Categories: သတင်း

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀

မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်အတွင်းမှာ ရော်ဘာခြံလုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလကနေ ဇွန်လအလယ်ထိ လုပ် ကိုင်ကြပေမယ့် ဒီနှစ်မှာတော့ အထွက်နှုန်း လျော့ကျလာတဲ့အတွက် ဧပြီနောက်ဆုံးအပတ်ကစပြီး ရော်ဘာခြံတွေ ပိတ်သိမ်းတာတွေ ရှိလာတာပါ။

ရော်ဘာခြံတွေဟာ အပူချိန်ကြောင့် ရော်ဘာအထွက်နှုန်း ကျဆင်းလာတာ၊ လုပ်သားစရိတ်တွေ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေအပြင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ဝင်ငွေနဲ့ထွက်ငွေမကိုက်လို့ ခြံပိတ်သိမ်းလာကြတာ ဖြစ်ပါတယ်။

“၃ ပုံ ပုံ ၂ ပုံ နီးပါးလောက် လျော့သွားတယ်။ ခြံရှင်တွေလည်း မကိုက်တော့ဘူးလေ။ မကိုက်တဲ့ ခြံတွေကတော့ နားလိုက်ပြီ။ ဒါပေမယ့် တချို့တွေကျတော့လည်း မကိုက်ပေမယ့်လည်း လုပ်သားကို ငဲညှာတဲ့ ခြံရှင်တွေကျန်မယ်။ နောက်ပြီးတော့ အထွက်နှုန်းကောင်းတဲ့ ခြံတွေကျန်မယ်။ အဲဒီလောက်ပဲ ကျန်တော့တယ်”လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရော်ဘာအထွက်နှုန်း ကျဆင်းမှုဟာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရာသီအစကတည်းက သွင်အားစုဓာတ်မြေသြဇာဈေးနှုန်း အဆမတန် ဈေးနှုန်းကြီးမြင့်မှုကြောင့် မထည့်နိုင်တော့တဲ့ အခြေအနေနဲ့လည်း အဓိကသက်ဆိုင်နေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကလည်း ရော်ဘာအထွက်နှုန်း ကျဆင်းမှုဟာ စီးပွားရေး တွက်ခြေမကိုက်တဲ့အထိ လျော့ကျလာပြီး ဈေးကွက်မှာလည်း ထိုက်သင့်တဲ့ ရော်ဘာဈေး မရနေဘူးလို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“အထွက်နှုန်းက ထက်ဝက်နီးပါးလောက် ပြန်လျော့တယ်လို့ ပြောရမယ်။ တွက်ခြေမကိုက်တဲ့အခါကျတော့ အစေးလှီး လုပ်သားနဲ့ ကျွန်တော်တို့ ခြံရှင်နဲ့ ခွက်ချိန်စနစ်နဲ့ သွားတဲ့အခါကျတော့ အစေးလှီးလုပ်သားက သူ့ရဲ့ ရရှိတဲ့နှုန်းက မကိုက်တဲ့အခါကျလို့ရှိရင် သူတို့မခြစ်တော့ဘဲနဲ့ နားလိုက်ရတဲ့ ခြံတွေလည်းရှိပါတယ်။ ရော်ဘာရောင်းချမှုနှုန်းက တော်တော်လေး နည်းလာတယ်။ နည်းလာပေမယ့်လည်း ဈေးနှုန်းက ထိုက်သင့်သလောက် မတက်လာသေးဘူးပေါ့”လို့ ဆိုပါတယ်။

ရော်ဘာဈေးကွက်ထဲမှာတော့ Local 3 မှိုင်းခံပြား တစ်ပေါင်ကို ကျပ် ၁၉၀၀ ဝန်းကျင် ရရှိနေပေမယ့် အထွက်နှုန်း သိသိသာသာ ကျဆင်းလာတာကြောင့် အရင်လို လာရောက်ရောင်းချတဲ့ တောင် သူတွေ မရှိသလောက် နည်းပါးလာတယ်လို့ ရော်ဘာအဝယ်ဒိုင်တွေထံက သိရပါတယ်။

လက်ရှိမှာတော့ ရော်ဘာတွေကို စက်ရုံတွေကတဆင့် တရုတ်နိုင်ငံက အဓိကဝယ်ယူမှုတွေ များနေပေမယ့် ထိုင်းနိုင်ငံဘက်ခြမ်းကတော့ အရင်လိုဝယ်ယူမှု မရှိတော့ဘဲ အနည်းငယ်လောက်သာ ဝယ် ယူမှုရှိတယ်လို့ ဆိုပါတယ်။

ရော်ဘာစိုက်ဧက ၅ သိန်းကျော် ပိုင်ဆိုင်ထားတဲ့ မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးစိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Thanlwintimes

Recent Posts

စစ်အာဏာသိမ်း (၁၂၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၅) ရက်အတွင်း ပြည်သူ (၅၁၀၇ )…

4 hours ago

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာလို့ မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မေ ၂၁ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြ ဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့အတွက် အခုနှစ်မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့…

4 hours ago

စစ်အာဏာရှင်တိုက်ဖျက်ရေး သုံးလတာခရီး မွန်ပြည်သစ်ပါတီ AD ဘာတွေရှင်းလင်းခဲ့လဲ

ရေး ၊ မေ ၂၁ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD အ နေနဲ့ သုံးလတာပြည့်မြောက်ချိန်မှာ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းအသီးသီးနဲ့ အွန်လိုင်းကနေ…

4 hours ago

ဖာပွန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဖာပွန်၊ မေ ၂၁ ကရင်ပြည်နယ် ဖာပွန်မြို့အနီး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့…

4 hours ago

သထုံခရိုင်မှာ အခုလအတွင်း စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံး ၂၂ ဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံခရိုင်ထဲကို အခုလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦး…

4 hours ago

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး…

9 hours ago

This website uses cookies.