2022

“အလုပ်သမားတွေ ကျွန်ပြုခံနေရတယ်”

ရန်ကုန် ၊ ဇူလိုင် (၂) စစ်တပ် အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆိုးဆုံးဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ဆိုတာလည်း ပျက်သုဉ်းလု ဖြစ်သွားခဲ့ပြီး အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှုကို ဘက်ပေါင်းစုံက ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံ အကျိုးခံစားခွင့်တွေ မရတာ၊ အချိန်ပိုကြေး မရတာ၊…

ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါလွန်အဆင့်ကို ကြေညာဖို့ စောသေးတယ်လို့ ထိုင်းနိုင်ငံက အထူးကုဆရာဝန်တွေ ပြော

ဘန်ကောက် ၊ ဇူလိုင် (၂) ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကို အစုလိုက်ရောဂါအဖြစ် ကြေညာခြင်းရဲ့ နိမိတ်ပုံဖြစ်သော ယနေ့မှစတင်ပြီး ကပ်ရောဂါလွန်အဆင့်မှာ ကြေညာမယ့် ၎င်းရဲ့အစီအစဉ်ကို ရွှေ့ဆိုင်းရန် ထိပ်တန်းအဆုတ်ရောဂါ အထူးကုဆရာဝန်က ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို တောင်းဆိုလိုက်ပါတယ်။ ဗစ်ချိုင်းယွတ်ဆေးရုံမှာ သီးသန့်ဖွင့်လှစ်ထားသော Covid-19 ကူးစက်ခံထားရသည့် လူနာအသစ်အရေအတွက်သည် Covid-19 ရပ်ကွက်ကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် လုံလောက်သောနှုန်းဖြင့် မြင့်တက်လာနေကြောင်း အဆုတ်အထူးကုဆရာဝန်…

ယူကရိန်းဂျုံတင်ပို့မှုအတွက် ပင်လယ်ရေကြောင်းလမ်းကို ပူတင်သဘောတူလိုက်ပြီလို့ အင်ဒို သမ္မတ ဆို

ဂျာကာတာ – ဇူလိုင်(၂) အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန်လ(၃၀) ရက်နေ့က ရုရှားနိုင်ငံမော်စကိုမြို့မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံစဉ် ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းအပေါ် စိုးရိမ်မှုတွေမြင့်တက်နေချိန် ယူကရိန်းဂျုံတင်ပို့ဖို့အတွက် ပင်လယ်ရေလမ်းကြောင်း ဖွင့်ပေးဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံလုံးက စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာအတွက် လုံခြုံရေး အာမခံချက် ပေးခဲ့လို့ သမ္မတ ပူတင်ကို ကျေးဇူးတင်တယ်လို့လည်း ရုရှား၊အင်ဒို…

ဟောင်ကောင်အတွက် တစ်နိုင်ငံစနစ်နှစ်မျိုးမူဝါဒကို ပြောင်းလဲဖို့အကြောင်းမရှိဘူး လို့ တရုတ်သမ္မတ ဆို

ပေကျင်း – ဇူလိုင်(၂) ဟောင်ကောင်အတွက် တစ်နိုင်ငံစနစ်နှစ်မျိုးမူဝါဒကို ပြောင်းလဲဖို့အကြောင်းမရှိပဲ ရေရှည်မှာ လိုက်ရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇူလိုင်လ(၁) ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဟောင်ကောင်ကွန်ဗင်းရှင်းနဲ့ ပြပွဲစင်တာမှာ မိန့်ခွန်းပြောဆိုခဲ့ချိန်မှာ မစ္စတာရှိက မူဝါဒရဲ့ ရည်မှန်းချက်မှဦ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့နဲ့ ဟောင်ကောင်၊မကာအိုတို့မှာ သာယာဝပြောရေးနဲ့ တည်ငြိမ် ရေးကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့…

အာဖဂန်နစ္စတန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးဖို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဘာလင် ၊ ဇူလိုင် (၁) တာလီဘန်အစိုးရလက်ထက်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပြီး အာဖဂန်စီးပွားရေးရဲ့ အခြေခံလည်ပတ်မှုတွေကို အန္တရာယ်မရှိစေရဘူးလို့ ပြောကြားခဲ့ပါတယ်။ ယမန်နှစ်က တာလီဘန်တို့ သိမ်းပိုက်မှုကြောင့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ အစိုးရများက ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာအကူအညီများ ဖြတ်တောက်ရန် လှုံ့ဆော်ခဲ့ပြီး တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေကို ဆုတ်ယုတ်သွားစေခဲ့တာပါ။…

ယူကရိန်းနဲ့ ရုရှားငြိမ်းချမ်းရေး ရဖို့ အင်ဒိုသမ္မတ ညှိနှိုင်းပေးဖို့ ကမ်းလှမ်း

ဂျာကာတာ – ဇူလိုင်(၁) ငြိမ်းချမ်းရေးရဖို့ကြိုးပမ်းတဲ့အနေနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယူကရိန်း သမ္မတနဲ့ ရုရှား ခေါင်းဆောင်တို့ကို စေ့စပ်ညှိနှိုင်းပေးဖို့ ဇွန်လ(၂၉) ရက်နေ့က ကမ်းလှမ်းလိုက်ပါတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဆွေးနွေးချိန် သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ကမ်းလှမ်းချက်ကို ဇယ်လန်း စကီးက ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ သမ္မတဝီဒိုဒိုဟာ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့…

လောင်စာဆီအတွက် ရုရှားနိုင်ငံကို သီရိလင်္ကာဝန်ကြီးနှစ်ပါး စေလွှတ်

ကိုလံဘို – ဇူလိုင်(၁) နိုင်ငံရဲ့စီပွားရေးပြိုလဲနေချိန်မှာ လိုအပ်ချက်တွေထဲက တစ်ခုပါအဝင်ဖြစ်တဲ့ လောင်စာဆီ အတွက်ညှိနှိုင်းဖို့ သီရိလင်္ကာအစိုးရ ဝန်ကြီးနှစ်ဦးကို ရုရှားနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့လို့ ရုရှားရဲ့ စွမ်းအင်တင်သွင်းမှုတွေကို ဖြတ်တောက်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက ဆောင်ရွက်ထားကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လာပြီး ရုရှားရေနံစိမ်း ကိုလျှော့စျေးနဲ့ ဝယ်ယူလိုတဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။ သီရိလင်္ကာစွမ်းအင်ဝန်ကြီး Kanchana…

ချုပ်ရက်လျော့ပေ့ါသက်သာခွင့်ရသောကြောင့် ဘန်ကောက်မြို့ရှိ ရေဆိုးမြောင်းများရှင်းလင်းရေးကို အကျဥ်းသားများ ပါဝင်ဆောင်ရွက်

ဘန်ကောက် ၊ ဇွန် (၃၀) ဘန်ကောက်မြို့ရှိ မိလ္လာနှင့် ရေဆိုးမြောင်းများကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန့်ရှင်းရေးတွင် အကျဥ်းသားများစေတနာ့ဝန်ထမ်းအနေဖြင့် ပါဝင်ခဲ့ကြပါတယ်။ ကပ်ရောဂါအကြိုကာလမှာ ပြစ်ဒဏ်ကျခံနေရသူများသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁.၅ မီတာ (ငါးပေ) သာရှိသော မြို့တော်ရဲ့ ရေဆိုးမြောင်းများကို သန့်ရှင်းရေးလုပ်ရန် စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ပြီး နှစ်ရှည်လများ ထောင်ဒဏ်များကို လွတ်ကင်းစေမှာ ဖြစ်ပါတယ်။ “ဒါဟာ တော်တော်ခက်ခဲပြီး…

လူမျိုးရေးပဋိပက္ခ ဖြစ်အောင် တွစ်တာမှာ လှုံဆော်ခဲ့တဲ့ သတင်းထောက်ဖမ်းဆီးခံရ

နယူးဒေလီ – ဇွန်(၃၀) နိုင်ငံတွင်း ဟိန္ဒူနဲ့ မွတ်ဆလင် လူမျိုးတွေ ကို ဆက်ဆံရေး တင်းမာမှုတွေဖြစ်ပေါ်စေဖို့ လှုံဆော်တဲ့ အကြောင်းအရာတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တွစ်တာမှာ ဖော်ပြခဲ့တဲ့ နာမည်ကြီး မွတ်ဆလင်သတင်းထောက်တစ်ဦးကို အိန္ဒိယတရားရုံးက ဇွန်လ(၂၈) ရက်နေ့က ရဲတပ်ဖွဲ့ကို လေးရက်ကြာ စစ်ဆေးမေးမြန်းခွင့်ပြုခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို ပြီးခဲ့တဲ့ (၄) နှစ်က…

တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားငါးဖမ်းသမားတွေကို အခွင့်အရေးချိုးဖောက်တယ် လို့စွပ်စွဲခံထားရ

ဆိုးလ် – ဇွန်(၃၀) သင်္ဘာပေါ်မှာ လာပါလာတဲ့ တခြားသူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် ခဲ့ပြီး နောက်မှာတော့ မြောက်ကိုရီးယားငါးဖမ်းသမားနှစ်ဦးကို တရားဥပဒေအရ လုပ်ထုံးလုပ်နည်း တွေမရှိပဲ တောင်ကိုရီးယားအစိုးရက ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက် တာဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ပြောဆိုခဲ့ပါတယ်။ နျူကလီးယားကင်းစင်ရေး စေ့စပ်ညှိနှိုင်းမှုတွေကြောင့် အရင်အစိုးရက မြောက်ကိုရီးယားကို မျက်နှာသာပေးဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက…