Categories: သတင်း

အပစ်ရပ် ၇ ဖွဲ့က နိုင်ငံရေးဆွေးနွေးမှု ကော်မတီအပါအဝင် ကော်မတီ ၆ ခု ဖွဲ့စည်း

မော်လမြိုင် ၊ မေ ၁၀

အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့၊ ဦးဆောင်အဖွဲ့ အ စည်းအဝေးကနေ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းလိုက်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ပထမဆုံးအကြိမ်အဖြစ် မဟာမိတ်အဖွဲ့၊ ဦးဆောင်အဖွဲ့အစည်းအဝေးကို Video Conferencing နဲ့ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့လုပ်ငန်းတွေကို ကဏ္ဍခွဲပြီး လုပ်ကိုင်နိုင်ဖို့ လုပ်ငန်းကော်မတီ ၆ ခုကို ဖွဲ့စည်းခဲ့တာပါ။

အဲဒီထဲမှာ နိုင်ငံရေးဆွေးနွေးမှု ကော်မတီ၊ နိုင်ငံတကာရေးရာကော်မတီ၊ လုံခြုံရေးပြင်ဆင်မှုကော်မ တီ၊ အရပ်သားများ အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကော်မ တီ၊ ရန်ပုံငွေရှာဖွေရေးကော်မတီနဲ့ အမျိုးသမီးနဲ့ လူငယ်ရေးရာကော်မတီတို့ ပါဝင်ပါတယ်။

ဖွဲ့စည်းပုံအရ လုပ်ငန်းကော်မတီ ၆ ခုစလုံးဟာ အတွင်းရေးမှူးအဖွဲ့ရဲ့ ကြီးကြပ်လမ်းညွှန်မှုအောက်မှာပဲ လုပ်ငန်းတွေကို ဆောင်ရွက်ရမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က အခုလို ပြောပါတယ်။

“အဓိကတော့ ဖွဲ့စည်းပုံအရ ဒီကော်မတီ ၆ ခုစလုံးက အတွင်းရေးမှူးအဖွဲ့ရဲ့ ကြီးကြပ်လမ်းညွှန်မှုအောက်မှာပဲ လုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်တယ်။ ကော်မတီတစ်ခုကို ကျွန်တော်တို့က တစ်ဖွဲ့ကို တစ်ယောက်ပေါ့။ ၇ ယောက်နဲ့ စုဖွဲ့ထားတယ်။ အဲဒီ ၇ ယောက်ထဲမှာမှ ကျွန်တော်တို့က Coordinator (ညှိနှိုင်းရေးမှူး) တစ်ယောက်ကို ရွေးချယ်ပြီးတော့ တာဝန်ပေးအပ်ထားတာ ရှိပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

နိုင်ငံရေးဆွေးနွေးမှုကော်မတီနဲ့ ရန်ပုံငွေရှာဖွေရေးကော်မတီမှာတော့ ကိုယ်စားလှယ်စုဖွဲ့မှု မပြု လုပ်နိုင်သေးတဲ့အတွက် လောလောဆယ်မှာ အတွင်းရေးမှူးအဖွဲ့က တာဝန်ယူထားပြီး ကျန်ရှိတဲ့ ကော်မတီတွေကိုတော့ မဟာမိတ်အဖွဲ့က ကိုယ်စားလှယ် ၂၈ ဦးနဲ့ စုဖွဲ့ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အတွင်းရေးမှူးအဖွဲ့နဲ့ လုပ်ငန်းကော်မတီထဲမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကိုယ်စားလှယ်တွေ မပါဝင်နိုင်သေးပေမယ့် အစည်းအဝေးတွေမှာ အထူးဖိတ်ကြားသူအဖြစ် ပုံမှန်တက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

“ဒီကော်မတီတွေထဲမှာတော့ PNLO ကိုယ်စားလှယ်ကတော့ မပါသေးဘူး။့ သို့သော်လည်းပဲ ကျွန် တော်တို့လုပ်တဲ့ အစည်းအဝေးတိုင်းပေါ့။ အတွင်းရေးမှူးအစည်းအဝေးပဲ ဖြစ်ဖြစ်၊ ဦးဆောင်မှုကော်မတီအစည်းအဝေးပဲဖြစ်ဖြစ် PNLO လိုဂိုအနေနဲ့ တင်းပြည့်ကျပ်ပြည့်ကိုယ်စားလှယ် ပါဝင်နိုင်ဖို့ အခက်အခဲရှိနေသေးတဲ့အချိန်မှာ ကျွန်တော်တို့က အထူးဖိတ်ကြားသူအနေနဲ့ ပုံမှန်ဖိတ်ကြားတာရှိသလို ပုံမှန်လည်း တက်ရောက်မှု ရှိပါတယ်ခင်ဗျ”လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

အပစ်ရပ်မဟာမိတ်အဖွဲ့မှာတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပစ်ရပ်ထိုး EAO ၇ ဖွဲ့ ရဲ့ မျက်နှာစုံ ညီအစည်းအဝေးကနေ မဟာမိတ်အဖွဲ့ (7 EAO Alliance) ကို ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးကနေ ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကို စနစ်တကျ ဖော်ဆောင်နိုင်ဖို့ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-EAO Alliance

Thanlwintimes

Recent Posts

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။…

36 mins ago

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀…

57 mins ago

မွန်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

ရေး၊ မေ ၁၉ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက…

2 days ago

မွန်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်းအငှားဈေးကွက်ဖြစ်လာ

မော်လမြိုင်၊ မေ ၁၉ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရေးအတွက် ငွေကြေးနဲ့ငှားရမ်းပြီး စစ်မှုထမ်းဆောင်ခိုင်းတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့…

2 days ago

လူငယ်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင်၊ မေ ၁၉ လူငယ်တွေအနေနဲ့ အချင်းချင်း ညီညီညွတ်ညွတ် ကြိုးစားပြီး ဦးစီးဦးဆောင်မှုတွေမှာ အတူတကွ လုပ်ဆောင်ကြဖို့လိုသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးဖော်ထုတ်ပြသဖို့နဲ့ လေ့လာသင်ယူကြဖို့ KNU ကရင်အမျိုးသားအစည်းအရုံး…

2 days ago

ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA အပြီးသတ်သိမ်းယူ

ဘူးသီးတောင်၊ မေ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာဌာနချုပ်အပါအဝင် တပ်စခန်းအားလုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခုမကျန် သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA…

2 days ago

This website uses cookies.