စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၀၀ ကျော်ကျူးလွန်

မော်လမြိုင် – မတ် ၉ 

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာလူ ၅ ဦးထက်မနည်းသေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၂၁၀ ခုကိုကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၇၉ ဦးသေဆုံးခဲ့တယ် လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၁၀ မှုဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက နေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်း အတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ ၁၀၅၄ ဦးသေဆုံးခဲ့ရပါတယ်။ 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ြတ်မှုပေါင်း ၃၇ ခုကို ကျူးလွန်ခဲ့ ပြီး အရပ်သားပြည်သူ ၂၈၃ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ (စက်တင်ဘာ ၂၀၂၃ – ဒီဇင်ဘာ ၂၀၂၃)

မြန်မာဘာသာဖြင့် – https://bit.ly/48KuQ64 အင်္ဂလိပ်ဘာသာဖြင့် – https://bit.ly/3IybKW0 ဖြတ်ရှုနိုင်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NLTA

Thanlwintimes

Recent Posts

ကမ်းနီအုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

ကော့ကရိတ်၊ မေ ၁၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အသက် ၄၀…

2 hours ago

အမေရိကန် လက်နက်မပို့လည်း ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်မယ်လို့ အစ္စရေး ကြွေးကြော်

ဂျေရုစလင်၊ မေ ၁၀ ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့ကို စီစဉ်ထားတဲ့အတိုင်း တိုက်ခိုက်မယ်ဆိုရင် လက်နက်ပို့ပေးတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ကိုယ့်အားကိုယ်ကိုး…

3 hours ago

တရုတ်က ဆိုးဆိုးရွားရွား သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင် ပြော

မနီလာ၊ မေ ၁၀ တောင်တရုတ်ပင်လယ်မှာ တင်းမာမှု လျှော့ချရေး ဖိလစ်ပိုင်ရေတပ် ဒုဗိုလ်ချုပ် တစ်ယောက်က တရုတ်နဲ့ သဘောတူထားကြောင်း ပြည်တွင်း သတင်းစာတစ်ခုက ဖော်ပြခဲ့ပြီးနောက် ဘေဂျင်းအစိုးရဟာ…

7 hours ago

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက…

8 hours ago

စလင်းမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံရတဲ့ အလောင်းနှစ်လောင်းတွေ့ရှိ

စလင်း၊ မေ ၉ မကွေးတိုင်း စလင်းမြို့နယ် ခင်ပလူကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။…

23 hours ago

စစ်အာဏာသိမ်း (၁၁၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၁၀ AAPP ရဲ့ မေ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၁၉၄) ရက်အတွင်း ပြည်သူ…

23 hours ago

This website uses cookies.