Categories: သတင်း

KNU နယ်မြေထဲ လက်နက်ကြီးကျလို့ အရပ်သား ၇ ဦး သေဆုံး

မုန်း၊ မတ် ၉

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဟာ KNU မုန်းမြို့ နယ်ရဲ့ ကျေးရွာတွေဖြစ်တဲ့ နှောင်ကုန်း၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ တမောမနဲ့ဘုရားလဟာကျေး ရွာထဲကို လက်နက်ကြီး ၃၆ ကြိမ်၊ ဒရုန်းနဲ့တစ်ကြိမ် ပစ်ခတ်ခဲ့တာပါ။

အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေထဲ စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် မောင်မင်းခန့်လွင်အပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး အသက် ၉ နှစ်အရွယ် မဇင်မာဖြူအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ် ၇ လုံးနဲ့ စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU မုန်းမြို့နယ်ထဲမှာ နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေး ရွာပေါင်း ၁၈ ရွာ၊ လူဦးရေ စုစုပေါင်း ၁၁၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအကျပ်အတည်းနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Thanlwintimes

Recent Posts

ဂျိုင်းမြစ်ဒေသစစ်ရှောင်တွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီ လိုက်လံစည်းရုံး ၊ ဒေသခံပြည်သူတွေ အယုံအကြည်မရှိ

ကျိုက်မရော ၊ ဧပြီ ၂၈ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်တောင်ဘက် ရမ္မာဝတီကားလမ်းပေါ်ရှိ ကော့ဘိန်း၊ ဓမ္မသနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေအနေနဲ့ မိမိတို့ ကျေး…

4 hours ago

မော်လမြိုင်မြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံဖမ်းဆီးမှုတွေရှိနေ

မော်လမြိုင် ၊ ဧပြီ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက် အသက်ပြည့်တဲ့လူငယ်တွေကို ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ စာရင်းတွေတောင်းယူပြီး လိုက် လံ ဖမ်းဆီးမှုတွေ…

4 hours ago

ဖာပွန်မြို့နယ် အလုံးစုံမကျရေး စစ်ကောင်စီတပ်ရင်းတွေ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေ

ဖာပွန်၊ ဧပြီ ၂၈ ကရင်ပြည်နယ် ဖာပွန်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၄၃၄ ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖာပွန်စစ်ဗျူဟာနဲ့…

4 hours ago

သထုံ သိမ်ဆိပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၄ ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၂၈ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းဟာ ဧပြီ ၂၇ ရက်နေ့ မနက် ၉ နာရီအ ချိန်ခန့်မှာ ဒရုန်းနဲ့…

4 hours ago

ဖာပွန်တိုက်ပွဲမှာ PDF အထူးကွန်မန်ဒိုတစ်ဦး ကျဆုံး

ဖာပွန်၊ဧပြီ ၂၇ ကရင်ပြည်နယ်၊ဖာပွန်တိုက်ပွဲတွေမှာ PDF အထူးကွန်မန်ဒိုတပ်ရင်း P29914 မှအထူးကွန်မန်ဒို တစ်ဦး ကျဆုံးခဲ့တယ်လို့ ရိုးမစစ်ကြောင်း - ၂  က ဒီနေ့ ဧပြီလ…

6 hours ago

ဘီးလင်းမှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့…

9 hours ago

This website uses cookies.