Categories: သတင်း

မော်လမြိုင်မြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံဖမ်းဆီးမှုတွေရှိနေ

မော်လမြိုင် ၊ ဧပြီ ၂၇

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက် အသက်ပြည့်တဲ့လူငယ်တွေကို ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ စာရင်းတွေတောင်းယူပြီး လိုက် လံ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ညဘက်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ လှည့် ကင်းလှည့်လည်တာ၊ နေရာအနှံ့စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ပြီးနောက် စစ်မှုထမ်းစာရင်းပါရှိတဲ့ လူငယ်တွေကို ရုတ်တရက် ဖမ်းဆီးတာတွေ ရှိလာခဲ့တာပါ။

စစ်မှုထမ်းစာရင်းမှာ ပါဝင်တယ်ဆိုကာ ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ မော်လမြိုင်မြို့ပေါ် မွန်ယဉ်ကျေးမှုပြတိုက်အနီးရှိ စစ်သားစုဆောင်ရေးဌာနထံ ပို့ဆောင်ထားပြီး စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းနေတယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူငယ် ၃ ဦးကို လမ်းမှာ စစ်ကားနဲ့ခေါ်ဆောင် သွားပြီးနောက် စစ်သားစုဆောင်းရေးထဲ ပို့ဆောင်လိုက်သလို မိဘတွေမေးမြန်းတဲ့အခါမှာတော့ အုပ်ချုပ်ရေးမှူးရဲ့ စစ်မှုထမ်းစာရင်းအရ ခေါ်ဆောင်တာ ဖြစ်တယ်လို့ ပြောပြပါတယ်။

“တောင်ရိုးတန်းရပ်ကွက်မှာ မူဆလင် ချာတိတ်လေး ၂ ယောက်နဲ့ ဟိန္ဒူ ၁ ယောက် ရေခဲစက်ကနေ ထမင်းစားပြီး ပြန်လာတယ်။ ပြန်လာတော့ အဲဒီမှာစစ်ကားတစ်စီးက ရောက်လာပြီးတော့ ဒီကောင်တွေကို ခေါ်သွားတယ်။ နောက်ကျမှ ပြန်အဆက်အသွယ်ရတယ်။ စစ်သားစုဆောင်းရေးထဲ ရောက်နေပြီတဲ့။ ဒီကသူတို့ရဲ့ မိဘတွေက ပိုက်ဆံနဲ့လိုက်တော့ သူတို့ဘာပြောလဲဆိုတော့ သူတို့အုပ်ချုပ်ရေးမှူးရုံးမှာတဲ့။ ဒါတောင်းထားတာတဲ့ စစ်မှုထမ်းဖို့အတွက်ပေါ့။ ဒီဓာတ်ပုံ ဒီဓာတ်ပုံတွေက ခေါ်လို့ရတယ်ဆိုပြီး သူတို့ခေါ်သွားတာ။ အုပ်ချုပ်ရေးမှူးရဲ့ ဓာတ်ပုံညွှန်ကြားချက်အရ ခေါ်တာဆိုပြီးတော့ အုပ်ချုပ်ရေးမှူးကို မြားဦးလှည့်လိုက်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်တာတွေ မလုပ်ဆောင်တော့ဘဲ ညဘက်တွေမှာ လမ်းထွက်တဲ့ လူ ငယ်တွေကို အမှတ်မထင်ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာတာပါ။

နောက်ထပ်မြို့ခံတစ်ဦးကလည်း စစ်ကောင်စီဘက်က ညဘက်တွေမှာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးမှာ သူတို့လိုချင်တဲ့ ငွေပမာဏနဲ့ ပြန်ရွေးခိုင်းနေတာကြောင့် ည ၉ နာရီနောက် ပိုင်း လူသွားလူလာ မရှိသလောက် နည်းပါးသွားပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အမှန်တကယ်က အဲဒီလိုပဲညကျရင် ၁၀ နာရီလောက်ဆိုရင် သူတို့လူပြတ်တဲ့နေရာတွေမှာ စောင့်တယ်။ မိရင် အဲဒီလိုခေါ်သွားတယ်။ ခေါ်သွားပြီး မနက်ကျရင် စစ်သားစုဆောင်းရေးမှာ သူတို့တောင်းတဲ့ ငွေအမောင့်ရရင်တော့ အဲဒီအကြောင်းပြချက် မထွက်ဘူး။ သူတို့တောင်းတဲ့ ငွေမရဘူးဆိုရင် သူတို့ကဘာပြောလဲဆိုတော့ ဒီဓာတ်ပုံအရ ဒီလိုစာရင်းအရ သူတို့ဖမ်းရတယ်ဆိုပြီးတော့ အကြောင်းပြတာ။ အခု ည ၉ နာရီလောက်ဆိုရင် လူပျောက်ပြီး၊ လူတွေ ပြတ်တာ။ လူတွေက လက်ဖက်ရည်ဆိုင်ထိုင်ရင် ဝင်ဆွဲမှာကြောက်တယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်း အပတ် စဉ် ၂ အတွက် သင်တန်းသားစာရင်း ကြိုတင်ကောက်ယူနိုင်ရေး သက်ဆိုင်ရာခရိုင်တွေအနေနဲ့ စနစ်တကျကြပ်မတ်ဖို့ လျှို့ဝှက်ညွှန်ကြားထားတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေး အဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်း အပတ်စဉ် ၁ မှာ နိုင်ငံတဝန်းက လူငယ် ၄၃၀၀ ကျော်ကို စစ်သားစုဆောင်ခံရပြီး သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ထားတယ်လို့ ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ သံဖြူဇရပ် မြို့နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော်တန်းမြင့်သင် တန်းကျောင်းမှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ သင်တန်းသား အယောက် ၂၀၀ ကျော် ရှိတယ်လို့ BACS ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Thanlwintimes

Recent Posts

တရုတ်က ဆိုးဆိုးရွားရွား သြဇာလွှမ်မိုးဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင် ပြော

မနီလာ၊ မေ ၁၀ တောင်တရုတ်ပင်လယ်မှာ တင်းမာမှု လျှော့ချရေး ဖိလစ်ပိုင်ရေတပ် ဒုဗိုလ်ချုပ် တစ်ယောက်က တရုတ်နဲ့ သဘောတူထားကြောင်း ပြည်တွင်း သတင်းစာတစ်ခုက ဖော်ပြခဲ့ပြီးနောက် ဘေဂျင်းအစိုးရဟာ…

3 hours ago

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက…

4 hours ago

စလင်းမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံရတဲ့ အလောင်းနှစ်လောင်းတွေ့ရှိ

စလင်း၊ မေ ၉ မကွေးတိုင်း စလင်းမြို့နယ် ခင်ပလူကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။…

19 hours ago

စစ်အာဏာသိမ်း (၁၁၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၁၀ AAPP ရဲ့ မေ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၁၉၄) ရက်အတွင်း ပြည်သူ…

19 hours ago

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက…

19 hours ago

ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန်လည်သတ်မှတ်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ဘန်ကောက်၊ မေ ၁၀ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က အခုနှစ်ကုန်ရင် ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် ပြန် လည်သတ်မှတ်သွားမယ်လို့ မေ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။…

19 hours ago

This website uses cookies.