဖာဒီနန့် ဘွန်ဘွန်မားကိုစ့်ဂျူနီယာဟာ မဲအပြတ်အသတ်နဲ့ ရွေးကာက်ပွဲမှာ အနိုင်ရပြီးသမ္မတဖြစ်လာခဲ့ပါတယ်။ မားကို့စ်ဟာ တနင်္လာနေ့က ပြုလုပ်ကျင်းပခဲ့တဲ့ ‌ရွေးကောက်ပွဲမှာ ဆန္ဒမဲအရေအတွက် ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး သူ့ဖခင်ရရှိခဲ့ဖူးတဲ့ အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာဖြစ်တဲ့ သမ္မတရာထူးကို ရရှိခဲ့တာဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်လူထုအုံကြွမှုအပြီးမှာ ၁၉၉၀…

Lazada က ပစ္စည်းမမှာယူဖို့အတွက် ထိုင်းစစ်တပ်အကြီးအကဲ က နိုင်ငံတဝှမ်းအမိန့်ထုတ်

ဘန်ကောက် – မေ(၁၂) အွန်လိုင်းပေါ်ပြန့်နှံ့ခဲ့တဲ့ Lazada Online Shopping ရဲ့ ပရိုမိုးရှင်းကြော်ငြာဟာ ထိုင်းတော်ဝင် မိသားစုကို စော်ကားပုတ်ခတ်တာလို့ ထောက်ခံသူတွေက စွပ်စွဲခဲ့ပြီးနောက်မှာတော့ စစ်တပ် အကြီးအကဲက Lazada ကနေပစ္စည်းမှာယူတာတွေရပ်တန့်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ စစ်တပ်ပရဝုဏ်တွေတွေအတွင်းကို Lazada နဲ့သက်ဆိုင်တဲ့ ယာဉ်တွေဝင် ရောက်ခွင့်ကိုလည်း တားမြစ်လိုက်ပြီး Lazada ကနေစစ်သုံးကိရိယာပစ္စည်းတွေ ရရှိနေတာနဲ့ ပတ်သက်ပြီး စစ်တပ်အကြီးအကဲက…

NLD ပါတီဝင်နဲ့ ထောက်ခံသူတွေ သတ်ဖြတ်ခံရမှု စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေ

ရန်ကုန် ၊ မေ(၁၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်‌တွေနဲ့ ပါတီ ထောက်ခံသူတွေကို သတ်ဖြတ်သွားတဲ့ သွေးသောက်အဖွဲ့တွေရဲ့ ကျုးလွန်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန် လိုက်ပါတယ်။ ဧပြီလ၂၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ သွေးသောက်၊စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနဲ့ မျိုးချစ်မဟာမိတ်စတဲ့ အဖွဲ့တွေဟာ မေ ၅…

ဖာပွန်ခရိုင်မှာ ဝင်ရောက်တပ်စွဲထားတဲ့ BGF တပ်တွေ ပြန်လည်ရုတ်သိမ်းသွား

ဖာပွန် ၊ မေ (၁၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်တွေဟာ မေလ ၁၁ ရက်နေ့က ပြန်လည်ရုတ်သိမ်းသွားတယ်လို့ BGF နဲ့နီးစပ်သူတွေက ပြောပါတယ်။ ပြန်လည်ရုတ်သိမ်းသွားတဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် KNU တပ်မဟာ ၅…

မွန်ပြည်နယ်က ငါးဖမ်းလှေတွေ လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ အခက်အခဲ ရှိနေ

မော်လမြိုင် ၊ မေ (၁၂) မွန်ပြည်နယ်အတွင်းက ငါးဖမ်းလှေတွေဟာ ပြီးခဲ့တဲ့ ငါးဖမ်းရာသီမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လာမယ့် ငါးဖမ်းရာသီမှာ လှေပြန်ထွက်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ငါးလုပ်ငန်းရှင်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ ငါးဖမ်း ဆက်စပ်ပစ္စည်း အပါအဝင် အထွေထွေကုန်ကျ စရိတ်ကြီးမြင့်တာအပြင် ငါးအထိအမိ…

စစ်ကောင်စီက အာဏာတည်မြဲရေးအတွက်သာ ကြိုးပမ်းနေတာကြောင့် တရားဥပဒေစိုးမိုးရေး ဆိတ်သုဉ်းသွား

ရန်ကုန် ၊ မေ (၁၂) အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက်ကိုသာ ကြိုးပမ်းနေတာကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး လုံးဝ ဆိတ်သုဉ်းသွားရတာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်တပ် အာဏာသိမ်းတဲ့ ၁နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ ဘဏ်ဓားပြအတိုက်ခံရတာ၊ လူကိုသတ်ပြီး ပစ္စည်းတွေ လုယက်တာနဲ့ အုပ်စုဖွဲ့ ရမ်းကားတာအပါအဝင် ဥပဒေမဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။ ဒါပေမယ့်…

ခြိမ်းခြောက်မှုတွေလုပ်နေပေမယ့် ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ တောင်ကိုရီးယား သမ္မတ သစ်ပြော

ဆိုးလ် – မေ(၁၁) မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရှိနေပေမယ့် နျူကလီးယားကင်စင်ရေးကို အာမခံနိုင်ရင် သူ့အနေနဲ့ စီပွားရေးအစီအစဉ်တွေကို ပံ့ပိုးပေးဖို့ အဆင်သင့်ရှိတယ်လို့ တောင်ကိုရီးယား သမ္မတ အသစ် ယွန်းစုခ်ယိုက ပြောခဲ့ပါတယ်။ ဆိုးလ်မြို့ပါလီမန်ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ပါ။ အစိုးရရှေ့နေအဖြစ် (၂၆) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံရေးလာကကို ဝင်ရောက် ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ကွန်ဆာဗေးတစ်…

လာအိုနိုင်ငံက နိုင်ငံခြားခရီးသည်တွေကို ပြည်တွင်းပြန်လည်ဝင်ရောက်ခွင့်ပြုတော့မယ်

ဗီယင်ကျန်း – မေ(၁၁) ကိုဗစ်ကြောင့် (၂) နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ ကုန်းတွင်းပိတ်အရှေ့တောင်အာရှနိုင်ငံ ဖြစ်တဲ့ လာအိုဟာ မေလ(၉) ရက်နေ့ကစပြီး နိုင်ငံခြားခရီးသွားတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ လာအိုနိုင်ငံရဲ့ ကိုဗစ်-19 ထိန်းချုပ်ရေးအစိုးရအေဂျင်စီအကြီးအကဲ က ပြန်လည်ဖွင့်လှစ်မယ့် ရက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေငြာခဲ့ပြီး အဆင့်(၃) ဆင့် အစီအမံတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ…

မွန်ပြည်နယ် ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု ဆက်လက် စစ်ဆေး

မော်လမြိုင် ၊ မေ (၁၁) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေအတွက် ဒီကနေ့ မေလ ၁၀ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)…