2022

ကမ္ဘောဒီးယားဒေသကောင်စီရွေးကောက်ပွဲမှာ အာဏာရှင်ဟွန်ဆန်ပါတီ အနိုင်ရ

ဖနွမ်းပင် – ဇွန်(၂၈) ကမ္ဘောဒီးယားအမျိုးသားရွေးကောက်ပွဲကော်မတီက ဇွန်လ(၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတရားဝင်ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအာဏာရဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက ဒေသဆိုင်ရာကောင်စီ နေရာ (၈၀) ရာခိုင်နှုန်းအနိုင်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပဥ္စမအကြိမ်အထွေထွေရွေးကောက်ပွဲမှာ CPP ပါတီဟာ မဲဆန္ဒနယ် (၁၁၆၂၂) နေရာ ရှိတဲ့အနက် (၉၃၇၆) နေရာထိအနိုင်ရခဲ့တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသကောင်စီနေရာ…

ဘန်ကောက်မြို့ပြ ဘတ်စ်လိုင်း BMTA ရဲ့ ခရီးစဉ်တွေမှာ ယာဉ်မလုံလောက် မှုပြဿနာ နဲ့ရင်ဆိုင်နေရ

ဘန်ကောက် – ဇွန်(၂၇) မြို့ပြအကြီးစားသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) ရဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေမှာ လမ်းကြောင်း(၂၇)ခုနီးပါးအတွက် ယာဉ်ပြတ်လပ်ရှားပါးမှုတွေကို ရင်ဆိုင်နေရပြီး(၉၀) ရာခိုင် နှုန်းသောခရီးသွားပြည်သူတွေဟာ ကားရရှိနိုင်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါ တယ်။ BMTA ဒါရိုက်တာ ကီတစ်ကန်ချွမ်ဒေါင် က ဘတ်စ်ကားအစီးရေ (၂၈၈၅) စီးရှိတယ်လို့ ပြောဆို ထားပေမယ့် အဲ့ဒီယာဉ်တွေဟာ (၅) နှစ်ကနေ (၂၅) နှစ်သက်တမ်းရှိတဲ့အတွက်…

ပေါင်းစည်းမှု (၂၅) နှစ်ပတ်လည်အဖြစ် တရုတ်သမ္မတ ရှီ ဟောင်ကောင်ကို သွားမယ်

ရှန်ဟိုင်း – ဇွန်(၂၆) တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဟောင်ကောင်မြို့တော်ကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေး အပ်ခြင်း(၂၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်အေဂျင်စီ ဆင်ဟွာက ဇွန်လ(၂၅) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ကိုဗစ်ပြီးနောက်ပိုင်း ဇန်နဝါရီ လ၂၀၂၀ ခုနှစ်တည်းက တရုတ်ပြည်မကြီး ပြင်ပကို သွားရောက်တဲ့ ရှီရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ “တရုတ်ကွန်မြူနစ်ပါတီ…

အီးယူက ရုရှားဓာတ်ငွေ့မပါတဲ့ ဘဝနေထိုင်ရေးအစီအစဉ်ကို ဆွေးနွေးနေ

ဘာလင် – ဇွန်(၂၆) ရုရှားဓာတ်ငွေ့မပါတဲ့ အစီအစဉ်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အီးယူခေါင်းဆောင်တွေက ဇွန်လ(၂၄) ရက်နေ့က ဆွေးနွေးခဲ့ကြပြီး ဂျာမနီက ဒီနှစ်ဆောင်းရာသီ မှာ သူတို့ရဲ့ စက်မှုလုပ်ငန်းတစ်ချို့ကို ပိတ်ပစ်ရနိုင်တယ်လို့ သတိပေးထားသလို ရုရှားဟာ စွမ်းအင်ကို လက်နက်သဖွယ်အသုံးပြုနေလို့ အကျပ်အတည်းဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ရေးလမ်းကြောင်းအပေါ်ရှိစေတဲ့အတွက် အောင်ပွဲကျင်းပ ပြီးတစ်ရက်အကြာမှာ ကျူးကျော်စစ်ကြောင့် စီးပွားရေးဆိုင်ရာ…

ထိုင်းမှာ မြေယာခွန်ဆောင်မှုသတ်မှတ်ချက်ကို နောက်သုံးလထိရွေ့ဆိုင်း

ဘန်ကောက် – ဇွန်(၂၆) စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကူညီ ပေးဖို့အတွက် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက မြေယာနဲ့ အဆောက်အအုံ အခွန်ပေး ဆောင်ရမယ့် နောက်ဆုံးရက်ို (၃) လတိုးမြှင့်လိုက်ပါတယ်။ အခွန်ဆောင်သူတွေအနေနဲ့ မူလက ဧပြီလကုန်မှာ ပေးရမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဇူလိုင်လကုန်မှ ပေးဆောင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ သက်တမ်းတိုးတာဟာ ပထမဇူလိုင်လအထိရွှေ့ဆိုင်းထားပေမယ့် (၃) လတစ်ကြိမ်အရစ်ကျနဲ့…

တရုတ်နိုင်ငံနှင့် ပူးတွဲ စွမ်းအင်ရှာဖွေရေး ဆွေးနွေးပွဲကို ဖိလစ်ပိုင် ဖျက်သိမ်း

မနီလာ ၊ ဇွန် (၂၅) တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ဖီလစ်ပိုင်နိုင်ငံတို့အကြား ပူးတွဲစွမ်းအင်ရှာဖွေရေးဆိုင်ရာ ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံသည် ပင်လယ်ရေကြောင်း အချုပ်အခြာအာဏာကို ဆယ်စုနှစ်များစွာ အချင်းများခဲ့ကြပြီး ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုများကို ပူးတွဲရှာဖွေရန် ၂၀၁၈ ခုနှစ်ကတည်းက ကတိပြုခဲ့ကြတာဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတ်နိုင်သလောက်တော့…

နိုင်ငံခြားငွေအကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှာ သွင်းကုန်ထိန်းချုပ်မှုတွေပြုလုပ်နေ

ရန်ကုန် – ဇွန်(၂၅) မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပအကူအညီတွေလျော့နည်းလာလို့ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ မော်တော်ကားနဲ့ တခြားမရှိမဖြစ် ကုန်ပစ္စည်းတွေ တင်သွင်း မှုကို တားမြစ်ပြီး သွင်းကုန်ထိန်းချုပ်မှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့မေလက ဗီယက်နမ်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားသမားတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာန က ကားတင်သွင်းခွင့်ပါမစ်…

နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် အမိန့် ပေး

ပြုံယမ်း – ဇွန်(၂၅) မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံးအန်းက ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံမှု အပြီးမှာ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ(၂၄) ရက်နေ့က ပြောဆိုခဲ့ပြီး သူ့ရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ထပ်တိုးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတာဝန်ရှိသူတွေက မြောက်ကိုရီးယားအနေနဲ့ (၅) နှစ်အတွင်း သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ပြုလုပ်နိုင်တယ်လို့ ပြောဆိုထားပြီး အစည်းအဝေး ကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်။…

ယူကရိန်းဓတ်ပုံဆရာကို ရုရှားတပ်တွေ ကွပ်မျက်လိုက်တယ်လို့ သတင်းအဖွဲ့တွေဖော်ပြ

ကီးယက် – ဇွန်(၂၄) ရုရှားတပ်ဖွဲ့တွေက ယူကရိန်းဓာတ်ပုံဆရာ မက်ခ်စင်လီဗင်ကို ကိယက်ဗ်မြို့မြောက်ဘက်မှာ သူ့ရဲ့ သူငယ်ချင်းနဲ့အတူ ပြီးခဲ့တဲ့ မတ်လ(၁၃) ရက်နေ့က သွေးအေးစွာကွပ်မျက်လိုက်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)ရဲ့ ဇွန်လ(၂၂) ရက်နေ့ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ လီဗင်ဟာ ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ်တည်းက ရိုက်တာသတင်းဖော်ပြမှုတွေမှာ ရံဖန်ရံခါပါဝင်ခဲ့ပြီး သူဟာ မတ်လ(၁၃)…

တရုတ်နိုင်ငံတောင်ပိုင်းမှာ စံချိတ်တင်ရေလွှမ်းမိုးမှု ဖြစ်ပေါ်နိုင်

ပေကျင်း – ဇွန်(၂၄) ရာစုနှစ်တစ်ခုနီးပါးအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ပုလဲမြစ်ဝကျွန်းပေါ်ဒေသ က ရေပမာဏဟာ အမြင့်ဆုံးကို ရောက်ရှိနေလို့ တရုတ်နိုင်ငံတောင်ပိုင်းက ဒေသတချို့မှာ စံချိန် တင်ရေကြီးမှုဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ တရုတနိုင်ငံရဲ့ နည်းပညာမြို့တော် ရှန်ကျန်း အခြေစိုက်စခန်းဖြစ်တဲ့ Guangdong ပြည်နယ် ကုန်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာအပါအဝင် ဒေသတွင်း အစိတ်အ ပိုင်း တွေက ထောင်နဲ့ချီတဲ့…