နိုင်ငံတကာ

ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်ရှိ မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မည်

The Nation ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် ၆၈ ဦး နေရပ်ပြန် ကြမှာဖြစ်ပါသည်။ ဒုက္ခသည်များ ပြန်လာသည့်အရေးနှင့် ပတ်သက်သည့် ရေးသွင်းချက်များကို ထိုင်းနှင့်မြန်မာ အစိုးရများမှ ပထမဦးဆုံး အကြိမ်အဖြစ် လက်ခံမည်ဟု UNHCR က ပြောကြားသည်။

နေရောင်ခြည်စွမ်းအင်မှတဆင့် လျှပ်စစ်ထုတ်လွှတ်နိုင်မည့် ပေါလောပေါ်ဆိုလာဆဲလ်စမ်းသပ်အောက်ခံကို စင်ကာပူနိုင်ငံတွင် စတင်မိတ်ဆက်

The Strait Times ပတ်ဝန်းကျင်နှင့်ရေအရင်းအမြစ်ဝန်ကြီး Masagos Zulkifli က နေရောင်ခြည်မှတဆင့် လျှပ်စစ်ထုတ်လုပ်သော ဆိုလာစနစ် ၁၀ မျိုး ပါဝင်သည့် ကမ္ဘာအကြီးဆုံး နေရောင်ခြည်မှတဆင့် လျှပ်စစ်ထုတ်လုပ်သော ပေါလောပေါ်ဆိုလာဆဲလ်အောက်ခံပြားကို အောက် တိုဘာ ၂၅ ရက်၊ အင်္ဂါနေ့၌ စင်ကာပူနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။