Categories: သတင်း

စလင်းမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံရတဲ့ အလောင်းနှစ်လောင်းတွေ့ရှိ

စလင်း၊ မေ ၉

မကွေးတိုင်း စလင်းမြို့နယ် ခင်ပလူကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က တပ်အင်အား ၁၅၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ပလူကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ခင်ပလူကျေးရွာတဝိုက်မှာ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒေသခံနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

“မီးရှို့ခံထားရတဲ့အလောင်းတွေက ပြည်သူလား ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလားတော့ မသိသေးဘူး။ အဲဒီနေ့မှာတင် ခင်ပလူရော ငလှိုင်တွင်းဘက်ကကော ဖမ်းဆီးခံရတာတွေရှိတယ်လို့တော့ သိရတယ်။ သေချာအတည်မပြုနိုင်သေးဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်ရောက်လာတဲ့နေ့မှာတင် ဒေသခံ ၇ ဦးကျော် ဖမ်းဆီးနှိပ်စက်ခံရပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း ရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ခင်ပလူဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စေတုတ္တရာနဲ့ စလင်းမြို့နယ်ကြားက နယ်နိမိတ်တွေမှာ လက်နက်ကြီးတွေ အထိုင်ချပြီး မေ ၉ ရက်နေ့လည်ပိုင်းအထိ ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၀၀၀ နီးပါး သေဆုံးထားတယ်လို့ မေ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Thanlwintimes

Recent Posts

ကျိုက်ထို၊ မုပ္ပလင်နဲ့ သိမ်ဇရပ်မှာ တိုက်ပွဲပြန်ဖြစ်နေ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတချို့ရှိ

ကျိုက်ထို၊ မေလ ၂၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ မုပ္ပလင်နဲ့သိမ်ဇရပ်မြို့အနီးတွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက မေ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ မေ…

49 mins ago

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

2 hours ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

2 hours ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

This website uses cookies.