2022

လာအိုမှာ လောင်စာဆီ လိုအပ်ချက်တွေနဲ့ ကြုံတွေ့ရနိုင်

ဗီယင်ကျန်း၊ မေ(၁၈) လာအိုအစိုးရက အရှေတောင်အာရှနိုင်ငံတွင်း လောင်စာဆီဝယ်လိုအားများလာတာနဲ့အတူ အလုံးအရင်းနဲ့ အဆမတန်ဝယ်ယူမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက် လာအိုမှာ လောင်စာဆီရရှိမှု လိုအပ်ချက်တချို့ကြုံတွေ့ရနိုင်တယ်လို့ အဓိက ရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။ လာအိုဟာ သူတို့ရဲ့ ရေနံဆီအများစုကို အိမ်နီးချင်း ထိုင်းနိုင်ငံက တင်သွင်းမှုအပေါ် မှီခိုနေရတာ ဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းပတ်က ဓာတ်ဆီဆိုင်အများစုကို ပိတ်ထားခဲ့ရပြီး လောင်စာဆီ သိုလှောင်ဖို့…

ကိုဗစ်ကူးစက်မှု မြင့်မားနေတဲ့ မြောက်ကိုရီးယားကိုအကူအညီပေးဖို့ နှမြောနေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားဆို

ဆိုလ်း – မေ(၁၈) မြောက်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် ကူညီဖို့ နှမြောနေမှာ မဟုတ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက်လမ်းဖွင့်ထားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းစုခ်ယိုက ပြောခဲ့ပါတယ်။ သမ္မတရဲ့ မိန့်ခွန်းမှာ သီးခြားအနေနဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကတစ်ဆင့် ကမ္ဘာ့ထောက် ပံ့ရေး ကွင်းဆက်မှာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေမယ့် နည်းလမ်းတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ “မြောက်ကိုရီးယားသာ…

ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကိုအကန့်အသတ်နဲ့ ဖွင့်လှစ်သွားမယ်။

တိုကျို – မေ(၁၈) ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍအပြည့်အဝပြန်လည်ဖွင့်လှစ်ချိန်မတိုင်မီမှာ သတင်းအချက်အလက် စုဆောင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အကန့်အသတ်နဲ့သာခွင့်ပြုတဲ့ စမ်းသပ်ခရီးသွားကဏ္ဍကို မေလအတွင်းစတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ခရီးသွားကဏ္ဍဟာ ဂျပန်နိုင်ငံစီးပွားရေးရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး စတင်ျိန်၂၀၂၀ ခုနှစ်တည်းက နယ်စပ်မျဉ်းတွေကို ပိတ်ထားခဲ့ရပြီး ခရီးသွားဧည့်သည်တွေကို ပြန်လည်ဝင်ရောက်ခွင့်တော့ မပြုသေးပါဘူး။ ကျောင်းသားကျောင်းသူတွေနဲ့ တချို့သော လုပ်ငန်းကိစ္စနဲ့ ခရီးသွားလာသူတွေကို ခွင့်ပြုနိုင်ဖို့ မူဝါဒတချို့ကို အနည်းငယ်ဖြေလျော့ထားခဲ့ပြီး…

မြောက်ကိုရီးယားခေါင်းဆောင်က ကျန်းမာရေးတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်

ပြုံယမ်း – မေ(၁၇) နိုင်ငံတစ်ဝှမ်းကိုဗစ်ရောဂါဖြစ်ပွားမှု့မြင့်တက်လာတဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က ကျန်းမာရေးဌာနတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဆေးဝါးတွေဖြန့်ဝေဖို့ စစ်တပ် ကိုအမိန့်ပေးခဲ့ပါတယ်။ နိုင်ငံတကာက မြောက်ကိုရီးယားကို ပြီးခဲ့တဲ့နှစ်က သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာ ကွယ်ဆေးတွေထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကိုဗစ်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ် ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ံဖို့ ငြင်းဆိုထားတာပါ။ ခေါင်းဆောင်ကင်မ်က နိုင်ငံအတွင်းလျင်မြန်စွာပြန့်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုကို “ကြီးစွာသော ဘေးအန္တရာယ်”ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး…

ဇွန်လ (၁)ရက်နေ့မှစပြီး ရှန်ဟိုင်းကို ယခင်အခြေအနေအတိုင်းပြန်ဖြစ်ဖို့ ပြင်ဆင်နေ

ရှန်ဟိုင်း၊ မေ ၁၇ ၁၅ ခရိုင်၌ ကွာရန်တင်းဧရိယာပြင်ပတွင် ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ပြီလို့ ကြေညာပြီးနောက် ရှန်ဟိုင်းမြို့ကို ပုံမှန်အခြေအနေပြန်လည်စတင်နိုင်ရန်အတွက် ဇွန် ၁ ရက်မှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားကြောင်း မြို့တော်အရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒုတိယမြို့တော်ဝန် Zong Ming က နေ့စဉ်အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် မြို့တော်၏ခြောက်ပတ်ကျော် လော့ဒေါင်း လုပ်ထားခဲ့ခြင်းကြောင့် လူပေါင်း…

အင်ဒိုနီးရှားလို ကျောက်မီးသွေးအပေါ်မှီခိုနေရတဲ့ နိုင်ငံတွေကို G7 ကူညီမယ်

ဂျာကာတာ – မေ(၁၇) အင်ဒိုနီးရှားနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကျောက်မီးသွေးသုံးစွဲမှုဖယ်ရှားနိုင်ဖို့အတွက် အထောက်အပံ့ဖြစ်စေဖို့ ကနဦးဆောင်ရွက်ချက်တစ်ရပ် ချဲ့ထွင်သွားမယ်လို့ G7 အဖွဲ့ဝင် နိုင်ငံတွေက ပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွင်း ကာဗွန်လျှော့ချရေးဖြစ်စဉ်ကို အရှိန်အဟုန်မြင့်တင်ဖို့ တွန်းအားတစ် ရပ်အနေနဲ့ ကျောက်မီးသွေးအခြေပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှ အသစ်ပြန်လည် ဖြစ်ပေါ် လာနိုင်တဲ့ စွမ်းအင်သိုကူးပြောင်းနိုင်ရေးအတွက် G7 အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့ကိုကူညီသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့…

မဲလွှဲပြောင်းပေးရေးနည်းလမ်းကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းကို ဆန့်ကျင်ရေးသမားများတိုက်ခိုက်

ဘန်ကောက် – မေ(၁၇) ၂၀၁၃ ခုနှစ် ဘန်ကောက်အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲမှာ နောက်ဆုံးအကြိမ်အသုံးပြခဲ့ တဲ့ ဆန္ဒမဲပေးပုံနည်းလမ်းတွေကို တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူ Chadchart Sittipunt က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်မှာတော့ အတိုက်အခံတွေက ဝေဖန်မှုတွေထွက်ေပေါ်လာခဲ့ပါတယ်။ လက်ရှိလူကြိုက်များနေတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း Chadchart Sittipunt ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နီးစပ်သူဖြစ်တယ်လို့ အတိုက်အခံပါတီဝင်တွေက ထင်မြင်နေ ကြပြီး လက်နက်ကိုင်တပ်ဖွဲ့လုံခြုံရေးစင်တာ အကြီးအကဲဖြစ်သူ…