အမေရိကန် လက်နက်မပို့လည်း ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်မယ်လို့ အစ္စရေး ကြွေးကြော်

ဂျေရုစလင်၊ မေ ၁၀

ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့ကို စီစဉ်ထားတဲ့အတိုင်း တိုက်ခိုက်မယ်ဆိုရင် လက်နက်ပို့ပေးတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်သွားဖို့ အသင့်ရှိနေတယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက မေ ၉ ရက်နေ့မှာ ပြောကြားပါတယ်။

ဟားမာ့စ် တိုက်ခိုက်ရေးသမား အများအပြားနဲ့ ဓားစာခံတွေ ရှိနေတယ်လို့ဆိုတဲ့ ရာဖာမြို့ကို အစ္စရေးက တိုက်ခိုက်ဖို့ စီစဉ်ထားတာ ကြာပြီလည်း ဖြစ်ပါတယ်။

တိုက်ခိုက်ရေးသမား မဟုတ်သူတွေအတွက် ဘေးကင်းရာ လမ်းကြောင်း ဖန်တီးမပေးဘဲ ရာဖာကို တိုက်ခိုက်မယ်ဆိုရင် အစ္စရေးကို ဆက်လက်ကူညီတော့မှာ မဟုတ်ဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်။

ကျွန်တော်တို့ တစ်နိုင်ငံတည်း ရပ်တည်ရမယ်ဆိုရင် တစ်နိုင်ငံတည်း ရပ်တည်သွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက အမေရိကန်ရဲ့ ကြေညာချက်ကို ရည်ညွှန်းမှုမရှိဘဲ ပြောကြားပါတယ်။

တကယ်လို့ လက်နက်တွေမရှိလို့ လက်သည်းတွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင်လည်း မိမိတို့ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြား ပါတယ်။

အစ္စရေးနဲ့ ဟားမာ့စ်ကြား အပစ်ရပ်ရေး ကိုင်ရိုမြို့မှာ နောက်ဆုံး ဆွေးနွေးမှုတွေဟာ မေ ၉ ရက်နေ့မှာ သဘောတူညီမှုမရဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရာဖာမြို့ကို တိုက်ခိုက်ရေးနဲ့ အခြားစီစဉ်ထားတဲ့ စစ်ဆင်ရေးတွေအတွက် မိမိတို့ စစ်တပ်မှာ လက်နက် အလုံအလောက်ရှိတယ်လို့ ပြောကြားပါတယ်။

နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ကြားဝင် ညှိနှိုင်းပေးနေပေမယ့် သဘောတူညီမှု ရဖို့ ခက်ခဲနေပါတယ်။

Ref:Reuters

Thanlwintimes

Recent Posts

စစ်အာဏာသိမ်း (၁၂၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၅) ရက်အတွင်း ပြည်သူ (၅၁၀၇ )…

4 hours ago

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာလို့ မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မေ ၂၁ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြ ဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့အတွက် အခုနှစ်မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့…

5 hours ago

စစ်အာဏာရှင်တိုက်ဖျက်ရေး သုံးလတာခရီး မွန်ပြည်သစ်ပါတီ AD ဘာတွေရှင်းလင်းခဲ့လဲ

ရေး ၊ မေ ၂၁ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD အ နေနဲ့ သုံးလတာပြည့်မြောက်ချိန်မှာ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းအသီးသီးနဲ့ အွန်လိုင်းကနေ…

5 hours ago

ဖာပွန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဖာပွန်၊ မေ ၂၁ ကရင်ပြည်နယ် ဖာပွန်မြို့အနီး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့…

5 hours ago

သထုံခရိုင်မှာ အခုလအတွင်း စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံး ၂၂ ဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံခရိုင်ထဲကို အခုလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦး…

5 hours ago

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး…

10 hours ago

This website uses cookies.