2022

မော်လမြိုင် ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီက CDM ဝန်ထမ်း ရှိ မရှိ လိုက်လံ စစ်ဆေး

မော်လမြိုင် ၊ မေ (၁၃) မော်လမြိုင်မြို့က ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေက အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေ ရှိ မရှိ လိုက်လံ စစ်ဆေးလာတယ်လို့ ပုဂ္ဂလိကဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာ စစ်ကောင်စီ လက်အောက်ခံ ဌာနတွေ ဖြစ်တဲ့ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက…

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ မေ (၁၃) အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်က မြို့နယ်တချို့မှာ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ဖိအားပေးလာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းဖို့အအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်အကြီးအကဲတွေ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်၊ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ ပြည်နယ်အဆင့်…

အယ်လ်ဂျာဇီးယားသတင်းထောက်ကို အစ္စရေးတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့

ဂျေရုဆလင် – မေ(၁၃) အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် အဘူကာလီ ကို အစ္စရေး တပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ Jenin ဒုက္ခ သည်စခန်းမှာ ပစ်သတ်ခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အာရဗီသတင်းတွေကို အဓိကရေးသားလေ့ရှိတဲ့ အသက်(၅၁) နှစ်အရွယ်စစ်မှုထမ်းဟောင်း အမျိုးသမီးသတင်းထောက်အဘူကာလီကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သွေးအေးအေးနဲ့ ပစ်သတ် ခဲ့တာဖြစ်တယ်လို့ အယ်လ်ဂျာဇီးယားသတင်းဌာနက ပြောဆိုထားပါတယ်။ အစ္စရေးစစ်တပ်ကတော့…

ဘိုင်ဒန် စီးပွားရေးမူဘောင်ကို စိတ်ဝင်စားသော်လည်း အသေးစိတ်လေ့လာရန် လိုသေးလို့ ဗီယက်နမ် ပြော

ဝယ်လင်တန် ၊ မေ (၁၃) ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင့်ချင့်က ဟနွိုင်းအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ အဆိုပြုထားသော အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ရဲ့ ဦးတည်ချက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားပေမယ့် အသေးစိတ်ကို လေ့လာရန်အတွက် အချိန်လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်နှင့် အရှေ့ တောင်အာရှခေါင်းဆောင်များအကြား နှစ်ရက်တာထိပ်သီးဆွေးနွေးပွဲကို မေလ၁၂ ရက်နေ့က ဝါရှင်တန်မြို့မှာ စတင်လိုက်ပြီး ဘိုင်ဒန်ရဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် Indo-Pacific…

မြောက်ကိုရီးယားမှာ ကိုဗစ်လူနာ ပထမဆုံးအကြိမ်တွေ့ရှိ

ပြုံယမ်း – မေ(၁၃) မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်- 19 ကူးစက်မှုဖြစ်စဉ် ကိုမေလ(၁၂) ရက်နေ့က စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်မှာတော့ အမျိုးသားအရေးပေါ်အခြေအနေလို့ ခေါ်ကာ နိုင်ငံတဝှမ်း အသွားအလာကန့်သတ်မယ့် အမိန့်တစ်ရပ်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ ကာကွယ်ဆေးအကူအညီလက်ခံဖို့ ငြင်းဆိုထားပြီး နယ်စပ်မျဉ်းတွေပိတ်ထားတဲ့ မြောက်ကိုရီးယားမှာ ပထမဆုံးလူထုကူးစက်မှုနဲ့အတူ ကြီးမားတဲ့ ကူးစက်မှုတွေထိ အလားအ လာတွေရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့…

မြန်မာ့သံတမန်ရေးရာမှာ အာဆီယံခေါင်းဆောင်တွ ပိုကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အမေရိကန် တောင်းဆို

ဝါရှင်တန် – မေ(၁၃) မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေ ဖို့ကြိုးပမ်းရာမှာ အမေရိကန်က အရှေ့တောင်အာရှခေါင်းဆောင်တွေကို ပိုမိုကြီးမားတဲ့ စေ့စပ်ညှိနှိုင်း ရေး အခန်းကဏ္ဍမှာ အားစိုက်ပါဝင်စေလိုတယ်လို့ အမေရိကန်နိုင်ငံ အာရှဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦး က ပြောခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး နောက်မှာတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့အတွက်…

တိုကျိုက နိုဝင်ဘာလကစတင်ပြီး လိင်တူလက်ထပ်ခွင့်အသိအမှတ်ပြုမယ်

တိုကျို – မေ(၁၃) စည်းမျဉ်းဥပဒေတွေကို ပြန်လည်ပြင်ဆင်ပြီးနောက် လာမယ့် နိုဝင်ဘာလက စတင်ပြီး လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုသွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တွေက ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ လိင်တူချစ်သူတွေကို အသိအမှတ်မပြုတဲ့ နိုင်ငံ ခုနှစ်ခုမှ တစ်ခုအပါအဝင် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လိင်နှစ်မျိုးစလုံးရဲ့ အပြန်အလှန်သဘောတူညီချက်ဖြင့်သာ လက်ထပ်ရမယ်လို့ ပြဌာန်းထားပါတယ်။ နိုင်ငံတဝှမ်းက ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ လိင်တူလက်ထပ်ခွင့်ကို…

စစ်ခေါင်းဆောင်ရဲ့ ကမ်းလှမ်းချက်ကို EAOs တွေကန့်ကွက်တာ ပြည်သူတွေထိခိုက်စေတယ်လို့ ကမ္ဘောဒီယားခေါင်းဆောင်ဆို

ဖနွမ်းပင် – မေ(၁၂) ကမ္ဘောဒီယားခေါင်းဆောင်ဟွန်ဆန်က အာဏာသိမ်းခေါင်းဆောင်ရဲ့ ကမ်းလှမ်းချက်ကို ကန့်ကွက်ခဲ့တဲ့ EAOs တွေရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွထိခိုက်စေတယ်လို့ ဒီနေ့ မေလ(၁၂) ရက်နေ့မှာ ပြောခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေက ငြင်းဆန်ထားတာပါ။ “မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းအပစ်အခတ်ရပ် စဲရေး သဘောတူစာချုပ်မှာ…

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှားအစိုးရအဖွဲ့ဝင်လေးဦးနှုတ်ထွက်

မော်စကို – မေ(၁၂) ရုရှားနိုင်ငံကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုအတွက် ကြိုးပမ်းနေချိန်မှာ ဒေသန္တရဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်လေးဦး ပြီးခဲ့တဲ့ အင်္ဂါနေ့က ရာထူးက နှုတ်ထွက်ခဲ့ကြပါတယ်။ တွမ်စခ်၊ဆရာတော့ဖ်၊ကီးရို့ဗ််နဲ့ မာရီအယ် ဒေသတွေက အကြီးအကဲတွေဟာ သူတို့ရဲ့ ရာထူးတွေက ချက်ချင်းနှုတ်ထွက်တယ်လို့ ကြေညာထားပြီး လာမယ့် စက်တင်ဘာလအတွင်း တိုင်းဒေသကြီးငါးခုလုံး အတွက်ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပြီး အရီးဇိုင်းဒေသအကြီးအကဲကတော့ နောက်သက်တမ်း အတွက် အရွေးခံမှာမဟုတ်ဘူးလို့…