2022

ဆန် အန်တိုနီယိုတွင် ထရပ်ကားဖြင့် ရွှေ့ပြောင်းလာသူ ၄၀ ကျော် သေဆုံးခဲ့ပြီး အခြားသူများဆေးရုံတင်ထားရ

မက္ကဆီကို ၊ ဇွန် (၂၉) တက္ကဆက်ပြည်နယ် ဆန် အန်တိုနီယိုတွင် ဇွန်လ ၂၇ ရက်က ရွှေ့ပြောင်းလာသူ (၄၆) ဦး သေဆုံးခဲ့ပြီး ၎င်းဖြစ်ရပ်သည် အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် လူမှောင်ခိုကူးမှုတွင် အဆိုးရွားဆုံး ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်တယ်လို့ မြို့တော်မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။ နောက်တွဲယာဉ်အတွင်းမှ ကလေးငယ်လေးဦးအပါအဝင် အခြားလူ ၁၆ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး အပူဒဏ်နှင့်…

မူးယစ်ဆေးဆိုင်ရာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သမ္မတ ဒူတာတေး တရားရုံးမှာ ရင်ဆိုင်ရဖို့ မရှိ

မနီလာ – ဇွန်(၂၉) ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ ထောင်နဲ့ချီတဲ့ မူးယစ်ဆေးသံသယရှိသူတွေကို ပစ်သတ် ဖို့ရဲတွေကို အမိန့်ပေးခဲ့ပေမယ့် ရာထူးက ထွက်ခွါချိန်မှာ စွဲချက်တင်ခံရဖို့မရှိနိုင်ဘူးလို့ လေ့လာ သူတွေက ပြောပါတယ်။ ဒူတာတေးလက်မှတ်ထိုးထားတဲ့ နိုင်ငံတွင်းမူးယစ်ဆေးဝါးပပျောက်ရေးမူဝါဒကို ရှုတ်ချထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ လှုံဆော်မှုတွေရှိနေတာပါ။ နိုင်ငံရဲ့ အာဏာရှင်ဟောင်းရဲ့သားဖြစ်သူ ဖာဒီနန်မားကိုစ် က ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံ…

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြောင်းရွှေးထားဖို့ ကမ္ဘောဒီးယားသံအမတ်တောင်းဆို

ဖနွမ်းပင် – ဇွန်(၂၉) ကမ္ဘောဒီးယားနိုင်ငံခားရေးဝန်ကြီး က မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဖယ်ရှားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရနိုင်ငံများအသင်းရဲ့ အထူးသံတမန်ဖြစ်တဲ့ ဆွန်ခွန်က စစ်ကောင်စီနိုင်င့ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောခဲ့တာပါ။ “နိုင်ငံရေးနည်းလမ်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကရော မြန်မာနိုင်ငံကပါ အရေးကြီးတဲ့…

နိုင်ငံတဝန်းမှာ မြေမြုပ်မိုင်းကြောင့် ကလေးသူငယ် ၁၀၀ ကျော် သေဆုံးဒဏ်ရာရ

မော်လမြိုင် ၊ ဇွန်(၂၈) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစပြီး မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အနည်းဆုံး ကလေးသူငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။ UNICEF ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ကြောင့်…

ထုံးဘိုလေးမှာ စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း သတ်ဖြတ်သွား

သထုံ ၊ ဇွန် (၂၈) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာမှာ စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြစ်သွားတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ထုံးဘိုလေးကျေးရွာကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား…

တနင်္လာနေ့မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်တယ်လို့ ဂျပန် အစိုးရသတိပေး

တိုကျို – ဇွန်(၂၈) မြို့တော်တိုကျိုမှာ ပူပြင်းတဲ့ နွေရာသီအပူဒဏ်သင့်ကာလအတွင်း လူအများ စွမ်းအင်ချွေတာ ဖို့ နဲ့ တနင်္လာနေ့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေရှိလာနိုင်တယ်လို့ ဂျပန်အစိုးရက ဇွန်လ(၂၆) ရက်နေ့က သတိပေးထားပါတယ်။ ဂျပန်နိုင်ငံအရှေ့ပိုင်း က တိုကျိုနဲ့ အနီးနားက စီရင်စု (၈) ခုမှာ အပိုဆောင်းလျှပ်စစ် ထုတ်လုပ် နိုင်မှု ပမာဏဟာ တနင်္လာနေ့ မွန်းလွဲ(၅) နာရီမှာ…

တရုတ်နိုင်ငံရဲ့ BRI ကို ပြိုင်ဆိုင်ဖို့ ကမ္ဘာ့အခြေခံအဆောက်အအုံစီမံကိန်းအတွက် G-7 က အမေရိကန်ဒေါ်လာ ဘီလျံ(၆၀၀) သုံးစွဲမယ်

ဝါရှင်တန် – ဇွန်(၂၈) ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံအစုအဖွဲ့ G-7 အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ BRI ပတ်လမ်း ကိုလှဉ်ပြိုင်ဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ကန်ဒေါ်လာ (၆၀၀) ဘီလျံ မတည်သွားမှာ ဖြစ်တယ်လို့ ဇွန်လ(၂၆) ရက်နေ့က ကြေညာခဲ့ပါတယ်။ ဥရောပသမဂ္ဂအပါအဝင်မဟာမိတ် (၇) နိုင်ငံက ကနေဒါ၊ဂျာမနီ၊အီတလီ၊ဂျပန်…