2022

အမျိုးသမီးသတင်းတင်ဆက်သူတွေကို မျက်နှာဖုံးအုပ်ပြီးတင်ဆက်ဖို့ တာလီဘန်အမိန့်ထုတ်

ကဘူးလ်- မေ(၂၁) အာဖဂန်ရှိ တာလီဘန်အာဏာပိုင်များက ဒေသတွင်းသတင်းဌာနများမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတင်ဆက်သူတွေကို ရုပ်သံထုတ်လွှင့်တဲ့အခါ မျက်နှာကို ဖုံးအုပ်ထားဖို့ ရုပ်သံဌာနများကို ပြောကြားထားခဲ့ကြောင်း တာဝန်ရှိသူတဦးကပြောပါတယ်။ ယင်းအမိန့်မှာ အာဖဂန်အမျိုးသမီးတွေ လူမြင်ကွင်းမှာ မျက်နှာကို ဖုံးကွယ်ထားရမယ်ဆိုပြီး တာလီဘန်အာဏာပိုင်တွေရဲ့ လတ်တလောညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး အတိတ်ကာလကအတိုင်း အမျိုးသမီးများကို ပိုမိုတင်းကျပ်စွာ အုပ်ချုပ်မဲ့ တာလီဘန်ရဲ့ အရိပ်လက္ခဏာများ ပြန်လည်လာနိုင်ချေရှိတယ်လို့ သုံးသပ်နေကြပါတယ်။…

ဩစတြေးလျကို သံတမန်ရေးအဆင့်လျှော့ချမယ်လို့ မြန်မာစစ်ကောင်စီခြိမ်းခြောက်

နေပြည်တော် – မေ(၂၁) မြန်မာနိုင်ငံအတွင်း မကြာသေးခင်က လစ်လပ်သွားတဲ့ ဩစတြေးလျ သံအမှတ်နေရာကို အစားထိုးမှာမဟုတ်ဘူးလို့ ဩစတြေးလျအစိုးရက ကြေငြာခဲ့ပြီးနောက် စစ်ကောင်စီက သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ဖြစ်ပေါ် စေဖို့အနောက်နိုင်ငံအစိုးရတွေက ဦးဆောင်ခဲ့ပြီးနောက် အရပ်သားတွေအပေါ်ပြင်းထန်တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ချိန်မှာတော့ နိုင်ငံတကာအစိုးရတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို အတိုက်ခံအစိုးရနဲ့လည်း တွေ့ဆုံထားပါတယ်။ ကန်ဘာရာအစိုးရဟာ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးခဲ့တဲ့…

အင်ဒိုနီးရှားရဲ့ပြည်တွင်းစားအုန်းဆီတင်ပို့ရောင်းချမှုစည်းမျဉ်းကို ပြန်လည်ပြဌာန်းတော့မယ်

ဂျကာတာ – မေ(၂၁) ကမ္ဘာ့အကြီးဆုံးစားသုံးဆီထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက တင်ပို့မှုအပေါ်တားမြစ်ချက် ပြင်ဆင်ပြီးနောက် တစ်ရက်အကြာမှာ စားအုန်းဆီးအတွက် ပြည်တွင်းရောင်းချမှုလိုအပ်ချက် တစ်ရပ်ကို ပြဌာန်းတော့မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတဂျိုကိုဝီဒိုဒို အစိုးရဟာ စားအုန်းဆီမူဝါဒကို နိုဝင်ဘာလတည်းက ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ ပြီးနောက် ဧပြီလနှောင်းပိုင်းက တင်ပို့မှုတားမြစ်ချက်နဲ့ ပြည်တွင်းစားသုံးဆီ စျေးနှုန်း ကြီးမြင့် မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေဟာ…

မြောက်ကိုရီးယားနှင့် ထိုင်ဝမ်အရေးအတွက် ဘိုင်ဒန်အကြံပေးနှင့် တရုတ်ထိပ်သီး သံတမန်တို့ ဆွေးနွေးခဲ့

ဝါရှင်တန်၊ မေ ၂၀ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား အာရုံစိုက်နေချိန်အတွင်း မြောက်ကိုရီးယား၏ နျူကလီးယား သို့မဟုတ် ဒုံးကျည်စမ်းသပ်မှုမှ ဖြစ်လာနိုင်ခြေများကို တရုတ် ထိပ်တန်း သံတမန် ယမ်းဂျီးချီနှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က မေလ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ယခုသီတင်းပတ်မှ စတင်မယ့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့…

ယူကရိန်းအရေးဆိုင်ရာ အန္ဒိယရဲ့ ကြားနေရပ်တည်မှုကို အနောက်ကမ္ဘာက လက်ခံဖို့လို

တိုကျို – မေ(၂၀) အမေရိကန်၊ဂျပန်၊ဩစတြေးလျနဲ့ အိန္ဒိယ ထိပ်ပိုင်းခေါင်းဆောင်တွဟာ Quad လုံခြုံဲရေး ဆိုင်ရာ ပူးပေါင်း ဆောက်ရွက်မှု မူဘောင်အတွင်း မေလနှောင်းပိုင်းမှာ တိုကျိုမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ အခုတွေ့ဆုံမယ့် (၄) နိုင်ငံဟာ တရုတ်ကြောင့်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ အတွက် ပူးပေါင်းတုံ့ပြန်မှုတစ်ရပ်ရဲ့ ပလက်ဖောင်းတစ်ခုကို တည်ဆောက်သွားမှာဖြစ်ပေမယ့် ယူကရိန်းကို ရုရှားကျူးကျော်မှုဟာ ဒီလုပ်ဆောင်မှုတွေအတွက် အလွဲအချာ်တွေဖြစ်ပေါ်စေ…

ဖိလစ်ပိုင်သမ္မတသစ် မားကိုစ့်က တရုတ်နဲ့ဆက်ဆံရေး ပိုမိုတိုးမြင့်ဖို့ လိုလား

မနီလာ – မေ(၂၀) ဖိလစ်ပိုင်ရွေးကောက်ခံသမ္မတအသစ် ဖာဒီနန်မားကိုစ့်ဂျုနီယာဟာ သူ့ရဲ့လွတ်လပ်တဲ့ နိုင်ငံခြား ရေးမူဝါဒမှာ တရုတ်ရဲ့ ထောက်ခံမှုကို အာမခံခဲ့တဲ့အတွက် ဖိလစ်ပိုင်-တရုတ်ဆက်ဆံရေးကို အရှိန်အဟုတ်မြှင့်ပြောင်းလဲသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ မားကိုစ့်က မဲအပြတ်အသတ် အနိုင်ရခဲ့ပြီး သူဟာ တရုတ်သမ္မတရှီကျင်းဖျင်နဲ့ ဗုဒ္ဓဟူးနေ့မှာ ဖုန်းနဲ့ ဆွေးနွေးပြောဆိုခဲ့ပြီး ပြဿနာတွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ သဘောတူထားခဲ့တယ်လို့ သိရပါတယ်။…

တရုတ်နိုင်ငံတွင် ဆေးပစ္စည်းအထောက်အပံ့များသယ်ဆောင်ရန် မြောက်ကိုရီးယား လေယာဥ်များ ဆင်းသက်ခဲ့

ဆိုးလ် ၊ မေ (၁၉) မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ် 19 ကူးစက်မှု ပထမဦးဆုံးဖြစ်စဥ်ကို မီဒီယာတွေမှာ အင်္ဂါနေ့အတွင်း အတည်ပြုခဲ့ပြီးနောက် မြောက်ကိုရီးယားလေယာဥ်တစင်း ဆေးဝါးအထောက်အပံတွေကို သယ်ဆောင်ဖို့အတွက် တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့တယ်လို့ မေလ ၁၇ ရက်နေ့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ လွန်ခဲ့သော ၂ နှစ်ကျော်ကြာ ကိုဗစ်ကပ်ဘေးစတင်ချိန်ကတည်းကဆိုရင် ထိုကဲ့သို့ ပထမဦးဆုံး နိုင်ငံတကာသို့ လေယာဥ်…

စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ စစ်လက်နက်တွေအကူအညီပေးဖို့အနောက်နိုင်ငံတွေကို NUG တောင်းဆို

ရန်ကုန် – မေ(၁၉) အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက် ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရုရှားကျူးကျော်စစ်ကို တိုက်ခိုက်နေတဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကိုထောက်ပံ့သလိုကူညီဖို့ နိုင်ငံတကာကိုအကူအညီတောင်းခံခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေနဲ့ မြန်မာ့ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့စစ်တွေဟာ လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေကြပေမယ့် လက်နက်အင်အားကောင်းမွန်တဲ့ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသူတွေအတွက်နိုင်ငံတကာက စိတ်ဓာတ်ရေးရာအရ ထောက်ခံမှု ပေးတာထက် ပိုမိုလုပ်ဆောင်ပေးဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှာ ထိုင်ဝမ်နိုင်ငံပါဝင်ဖို့အတွက် အမေရိကန်တောင်းဆို

ထိုင်ပေ – မေ(၁၉) လာမယ့် သီတင်းပတ်အတွင်းကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံကို ထိုင်ဝမ်နိုင်ငံ တက်ရောက်သင့်တယ်လို့ အမေရိကန်အနိုင်ငံအုပ်ချုပ်ရေးဦးစီးဌာနက ပြောဆိုထားပြီး တရုတ်အစိုးရရဲ့ စေခိုင်းမှုနဲ့ ဒီမိုကရေစီနည်းလမ်းအရအုပ်ချုပ်တဲ့ ကျွန်းနိုင်ငံကို ချန်လှပ်ထား တာဟာ ကမ္ဘာ့ကျန်းမာရေးအတွက်စိုးရိမ်မှုတစ်ခုဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ထိုင်ဝမ်ကို ခရိုင်ဒေသန္တရတစ်ခုသာဖြစ်ပြီး သီးသန့်နိုင်ငံတစ်ခုမဟုတ်ဘူးဆိုတဲ့ အကြောင်းပြ ချက်နဲ့တရုတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေက ချန်လှပ် ထားဖို့ ပယ်ချထားပါတယ်။ တိုင်ပေ-ဘေဂျင်းဆက်ဆံရေးအဆင်ပြေချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံဟာ ၂၀၀၉…