Categories: သတင်း

ဘီးလင်းမှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၂၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဘီးလင်းနဲ့သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်ရာကနေ မရမ်းကုန်းကျေးရွာထဲ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေဖြစ်တဲ့ စောမိုးသူနဲ့ တီးမောင်သိန်းမြင့်တို့မှာ ခြေထောက်နဲ့လက်တွေမှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုအတွင်း မရမ်းကုန်းကျေးရွာနေ ဖီးရှမ်းမ၊ နော်မိအေး၊ ယားမြသန်း၊ နော်အေးစိုးအပါအဝင် ဒေသခံပြည်သူ ၈ ဦးရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မရမ်းကုန်းကျေးရွာထဲကို ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၄ အမြောက်တပ်နဲ့ သထုံအခြေစိုက်အမှတ် ၉ ခြေမြန်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း သထုံမြို့နယ် မင်းလွင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံဦးရဲဝင်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Thanlwintimes

Recent Posts

စလင်းမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံရတဲ့ အလောင်းနှစ်လောင်းတွေ့ရှိ

စလင်း၊ မေ ၉ မကွေးတိုင်း စလင်းမြို့နယ် ခင်ပလူကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။…

11 hours ago

စစ်အာဏာသိမ်း (၁၁၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၁၀ AAPP ရဲ့ မေ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၁၉၄) ရက်အတွင်း ပြည်သူ…

11 hours ago

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက…

11 hours ago

ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန်လည်သတ်မှတ်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ဘန်ကောက်၊ မေ ၁၀ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က အခုနှစ်ကုန်ရင် ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန် လည်သတ်မှတ်သွားမယ်လို့ မေ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။…

11 hours ago

အပစ်ရပ် ၇ ဖွဲ့က နိုင်ငံရေးဆွေးနွေးမှု ကော်မတီအပါအဝင် ကော်မတီ ၆ ခု ဖွဲ့စည်း

မော်လမြိုင် ၊ မေ ၁၀ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့၊ ဦးဆောင်အဖွဲ့ အ စည်းအဝေးကနေ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းလိုက်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ…

12 hours ago

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး ဟွန်ဆန်တောင်းဆိုမှု စစ်ကောင်စီပယ်ချ

နေပြည်တော်၊ မေ ၁၀ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုကို စစ်ကောင်စီက မေ…

12 hours ago

This website uses cookies.