ကမောက်ကမကြားက ပရဟိတသမားများ

ဌေးဝင်း

(က)

ဘန်ကောက်မြို့အထက်ဘက်မှာ လနဲ့ချီ လွှမ်းနေခဲ့တဲ့ ရေတွေဟာ နောက်ဆုံးမှာတော့ ဘန်ကောက်မြို့တော်ဆီကို တည့်တည့်မတ်မတ် ချီတက်လာနေပါတယ်။ ဟိုကပိတ်ဒီကဆို့ နည်းမျိုးစုံနဲ့ ကာကွယ်ပေမဲ့လည်း ဘယ်လိုမှ တား ဆီးမရနိုင်တော့တဲ့ ရေတွေဟာ မြို့တော်ဘန်ကောက်က လမ်းကျယ်ကြီးတွေရဲ့ မျက်နှာပြင်ကို သိမ်းပိုက်

feature-volunteer1လိုက်ကြ တယ်။ အရေးပါတဲ့ ဒွန်မောင်းလေယဉ်ကွင်းကြီးထဲက လေယဉ်တချို့ဟာ လေယဉ်ပျံဘဝကနေ ရေမကူးတတ်တဲ့ လှေသမ္ဗာန်အလား ရေကသိုဏ်းရှုစားနေတာကို ထိုင်းတီဗွီလိုင်းတွေက ပြနေကြတာကို တွေ့နေရတယ်။

ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ငွေတွေကို အလုံးအရင်းသုံးပြီး သဲအိတ်တွေကို အမြင့်ကြီးကာတဲ့လူက..ကာ။ တချို့ ကျတော့လည်း ချက်ချင်းလက်ငင်း အုတ်နံရံတွေ ဆောက်တဲ့လူကဆောက်နဲ့။ လူချမ်းသာတချို့တွေကတော့ နာမည် ကျော် ပင်လယ်ကမ်းစပ်ခြေတွေ ဖြစ်ကြတဲ့ ဖတ္တယားတို့ ဝေဟင်တို့လို အရပ်ကို ရေဘေးရှောင်ရင်း သွားနေသူက သွားနေကြ တာပေါ့။ အမြန်လမ်းမကြီး မိုးပျံလမ်းမကြီးတွေပေါ်မှာလည်း မော်တော်ကားတွေကို ရေဘေးအန္တရာယ်က ရှောင်လွှဲနိုင်အောင် တင်ထားကြတာကို တွေ့ရပါတယ်။

သူတို့တွေက အဲသလို ရှောင်နိုင်တိမ်းနိုင်နေချိန်မှာ ရေနစ်နေတဲ့ ထိုင်းတွေကလည်း သန်းနဲ့ချီလို့။ တရွေ့ရွေ့ စီးဝင် လာနေတဲ့ ရေတွေက နေ့စဉ် သူတို့ဘဝကို ဝင်ရောက်ပြီး ဒုက္ခလက်ဆောင်ကို အားရပါးရ သယ်ယူလာနေကြတယ်။ ဒုက္ခနဲ့လှလှတွေ့နေကြပြီလို့ ကျွန်တော်တို့ ငယ်ငယ်က အပြောင်အပျက် ပြောခဲ့ကြတဲ့စကားတွေဟာ ဒီနေရာမှာတော့ ကွက်တိပါဘဲ။

အလားတူ သူတို့ကြားမှာ တစ်ဝမ်းတစ်ခါးအတွက်လာရောက် အလုပ်လုပ်ကိုင် စားသောက်နေကြတဲ့ စီးပွါးလာရှာကြ တဲ့ ကျွန်တော်တို့ မြန်မာပြည်သားတွေရဲ့ ဖြစ်အင်တွေကလည်း ရင်နာစရာတွေ အတိနဲ့ပါဘဲ။

ကျွန်တော်တို့အဖွဲ့သားတွေဟာ ရေဘေးကူညီကယ်ဆယ်ရေးအလုပ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ ကတည်းက စလုပ်လာခဲ့တာ အခုဆိုရင် သတင်း နှစ်ပတ်ကျော်ခဲ့ပြီ။ ရေးသားစရာတွေလည်း အများကြီး၊ တပြုံ တမ ကြီးကိုရှိနေခဲ့ပြီ။ အဲဒီအထဲက ဖွတ်ထမွန်ထွန် စိုင်ဟကိုသွားခဲ့တဲ့နေ့က အကြောင်းအရာကို အရင်ဆုံးစရေးဖြစ်တာက တော့ တမူ ထူးခြားတယ်ထင်လို့ပါဘဲ။

ဖွတ်ထမွန်ထွန် စိုင်ဟ ဆိုတဲ့အရပ်မှာ လုံးငန်းလာမ်ထောင်းလို့ ခေါ်တဲ့ ကြက်သားစက်ရုံတစ်ရုံရှိတယ်။ အဲဒီအနီးအနား မှာ အုန်းနို့ရုံ ခုံရုံ စသဖြင့် မြန်မာ အလုပ်သမားတွေ အလုပ်လုပ်တဲ့ စက်ရုံတွေကတော့ အများကြီးပေါ့ဗျာ။ အဲဒီမှာ ရေ နစ်နေလို့ သောက်ရေတွေ လုံးဝပြတ်တောက်သွားလို့ လာရောက်ပြီး ရေပေးဝေဖို့ ကထုံ့ဘင် အလုပ်သမားဘ၀ လေ့ လာရေး စင်တာက ကိုတင့်လွင်ဦးက အကြောင်းကြားလာတယ်။ ဒါကြောင့် ကျနော်က TACDB က လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေကို ထပ်ဆင့် သတင်းပေးလိုက်တယ်။ ဒီမှာတော့ အခြေအနေ တော်တော်ဆိုးနေပြီ။ သွားနိုင်ရင် သွားကြမယ်လို့ပေါ့။

အခုလို ရေနစ်နေလို့ အကူအညီတောင်းလာတဲ့ နေရာတွေကလည်း များမှများ။ “ဘဲအုပ်က တရာနှစ်ရာ မဗေဒါက တစ်ပင်တည်း” ဆိုတဲ့ စာသားလို လိုအပ်နေတဲ့နေရာက အများကြီး။ နေရာတစ်ခုတစ်ခုမှာကလည်း လူတွေက ရာနဲ့ ထောင်နဲ့ချီလို့။ ကိုယ်တွေက အားလုံးသူကို ချက်ချင်း သွားရောက် ကူညီလိုပေမဲ့ ဘယ်မှာလည်း မော်တော်ကား။ ဘယ်မှာလဲ ကားငှါးခ။ ဘယ်မှာလဲ လိုအပ်တဲ့ ရေနဲ့ စားနပ်ရိက္ခာ။

အခြေအနေက ဘယ်လိုပင်ဖြစ်နေပါစေ အရေးကြီးတယ်လို့ သတင်းပေးလာတဲ့ သူတွေဆီကို သွားရောက်လိုဇောနဲ့ အဲဒီကို သွားဖို့ ဇောင်းပေးပြောဆို ဖြစ်တယ်။ TACDB ကူညီ ကယ်ဆယ်ရေးအဖွဲ့ကလည်း အဲဒီအရပ်ကို သွားကူဖို့ ဆုံးဖြတ်တယ်။ ဒါကြောင့် ရေဘယ်ကရမလဲလို့ လိုက်လံစုံစမ်းတော့ မဟီဒေါတက္ကသိုလ်က ရေဘူး ၃၀၀၀ ရနိုင်တယ်။ လာယူပါလို့ဆိုတဲ့ သတင်းကိုရတော့ အားရဝမ်းသာနဲ့ဘဲ ကိုတင့်လွင်ဦးကို ကျနော်တို့အဖွဲ့ လာဖြစ်အောင်လာမယ် ပြောလိုက်တယ်။ အဲဒါ (၃- နိုဝင်ဘာလ- ၂၀၁၁) ရက်နေ့။

ဒါပေမဲ့ အဲဒီနေ့က ဘယ်လိုမှ ကားငှါးလို့မရဘူး။ ခုနေခါ ကားတစ်စီးကို ဘတ် တစ်သောင်းပေးနိုင်ရင်တောင် ရဖို့မ လွယ်။ ကားကလည်း အနည်းဆုံး ဆယ်ဘီးကားမှ ဖြစ်မှာ။ အခြားကားတွေနဲ့ကတော့ ရေဘေး ဧရိယာထဲကို ဝင်ခွင့် တောင် ရမှာ မဟုတ်ဘူး။ ဒါကြောင့် လာမယ်ပြောပြီး ဘယ်လိုမှ သွားလို့မရခဲ့။ မျှော်နေကြတဲ့ ရေဘေးဒုက္ခသည်တွေ ကလည်း လည်ပင်းရှည်ခဲ့ရတာသာ အဖတ်တင်တယ်။ ကိုတင့်လွင်ဦးခများလည်း မြို့မေတ္တာကို ခံလိုက်ရတယ် ထင်ပါ ရဲ့။

အလုပ်သမားတွေက အားကိုးတကြီး အကူအညီတောင်းခံစဉ်မှာ အလုပ်မလုပ်ပေးနိုင်တဲ့ ကျွန်တော်တို့အဖြစ်ကို ကျွန်တော်လည်း စိတ်မကောင်း။

နောက်တစ်နေ့ (၄- ၁၁- ၂၀၁၁) ရက်နေ့ မနက်ရောက်တော့ ကိုတင့်လွင်ဦး ဖုန်းဆက်လာပြန်တယ်။ အခြေအနေ ဘယ်လိုလဲတဲ့။ ကျွန်တော်က အိမ်ကမထွက်လာရသေးတော့ အသေအချာ မပြောနိုင်ဘူးလို့ပြောတော့ သူက ပြန် ပြောပြတာက ခုလေးတင်ဘဲ TACDB ကလူတွေနဲ့ ဖုန်းပြောဖြစ်တယ်တဲ့။ မလာဖြစ်ဘူးတဲ့ ရှိတဲ့ရေကို ကြိုချက် သောက်ထားကြလို့ ပြောတယ်တဲ့။ ရေဘေးကယ်ဆယ်ရေးအဖွဲ့က စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုရန်နိုင်က လူဦး ရေ စာရင်းတောင်းတယ်တဲ့။ ကျား ဘယ်လောက်။ မ ဘယ်လောက်။ ကလေး ဘယ်လောက်။ ကိုယ်ဝန်ဆောင် အမျိုး သမီးရှိသလား စာရင်းအတိအကျ ပေးပါလို့ ဆိုတယ်။ ဒါကြောင့် ပြန်ပြောလိုက်တယ်တဲ့။ ဒီအချိန်မှာ လူစာရင်းကောက် ပေးရမယ်ဆိုရင် ခင်ဗျားတို့ လာလည်းမကူနဲ့တော့ ဒီမှာရှိတဲ့ မြန်မာပြည်သားတွေ သေရင်လည်း ကိုယ့်ဘာသာကိုယ် အသေခံလိုက်ကြမယ်။ ခင်ဗျားတို့ အကူအညီလည်း မယူတော့ဘူးလို့ ပြောချလိုက်တယ်တဲ့။
feature-volunteer2
အဲသလို သိလိုက်ရတော့ ပြဿနာတော့ တက်ပြီ။ ဒါဟာ လူ့ရဲ့သဘောသဘာဝပါဘဲ။ ကိုယ့်ဘက်က အခြေအနေကို ဘဲ နားလည်တာလေ။ သူများဘက်က အနေအထားကို ထည့်ပြီး နားလည်ပေးတတ်ကြတာမှ မဟုတ်တာ။ ဒါကြောင့် မြို့ထဲက TACDB ရုံးကိုသွားပြီး ဘယ်လိုလုပ်လို့ရမလဲဆိုတာကို တိုင်ပင်ကြည့်ပါဦးမယ်လို့ ပြောပြီး ဖုန်းချလိုက်ရတယ်။ အဲဒီအချိန်မှာဘဲ TACDB လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေဆီက ဖုန်းဝင်လာတယ်။

“ကိုဌေးဝင်းရေ ကထုံ့ဘင်က ကိုတင့်လွင်ဦးနဲ့ ရုံးက ရန်နိုင်နဲ့က ပွဲခံနေပြန်ပြီဗျ။ အမြီးအသီးတွေနဲ့ ကိုင်ကုန်ကြပြီ။ ဖုန်းတွေ ဘာတွေကို ပစ်ချလိုက်တာမျိုးထိ ဖြစ်ကုန်ပြီ။ ခင်ဗျား ရုံးကို အမြန်လာခဲ့အုံး။ ဥက္ကဌကလည်း ပထုံဌာနီ ဘက် ကို ချီတက်ဖို့ဘဲ အားသန်နေတယ်။ ကျုပ်လည်း ခေါင်းစားနေပြီ” လို့ပြောတယ်။ အဲဒါ ကျနော်သိပြီးပြီ။ ကိုတင့်လွင်ဦး ပြောတဲ့နေရာက လူ ၅၀၀ လောက်ရှိတယ်။ အဲဒီနဲ့ ကပ်လျက်က ခြောက်ထပ်တိုက်မှာ လူထောင်နဲ့ချီ ရှိတယ်။ သူတို့ လည်း အကူအညီ လိုနေတယ်။ ဒါကြောင့် ကျနော် အမြန်ဆုံးလာခဲ့မယ်။ နည်းလမ်းတော့ ရှာကြတာ ပေါ့လို့ ပြန်ပြော လိုက်တယ်။

(ခ)

ရုံးခန်းထဲဝင်လိုက်တော့ ABAC တက္ကသိုလ်က ကိုဆန်းသစ်ဦးတို့ အုပ်စုတွေ။ ချစ်သော မြန်မာပြည်ကျောင်းက ကျောင်းသားတွေ။ ကိုရဲထက်။ ကိုရန်နိုင် အစရှိတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့အတူ ရေဘေးမြင်ကွင်းကို ကိုယ်တိုင် လိုက်ပါကူညီပေးလိုတဲ့ TACDB ရဲ့ ဥက္ကဌကြီး (ပါမောက္ခ ဒေါက်တာ ခွန်းလဒ်ဒါဝမ်) လည်း ရေဘေး ကူညီ ကယ်ဆယ်ရေး အတွက် ပထုံဌာနီကို ချီတက်ဖို့ အဆင်သင့်ဖြစ်နေကြပြီ။

အဲဒီခရီးမှာ Thai PBS တီဗွီ အဖွဲ့သားတွေကလည်း လိုက်မယ်တဲ့။ ကင်မရာတပြင်ပြင်နဲ့ပေါ့။ ထိုင်း တက္ကသိုလ် ကျောင်း သားတချို့လည်း ရေဘေးလေ့လာရေးလိုက်ဖို့ စောင့်နေကြတာကို တွေ့ရတယ်။ ပထုံဌာနီဘက်ကို သွားမဲ့ ဆယ်ဘီးကားကြီးလည်း လာနေပြီဆိုလို့ ကိုတင့်လွင်ဦးရဲ့ လူတွေဆီကို ဒီနေ့ သွားဖို့ မဖြစ်နိုင်တော့တာ သေချာသွားပြီ လို့ ကျွန်တော်လည်း မှတ်ချက်ချလိုက်ရတယ်။ ဘာတတ်နိုင်မလဲ။ လူအင်အားကလည်း ဒါဘဲရှိတယ်။ ပေးစရာ ရေက လည်း ကုန်တိုက်မှာ အကြာကြီး တန်းစီမှ လူတယောက်ကို ရေဗူး လေးကဒ်လောက်ရတာ။

ဒီကြားထဲက စိုင်ဟက ကိုတင့်လွင်ဦး မိတ်ဆွေတွေဆီကို တနည်းနည်းနဲ့များ သွားလို့ရမလားဆိုတာကိုတော့ ကျွန် တော်တို့ ကြံစည်နေကြဆဲပါဘဲ။ ကားငှါးလို့ ရလိုရငြား ဟိုမေး ဒီစမ်း လုပ်နေကြဆဲပါ။ မဟာဘန်ကောက် ရွှေမြို့တော် ကြီးမှာ ရွှေမြန်မာတွေကိုကူဖို့ ကားငှါးရတာ အင်မတန်ခက်ခဲလွန်းပါဘိ။

ဒါပေမဲ့ပေါ့ စိုင်ဟကလူတွေဘဲ ကံကောင်းလို့လား ဒါမှမဟုတ် ပထုံဌာနီဘက်ကလူတွေဘဲ ကံမကောင်းတာလားတော့ မသိဘူး။ ပထုံဌာနီကိုသွားမဲ့ ကားပျက်သွားလို့ မသွားဖြစ်တော့ဘူးဆိုတဲ့ ဖုန်းသတင်းက ဝင်လာတယ်။ ဒါကြောင့် စိုင် ဟက ကြက်သားရုံဘက်ကို လမ်းကြောင်းပြောင်းဖို့ စီစဉ်လိုက်ကြတယ်။ ခက်တာက..ကား။ ကားကရှာမရပြန်ဘူး။ ဒီမှာလည်း စိုင်ဟဘက်ကလူတွေ ကံကကောင်းနေတုန်းဘဲ။ မဟာချိုင်က ထိုင်းနိုင်ငံသား မြန်မာအမျိုးသမီး တစ်ဦး ပိုင်ဆိုင်တဲ့ ကားတစ်စီး ငှါးလို့ရတယ်။ ကားခကတော့ အားနာပါးနာ ဘတ် ခြောက်ထောင်..တဲ့။ ဒါတောင် မျိုးချစ်စိတ် ဓါတ်ရှိတဲ့ ထိုင်းနိုင်ငံသား မြန်မာပြည်ဖွား ကရင်အမျိုးသမီးကြီးမို့လို့နော်။ ကားငှါးပေးတဲ့ အဲဒီ အမျိုးသမီးကြီး နာမည်က ဖိမာလီတဲ့။ နို့မဟုတ်ရင် ခင်ဗျား တစ်သောင်းပေးလည်း ခုနေခါ ကားကြီးတစီးကို ငှါးရဖို့ အိပ်မက် မမက်လေနဲ့။

ဒါကြောင့် ကျနော်တို့ လူ ဆယ့်ငါးယောက် အုပ်စုဟာ ဘန်ကောက်မြို့လယ်မှာရှိတဲ့ TACDB ရုံးကနေ တက္ကစီ သုံးစီးနဲ့ မဟာချိုင်ကို သွားကြတယ်။ ကားတစီးကို ဘတ် ခြောက်ရာ..တဲ့။ သုံးစီးဆိုတော့ တစ်ထောင့်ရှစ်ရာ။ ဘန်ကောက် မဟာချိုင် ကားခ။

ပိုပြီး အဆင်သင့်လိုက်တာက ဖိမာလီရဲ့အိမ်မှာ ရေပါ ရောင်းတယ်..ခင်ဗျ။ အဲဒီက ရေဗူးကြီး အလုံးလေးဆယ် ဝယ်လို့ ရခဲ့တယ်။ ဒါက သူ့ဆီမှာ ရှိတာ အကုန်ဘဲ။ သူမက ကားပေါ်မှာ လှေပါတင်လာပေးလိုက်တယ်။ လိုအပ်ရင် လှေနဲ့ပါ သွားလို့ရအောင်လို့။ ပထုံဌာနီဘက်မှာတုန်းက လှေတစ်စီး တစ်ခါငှါးရင် အနည်းဆုံး လေးရာဘဲ။ အခန့်မသင့်ရင် တစ် ယောက် တစ်ရာနှုန်း တောင်းချင်တောင်းပစ်တာ။ အခုလို အချိန်မျိုးမှာ ကားငှါးပေးရုံတင်မက လှေပါ အဆစ် ယူလာ ပေးတာဟာ တကယ့်ကို ကျေးဇူးတင်ထိုက်ပါတယ်..ဗျာ။

နေ့လည် နှစ်နာရီကျော်ကျော်လောက်မှာ ကျနော်တို့အုပ်စု စိုင်ဟကို ဖိမာလီရဲ့ ကားနဲ့ သွားကြတယ်။ စိုင်ဟကို ဝင်လို့ ရတဲ့ အော့(မ်)နွှဲ့ တံတားအောက်ကို ရောက်တော့ ပြဿနာတခု ဝင်လာပြန်ရော။ ကျနော်တို့ ငှါးလာတဲ့ ကားကြီးက အဲဒီရေပြင်ကို ဖြတ်သန်းနိုင်စွမ်းမရှိဘူး။

(ဂ)

ဘယ်လိုလုပ်ကြမလဲ။ အဲဒီအချိန်မှာ ဖက်ကဆင် ၁၂၂ လမ်းက တာယာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကျနော့်ညီ ဝင်းနိုင်ထွန်းကို ဖုန်းဆက်ပြီး ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ မင်း အော့(မ်)နွဲ့ တံတားကို အမြန်လာခဲ့ဆိုပြီး ခေါ်လိုက် တယ်။ သူရောက်လာပြီး ရေဘေးကြုံနေရသူထဲက အလုပ်သမားတွေကို အပြင်ကိုထွက်လာဖို့ ပြောခိုင်းရတယ်။ ဒါကြောင့် ခြောက်တိုက်က ကိုချစ်လွင်နဲ့အတူ အလုပ်သမား ဆယ်ယောက်လောက် ထွက်လာကြတယ်။

လမ်းတစ်ဝက်လောက်ထိကို ပါလာတဲ့လှေနဲ့ သယ်ကြတယ်။ လူတွေကတော့ ရေထဲမှာ ဖြတ်မောင်းနေကြတဲ့ ကား ကြီးတွေကို အကူအညီတောင်းပြီး လိုက်သွားကြတယ်။ ရေဘေးကူလိုတဲ့ ဥက္ကဌကြီးကတော့ ဆက်ပြီးလိုက်ပါဖို့ မဖြစ် နိုင်တော့ဘူး။ ပါမောက္ခ ဆရာမကြီးက အသက်လည်း နဲနဲရနေပြီ။ နောက် ဒီလို ခက်ခဲကြမ်းတမ်းတဲ့နေရာကို ဒီအ သက် အရွယ်မျိုးနဲ့ ကွင်းဆင်းဖို့က မလွယ်ဘူးလေ။ ဒီလောက် လိုက်လာပေးတာဘဲ ဒီပါမောက္ခကြီးမို့လို့သာပေါ့။ ဆင်း ရဲသား ပြည်သူတွေကို တကယ်ဘဲကူညီလိုတဲ့ ပါမောက္ခကြီးရဲ့စေတနာကို လေးစားပါတယ်။ ဒါပေမဲ့ ညစ်ပတ်ပေရေပြီး ရင်ခေါင်းလောက်ရောက်နေတဲ့ ရေထဲကို ဆရာမကြီး ဆင်းဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဆရာမကြီးရယ် ကားပိုင်ရှင်ရယ်နဲ့ Thai PBS တီဗွီ ကင်မရာအဖွဲ့သားတွေက အော့(မ်)နွဲ့ တံတားအောက် မှာဘဲ ကျန်ခဲ့ကြတယ်။

(ဃ)

ကျွန်တော်တို့ အခုသွားရမဲ့ နေရာက နှစ်နေရာ။ မိုးက ချုပ်ခါနီးလာပြီ။ လူခွဲမှ ဖြစ်တော့မယ်။ ဒါကြောင့် ဦးမြင့်ဝေနဲ့ ရန်နိုင်က ခြောက်တိုက်က အလုပ်သမားနှစ်ယောက်ကိုခေါ်ပြီး ရေဗူးကြီး ဆယ်ဗူးနဲ့ အုန်းနို့စက်ရုံက အလုပ်သမားတွေ ဆီကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီနေရာက မသွားလို့ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုတင့်လွင်ဦးနဲ့ ရန်နိုင်နဲ့ ဖုန်းထဲမှာ တင်းသွားကြတဲ့ အကြောင်းရင်းက ဒီ အလုပ်သမားတွေဆီကို သွားဖို့ လူစာရင်းတောင်းရာက စတာမို့လို့ပါ။

တွေ့တဲ့ စက်လှေတစီးကို ငှါးတော့ ဘတ် တစ်ထောင့်ခြောက်ရာ ပေးရမတဲ့။ များလိုက်တာလို့ ကိုချစ်လွင်ကပြော တော့ ဦးမြင့်ဝေက ခုလို ပြန်ပြောတယ်။

“ကျွန်တော် ထိုင်းမှာ မြန်မာတွေအတွက် အလုပ်လုပ်လာတာ အနှစ် နှစ်ဆယ်လောက်ရှိနေပြီ။ တခါမှ ဈေးမဆစ်ဘူး။ အခုလိုကာလမှာ ပိုမဆစ်သေး။ သွားလိုရာကို ရောက်ဖို့ အရေကြီးတယ်။ ထပ်ပြောမယ်။ ဒီလူတွေဆီကို သွားမှဖြစ် မယ်။ လှေခထက် ပိုအရေးကြီးတာက မနက်ကဖြစ်သွားတဲ့ ပြဿနာ အဖုအထစ်တွေကို ကျွန်တော်ကိုယ်တိုင် သွားပြီး ဖြေရှင်းမှဘဲ ဖြစ်မှာ” ဆိုပြီး ငှါးထားတဲ့ လှေနဲ့ ချီတက်သွားကြတယ်။

ကျန်တဲ့ ကျွန်တော်တို့ အုပ်စုကတော့ ကတ္တရာလမ်းမကြီးပေါ်က ခါးအထက် နစ်နေတဲ့ ရေပြင်ကျယ်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း ဖြေးဖြေးချင်း ခြောက်တိုက်ကို လာခဲ့ကြတယ်။ တစ်ချက်တစ်ချက် ကားကြီးတွေ စက်လှေ ဖြတ်ခုတ် မောင်းချိန်မှာတော့ လှိုင်းလုံးတွေလည်း စီးရသေး။

ခြောက်ထပ်တိုက်ကို ကျွန်တော်တို့ ရောက်ချိန်မှာတော့ မှောင်နေပြီ။ ခြောက်ထပ်တိုက်ကြီးကလည်း မှောင်လို့။ မီး ဖြတ် ရေဖြတ်တာ ခံထားရတယ်တဲ့။ ဘယ်သူက ဖြတ်ထားတာလဲ။ အစိုးရကလား။ စက်ရုံကလားဆိုတော့။ မဟုတ်ဘူး တဲ့။ တိုက်ခန်းပိုင်ရှင်ကတဲ့။ တိုက်ခန်းပိုင်ရှင် ဘယ်မှာလဲဆိုတော့ “ဆရာတို့ ရပ်နေတဲ့ အနားက ဈေးဆိုင်ပိုင်ရှင်ဘဲတဲ့။ သူ့ဆိုင်ကြီးကတော့ မီးတွေလင်းလို့ ထိန်လို့။ အဲသလိုဖြစ်နေတော့ ကျွန်တော်က နည်းနည်းပြောကြည့်ပါလား။ ကျွန်တော်တို့တွေ ဒီရေဘေး ဒုက္ခရောက်နေကြတဲ့ အလုပ်သမားတွေကို မီးလင်းနေတဲ့ သူ့အခန်းအောက်ထပ်မှာ ခဏလောက် စကားပြောခွင့်ပေးပါလို့ အတူပါလာတဲ့ ထိုင်း တက္ကသိုလ်က မဟာဝိဇ္ဖာ ကျောင်းသားကြီး မစ္စတာ ပါကပေါက်ကို ပြောခိုင်းကြည့်တယ်။ ကျနော်တို့အဖွဲ့သားတွေကလည်း ဓါတ်ပုံတစ်ဖျတ်ဖျတ် ရိုက်လိုက်။ လူအုပ်ကို စကားပြောလိုက်နဲ့ဆိုတော့ တိုက်ပိုင်ရှင် ထိုင်းမကြီးလည်း နည်းနည်း ရှိန်သွားသလားမသိဘူး။ ခြောက်ထပ်တိုက်ကို မီးဖွင့်ပေးလိုက်တယ်။ ကျနော်တို့ကိုလည်း သူ့တိုက်အောက်ထပ်က မီးလင်းနေတဲ့နေရာမှာ စကားပြောခွင့် ပြုလိုက် တယ်။

အဲဒီမှာ TACDB က ထိုင်း မြန်မာ စကားပြန်လည်းဖြစ် အခု ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းမှာ ကွင်းဆင်း ဆောင်ရွက် ကူညီပေးနေသူ တဦးလည်းဖြစ်တဲ့ ကိုနိုင်က အလုပ်သမားတွေကို ပကတိ အခြေအနေတွေကို သေသေ ချာချာ ရှင်းပြပေးတယ်။

သူက “အခက်အခဲကတော့ ခင်ဗျားတို့မှာလည်း ရှိတယ်။ အခြားနေရာတွေမှာလည်း အလားတူ အခက်အခဲ အများကြီး ရှိနေကြတယ်။ ဒီလိုဘဲ ကျနော်တို့ဘက်မှာလည်း အခက်အခဲက တင်းကျမ်းပြည့်နေတယ်။ ပစ္စည်း လာပေးချင်ပေမဲ့ ကားက ငှါးမရတာမျိုး။ နောက်တခါ ဒီပစ္စည်းတွေက အစိုးရ အဖွဲ့အစည်းတွေ အလုပ်သမား သမဂ္ဂတွေ အလုပ်သမား အဖွဲ့အစည်းတွေက တဆင့် ခွဲဝေပေးတာဆိုတော့ ကျွန်တော်တို့က သူတို့ တောင်းဆိုတဲ့အထဲမှာ ဘယ်နေရာမှာ အ လုပ်သမား ဘယ်လောက် ဒုက္ခရောက်နေလဲ။ ဘယ်သူတွေလည်းဆိုတာကို တင်ပြရတယ်။ အဲသလို မတင်ပြနိုင်ရင် ကျွန်တော်တို့က ပစ္စည်းတောင်းလို့ မရဘူး။ ဒါကြောင့် နာမည်စာရင်း တောင်းရတာ။ ဒါကို ခင်ဗျားတို့ဘက်က ကူညီ စေချင်တယ်။ ဒီလိုမျိုး မလုပ်ပေးနိုင်ရင် ကျွန်တော်တို့ လုပ်လို့အဆင်မပြေဘူး” ဟု ရှင်းပြပေးတယ်။

ဒါကို မရှင်းပြလို့လည်း မဖြစ်ပြန်ဘူး။ မြန်မာတွေက ကိုယ့်နာမည်ကို ပေးရမှာ အားကြီး စိုးရိမ်ကြတယ်။ ကြောက်ကြ တယ်။ ကြောက်ဆို မွေးကတည်းက အကြောက်တရားနဲ့ ယဉ်ပါးပြီး ကြီးပြင်းလာကြတာကိုး။ နောက်တစ်ခုက ဘာကို မှ မယုံကြည်တတ်တဲ့ အလေ့အကျင့်ကလည်းပါလာတော့ လူသာအသေခံမယ် နာမည်ကိုတော့ မပေးလိုကြဘူး။ ဒါကြောင့် ဒီနေ့ မနက်ပိုင်းက ကိုတင့်လွင်ဦးက ပြောသွားတာ။ ခင်ဗျားတို့ လာမကူရင်လည်း နေကြ။ ကိုယ့်ဘာသာ ရုန်းလို့ရသလောက်ရုန်းမယ်။ ခင်ဗျားတို့က နာမည်စာရင်းမပေးနိုင်လို့ လာမကူရင်လည်း ရတယ်။ ဒီမှာရှိတဲ့ မြန်မာ တအုပ် သေရင်လည်း သေသွားကြပါစေ။ ရတယ် ဆိုတာမျိုးထိ ဖြစ်ကုန်ရော။ စေတာနာကောင်းနဲ့ လုပ်တဲ့ အလုပ်ဖြစ် ပေမဲ့ ဒီလို အခက်အခဲမျိုးကလည်း ရှိပြန်သေးတာကိုး။

အခုလို ကိုယ်တိုင် ကွင်းဆင်းပြီး လာကူတော့ အလုပ်သမားတွေဘက်ကလည်း မနက်ဖြန်ဆိုရင် စာရင်းကောက်ပေး မယ်။ အမြန်ဆုံးကောက်ပေးမယ် ဘယ်နှစ်ရက် အချိန်ရသလဲလို့ မေးလာတော့ ကိုနိုင်က ”အဲဒါက ခင်ဗျားတို့နဲ့ ဆိုင် တယ်။ ခင်ဗျားတို့မှာ စားစရာ ဘယ်နှစ်ရက်စာကျန်သေးလဲ။ ရက်အများကြီးအတွက် ရှိနေရင် ကိစ္စမရှိဘူး။ ရက်နည်း နည်းစာအတွက်ဘဲ ရှိတော့တယ်ဆိုရင် မြန်မြန် စာရင်းပေးဖို့လုပ်။ ခင်ဗျားတို့ စာရင်းပေးပြီးမှ ကျနော်တို့ ဒီစာရင်းနဲ့ သွားတောင်းရမှာ ပြီးရင် ကားရှာရဦးမှာ” ဟု ရှင်းပြခဲ့တယ်။

ဒီခြောက်ထပ်တိုက်မှာ ခုနေခါ လူဦးရေက ထောင်ချီရောက်နေတယ်။ အဲဒီလူတွေဟာ လူ လေးယောက် ငါးယောက် လောက်ဘဲ ကောင်းကောင်းနေလို့ရတဲ့ အခန်းကလေးမှာ လူ ခုနစ်ယောက်ကနေ ဆယ်ယောက်ထိ ဖြစ်သလို နေနေ ကြရတယ်။

ဒီလို ခက်ခက်ခဲခဲ ကျဉ်းကျဉ်းကြပ်ကြပ် နေရတဲ့အထဲ တိုက်ပိုင်ရှင်က မီးဖြတ် ရေဖြတ် လုပ်ထားတော့ ပန်ကာလည်း ဖွင့်မရ ရေလည်းချိုးစရာမရှိ ဖြစ်နေကြတယ်။ ပတ်ဝန်းကျင် တခွင်တပြင်ကလည်း ညစ်ပတ်နံစော်တဲ့ ရေနဲ့ ပတ်လည် ဝိုင်းလို့။ ပူလိုက်လောင်လိုက်တာကလည်း တကယ့်ငရဲကို အရှင်လတ်လတ် ရောက်နေတဲ့အတိုင်းပါဘဲ။ ခြောက်ထပ် တိုက်မှာနေတဲ့ ပဲခူးတိုင်း ဝေါမြို့နယ်က ဝင်းကဒက်ရွာသူ မအချွန်က အခုလိုပြောပြပါတယ်။

“သမီးတို့အခန်းမှာ လူဆယ်ယောက်လောက်ရှိတယ်။ ရေချိုးစရာလည်းမရှိဘူး။ အကိုတွေ အောက်ဆင်းပြီး ရေလိုက် သယ်ရတယ်။ အခန်းရှင်က ရေဖြတ်ပြီး ရေတပုလင်းကို ငါးဘတ်နဲ့ရောင်းစားနေတယ်။ မီးလည်းဖြတ်ထားတော့ ပန် ကာလည်း ဖွင့်မရဘူး။ အောက်မှာလည်း ရေပတ်လည်ဝိုင်းနေတယ်။ ဒီကြားထဲ စက်ရုံကလည်း အလုပ်ဆင်းခိုင်းနေ သေးတယ်။ သမီးတော့ မနေချင်တော့ဘူး ပြန်လို့ရရင် ရွာကိုဘဲ ပြန်ချင်တော့တယ်။ ဒါပေမဲ့ ခက်တာက သမီးမှာ ပတ် စ်ပို့ ရှိပေမဲ့ သမီးတို့ကိုအားကိုနေတဲ့ ကလေးတွေက ပတ်စ်ပို့မရှိသေးတော့ ထားခဲ့လို့လည်းမဖြစ် ခေါ်သွားပြန်ရင် လည်း ပြန်တက်လာမဲ့ စရိတ်က မနည်းဘူးလေ” လို့ဆိုပါတယ်။

အဲဒီနောက် ခြောက်ထပ်တိုက်က ပြန်ထွက်ခဲ့ကြတယ်။ ကတ္တရာလမ်းပေါ်က ရေပြင်ရောက်တော့ ဦးမြင့်ဝေတို့ စက် လှေနဲ့ ပြန်ဆုံတယ်။

(င)

“ဟေ့လူ…. ကိုဌေးဝင်း လှေက အပြန်အတွက် ဘတ် တစ်ထောင်ထပ်ပေးရသဗျ။ ဒါကြောင့် ကျုပ် လှေခ နှစ်ထောင့် ခြောက်ရာ ကုန်သွား ပြီ” ဆိုပြီး လှမ်းပြောလိုက်တယ်။ ကိုနိုင်က လှေက အသွားအပြန် ငှါးတာ မဟုတ်ဘူးလားဆို တော့ မဟုတ်ဘူးတဲ့။

လာဝေတဲ့ ရေဗူးကြီး လေးဆယ်အတွက်က တဗူးကို ဘတ်ကိုးဆယ်နှုန်းနဲ့ဆို ဘတ် ၃၆၀၀ ဘိုးရှိတာ ခရီးစရိတ် ကားခ လှေခ သက်သက်တင် သောင်းကျော်သွားပြီ။ စေတနာ့ဝန်ထမ်းတွေကို ခရီးစရိတ် ပြန်ပံ့ပိုးတာတို့ ကျွေးမွေး တာတို့ မပါ သေးဘူး။ ဟူး……..။

အဲဒီအချိန်မှာဘဲ အော့(မ်)နွဲ့ တံတားအောက်မှာ စောင့်နေတဲ့ ဖိမာလီဆီက ဖုန်းဝင်လာတယ်။ ကားပျက်သွားပြီတဲ့။ သေပြီ…. မောင်။ မိုးလည်းချုပ်ပြီ။ ကားလည်းပျက်ပြီ။ ဘယ့်နှယ် ပြန်ကြမလဲ။ ပါမောက္ခကြီးရော ဘယ်လိုနေသလဲ မသိ။ ခြင်တွေကလည်း ကိုက်သလားမမေးနဲ့။ ရေတွေကလည်း ယားသလားမမေးနဲ့။ ဆရာမကြီးတော့ နောက်အေ ခါက်တွေကို လိုက်ဖို့ တက်ကြွပါဦးမလားမသိ။

အုန်းနို့စက်ရုံကို လိုက်ပါသွားတဲ့ ရန်နိုင်က သူမြင်တွေ့ခဲ့တာတွေကို အခုလို ပြန်ပြောပြတယ်။ “ကျနော်နဲ့ ဆရာ မြင့်ဝေနဲ့ အုန်းနို့စက်ရုံက အလုပ်သမားတွေဆီကို အသွားမှာ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကတော့ အတော်လေး စိုးရိမ်ဖွယ် ကောင်းတဲ့ မြင်ကွင်းတွေပါ။ စက်လှေတွေ ကားကြီးတွေကြားမှာ ဖော့တုံးတွေကို စီးပြီးသွားနေကြတဲ့ လူတွေ။ ရေပုလင်းကြီးတွေ စည်ပိုင်းတွေကို ခွစီးပြီးသွားနေကြတဲ့ ယောကျ်ားတွေ မိန်းမတွေကို တွေ့ရတယ်။ ဖော့တုံးတွေကို စီးနေ သူတွေမှာက ထိန်းစရာ တက်ရယ်လို့လည်း မပါဘူး။ ဒါကြောင့် ဘယ်လိုမှ ကိုယ်လိုရာကို ထိန်းလို့မရဘူးလေ။ အဲဒီ မှာ အချို့တွေဟာ စက်တပ်လှေတွေရဲ့ ပန်ကာနားကို ရောက်သွားတာမျိုး မြင်ခဲ့ရတယ်။ တကယ်လို့ ပန်ကာနဲ့သာ ငြိသွားခဲ့ရင်…ပြီးရော။ အဲသလို အနေအထားမျိုးမှာ ရေဘေး ဒုက္ခရောက်နေကြတဲ့ ထိုင်း တွေရော မြန်မာတွေရောပါ ရေထဲမှာ သွားလာ လှုပ်ရှားနေကြရတာကို တွေ့ခဲ့ရတယ်။ အုန်းနို့စက်ရုံက အလုပ်သ မားတွေဆီကိုရောက်တော့ သူတို့နေတဲ့ အောက်ထပ်တွေမှာ ရေကပြည့်နေပြီ။ ခြင်ကလည်း တလောင်းလောင်းနဲ့ သောက်စရာ ရေကလည်း ပြတ်လို့။ အလုပ်ရှင်ကလည်း ဘာမှ လာမလုပ်ပေးဘူး။ သူတို့ကြုံနေရတဲ့ ဒုက္ခကတော့ ကျွန်တော် စကားလုံးနဲ့တောင် ပြောစရာ မရွေးတတ်တော့ပါဘူးဗျာ။ အဓိက ကြုံနေရတာကတော့ ရေပြတ်နေတာဘဲ။ ဖြစ်နိုင်ရင် ရေနဲ့ စားရေရိက္ခာ အမြန်လာပို့ကြရင် ကောင်းမယ်” ဟု ဆိုတယ်။ ..

(စ)

(၅- ၁၁- ၂၀၁၁) နေ့လည် ဆယ့်နှစ်နာရီခွဲ အရောက်မှာတော့ ခြောက်ထပ်တိုက်မှာ ပေါက်ကွဲကုန်ကြပြီဆိုတဲ့ သတင်း ကို ကိုချစ်လွင်က ဖုန်းဆက် အကြောင်းကြားလာတယ်။ အဖြစ်က ဒီလို။

အလုပ်ရှင်က အလုပ်သမားတွေကို နံနက် ရှစ်နာရီထိုးတာနဲ့ စက်ရုံထဲလာပြီး အလုပ်ဆင်းကြောင်း ဘတ်ထိုးခိုင်း တယ်။ ဘတ်ထိုးတယ်ဆိုတာက ထိုင်းမှာက လက်မှတ်ကို ဘတ်လို့ခေါ်တယ်။ အဲဒီဘတ်ကို အလုပ်ဆင်းချိန်မှာ အ လုပ်ဆင်းကြောင်း တင်ပြရတယ်။ အဲဒါကို ဘတ်ထိုးတယ် ခေါ်တယ်။

ချက်လောက် ရင်ဆို့လောက် ရောက်နေတဲ့ ရေပြင်ကို ဖြတ်ပြီး ဘတ်ထိုးခိုင်းတော့လည်း အလုပ်ရှင်ကို မလွန်ဆန်နိုင် တဲ့ အလုပ်သမားတွေက သွားကြရတာပေါ့။ ဒီလိုလည်း ခြိမ်းခြောက်သေးတယ်လို့ ကိုချစ်လွင်က ပြောတယ်။ “ဘတ် မထိုးရင် အလုပ်မဆင်းရင် လုပ်အားခ မရဘူး။ ဘတ်မထိုးတဲ့သူကို စက်ရုံက ထုတ်ပစ်မယ်” လို့ ခြိမ်းခြောက်တယ်တဲ့။

လူတွေခမျာ တိုက်ခန်းပိုင်ရှင်က ရေ မီးဖြတ်ထားလို့ သောက်ရေအတွက် သုံးရေအတွက် ရေတပုံးရဖို့ အခက်အခဲ အ ကြီးအကျယ် ရှိနေချိန် အလုပ်ရှင်က အတင်းအလုပ်ဆင်းခိုင်းတော့လည်း တင်းတော့ တင်းကြတာပေါ့။ ဒါပေမဲ့ မလွန် ဆန်နိုင်တော့ ရေကိုဖြတ်ပြီးအသွားမှာ မမျှော်လင့်ထားတဲ့ ကိစ္စတရပ်ပေါ်လာတော့တယ်။

ကိုချစ်လွင်က “ဘတ်ထိုးမလို့ ရေထဲက ဖြတ်အသွားမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ဟာ ရေ မြောင်းထဲကို ပြုတ်ကျသွားတယ်ဗျာ။ အဲဒီမြောင်းထဲမှာ ရှိနေတဲ့ သံစူး သံချွန်တွေ ထိုးမိလို့ သွေးတွေက မြင်မကောင်း အောင် ထွက်နေတယ်။ ဒါကြောင့် သူဌေးက စက်ရုံက မန်နေဂျာကို ဆေးရုံပို့ခိုင်းပေမဲ့ မန်နေဂျာက လိုက်မပို့ဘဲ ခေါင်းရှောင်သွားခဲ့တယ်။ ဒါကြောင့် ကိုယ့်အလုပ်သမားအချင်းချင်းဘဲ ဆေးရုံကို သွားပို့လိုက်ကြတယ်” ဟု ပြောတယ်။

သွေးက မတရားထွက်နေတော့ ဝိုင်းကြည့်နေတဲ့ အမျိုးသမီးကလေး တစ်ယောက်တောင် မူးမေ့လဲကျသွားတယ်တဲ့။ အဲသလိုဖြစ်နေလို့ လူတွေဟာ ထူပူနေကြတယ်။ ပြီးတော့ ခြောက်ထပ်တိုက်မှာက အောက်ထပ်က လုံး၀ နေမရတော့ လို့ အဲဒီကလူတွေ အပေါ်ထပ်က နီးစပ်ရာလူတွေနဲ့ ကပ်နေကြသလို အခြားအရပ်က ရေကြီးလို့ လာရောက် နေထိုင် သူတွေလည်း ရှိနေတာမို့လို့ အခန်းတိုင်း အခန်းတိုင်းမှာ လူတွေ ပြည့်ကျပ်နေတယ်။

ဒီလို အချိန်မှာ တိုက်ပိုင်ရှင်က ရေဖြတ် မီးဖြတ်ထားတော့ စဉ်းစားသာကြည့်ကြပေတော့ဗျာ။ ဘယ်လောက် ပူလိုက် မလဲ။ သောက်စရာ ရေကရှား။ ချိုးစရာရေကမရှိ။ ဒါတွေက အလုပ်သမားတွေရဲ့ ဒေါသကို တစ်ရာဒီဂရီ အပြည့် ရောက်အောင် ပူလောင်စေတဲ့အခါ တိုက်ပိုင်ရှင်ကို ဆန္ဒပြကုန်တဲ့အထိ ရောက်သွားပါလေရော.. တဲ့။

(ဆ)

သူတစ်ပါးတိုင်းပြည်မှာ စီးပွါးရှာဖွေဖို့ဆိုပြီး ရေကြည်ရာ မြက်နုရာကို သွားခဲ့ကြပေမဲ့ အခုလို ရေကမကြည်တဲ့ အပြင် ရေထဲမှာပါ နစ်ကြရတဲ့ အဖြစ်ဆိုးမျိုးလေးတွေလည်း အများကြီးရှိကြမှာပါ။ ဘာဘဲဖြစ်ဖြစ်လေ ဒီလိုအချိန်မှာ ပရဟိတ စိတ် ရှိကြတဲ့လူတွေနဲ့ လက်တွဲပြီး ဘန်ကောက်မြို့အနီးတဝိုက်က ရေးဘေးသင့် ရွှေမြန်မာတွေကို ကူညီခဲ့ကြသူတွေ အနေနဲ့ ပြန်တွေးမိတိုင်း ပီတိစိဖြစ်မိနေကြမယ်လို့ ထင်မိပါတယ်။

ကမောက်ကမကြားက ပရဟိတသမားများ

ဌေးဝင်း

(က)

ဘန်ကောက်မြို့အထက်ဘက်မှာ လနဲ့ချီ လွှမ်းနေခဲ့တဲ့ ရေတွေဟာ နောက်ဆုံးမှာတော့ ဘန်ကောက်မြို့တော်ဆီကို တည့်တည့်မတ်မတ် ချီတက်လာနေပါတယ်။ ဟိုကပိတ်ဒီကဆို့ နည်းမျိုးစုံနဲ့ ကာကွယ်ပေမဲ့လည်း ဘယ်လိုမှ တား ဆီးမရနိုင်တော့တဲ့ ရေတွေဟာ မြို့တော်ဘန်ကောက်က လမ်းကျယ်ကြီးတွေရဲ့ မျက်နှာပြင်ကို သိမ်းပိုက်လိုက်ကြ တယ်။ အရေးပါတဲ့ ဒွန်မောင်းလေယဉ်ကွင်းကြီးထဲက လေယဉ်တချို့ဟာ လေယဉ်ပျံဘဝကနေ ရေမကူးတတ်တဲ့ လှေသမ္ဗာန်အလား ရေကသိုဏ်းရှုစားနေတာကို ထိုင်းတီဗွီလိုင်းတွေက ပြနေကြတာကို တွေ့နေရတယ်။

ချက်လောက် ရင်ဆို့လောက် ရောက်နေတဲ့ ရေပြင်ကို ဖြတ်ပြီး ဘတ်ထိုးခိုင်းတော့လည်း အလုပ်ရှင်ကို မလွန်ဆန်နိုင် တဲ့ အလုပ်သမားတွေက သွားကြရတာပေါ့။ ဒီ
လိုလည်း ခြိမ်းခြောက်သေးတယ်လို့ ကိုချစ်လွင်က ပြောတယ်။ “ဘတ် မထိုးရင် အလုပ်မဆင်းရင် လုပ်အားခ မရဘူး။ ဘတ်မထိုးတဲ့သူကို စက်ရုံက ထုတ်ပစ်မယ်” လို့ ခြိမ်းခြောက်တယ်တဲ့။

လူတွေခမျာ တိုက်ခန်းပိုင်ရှင်က ရေ မီးဖြတ်ထားလို့ သောက်ရေအတွက် သုံးရေအတွက် ရေတပုံးရဖို့ အခက်အခဲ အ ကြီးအကျယ် ရှိနေချိန် အလုပ်ရှင်က အတင်းအလုပ်ဆင်းခိုင်းတော့လည်း တင်းတော့ တင်းကြတာပေါ့။ ဒါပေမဲ့ မလွန် ဆန်နိုင်တော့ ရေကိုဖြတ်ပြီးအသွားမှာ မမျှော်လင့်ထားတဲ့ ကိစ္စတရပ်ပေါ်လာတော့တယ်။

ကိုချစ်လွင်က “ဘတ်ထိုးမလို့ ရေထဲက ဖြတ်အသွားမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ဟာ ရေ မြောင်းထဲကို ပြုတ်ကျသွားတယ်ဗျာ။ အဲဒီမြောင်းထဲမှာ ရှိနေတဲ့ သံစူး သံချွန်တွေ ထိုးမိလို့ သွေးတွေက မြင်မကောင်း အောင် ထွက်နေတယ်။ ဒါကြောင့် သူဌေးက စက်ရုံက မန်နေဂျာကို ဆေးရုံပို့ခိုင်းပေမဲ့ မန်နေဂျာက လိုက်မပို့ဘဲ ခေါင်းရှောင်သွားခဲ့တယ်။ ဒါကြောင့် ကိုယ့်အလုပ်သမားအချင်းချင်းဘဲ ဆေးရုံကို သွားပို့လိုက်ကြတယ်” ဟု ပြောတယ်။

သွေးက မတရားထွက်နေတော့ ဝိုင်းကြည့်နေတဲ့ အမျိုးသမီးကလေး တစ်ယောက်တောင် မူးမေ့လဲကျသွားတယ်တဲ့။ အဲသလိုဖြစ်နေလို့ လူတွေဟာ ထူပူနေကြတယ်။ ပြီးတော့ ခြောက်ထပ်တိုက်မှာက အောက်ထပ်က လုံး၀ နေမရတော့ လို့ အဲဒီကလူတွေ အပေါ်ထပ်က နီးစပ်ရာလူတွေနဲ့ ကပ်နေကြသလို အခြားအရပ်က ရေကြီးလို့ လာရောက် နေထိုင် သူတွေလည်း ရှိနေတာမို့လို့ အခန်းတိုင်း အခန်းတိုင်းမှာ လူတွေ ပြည့်ကျပ်နေတယ်။

ဒီလို အချိန်မှာ တိုက်ပိုင်ရှင်က ရေဖြတ် မီးဖြတ်ထားတော့ စဉ်းစားသာကြည့်ကြပေတော့ဗျာ။ ဘယ်လောက် ပူလိုက် မလဲ။ သောက်စရာ ရေကရှား။ ချိုးစရာရေကမရှိ။ ဒါတွေက အလုပ်သမားတွေရဲ့ ဒေါသကို တစ်ရာဒီဂရီ အပြည့် ရောက်အောင် ပူလောင်စေတဲ့အခါ တိုက်ပိုင်ရှင်ကို ဆန္ဒပြကုန်တဲ့အထိ ရောက်သွားပါလေရော.. တဲ့။

(ဆ)

သူတစ်ပါးတိုင်းပြည်မှာ စီးပွါးရှာဖွေဖို့ဆိုပြီး ရေကြည်ရာ မြက်နုရာကို သွားခဲ့ကြပေမဲ့ အခုလို ရေကမကြည်တဲ့ အပြင် ရေထဲမှာပါ နစ်ကြရတဲ့ အဖြစ်ဆိုးမျိုးလေးတွေလည်း အများကြီးရှိကြမှာပါ။ ဘာဘဲဖြစ်ဖြစ်လေ ဒီလိုအချိန်မှာ ပရဟိတ စိတ် ရှိကြတဲ့လူတွေနဲ့ လက်တွဲပြီး ဘန်ကောက်မြို့အနီးတဝိုက်က ရေးဘေးသင့် ရွှေမြန်မာတွေကို ကူညီခဲ့ကြသူတွေ အနေနဲ့ ပြန်တွေးမိတိုင်း ပီတိစိဖြစ်မိနေကြမယ်လို့ ထင်မိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.